သင်္ကြန်မှာ အမိုက်စား ဆံပင်စတိုင်လေးနဲ့ လန်းမယ့် ပရိသတ်အချစ်တော် ဖွေးဖွေး

ထပ်ဆင့် အကယ်ဒမီ မင်းသမီးတစ်ယောက်ဖြစ်တဲ့ဖွေးဖွေးကတော့ ပရိသတ်တွေတိုင်းရဲ့ အားပေးမှုကို ရရှိထားတဲ့ မင်းသမီးတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေ ဆွတ်ခူးထားတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာဖြစ်ပါတယ်။ ပရိသတ် အချစ်တော်ဖွေးဖွေးကတော့ ဒီနှစ်သင်္ကြန်မှာလည်း အပြတ်လန်းမယ့် ပုံရိပ်လေးတွေကို ပရိသတ်တွေကို မျှဝေပေးထားတာဖြစ်ပါတယ်။

ဖွေးဖွေးကတော့ “ဒီလိုချိန်ဆို ဖွေးသင်္ကြန်ထွက်ဖြစ်ဖြစ် မဖြစ်ဖြစ် နှစ်သစ်မှာ အမြဲ ဆံပင်အသစ်ပြောင်းရမှ….နေသာထိုင်သာရှိသွားရော..” လို့ရေးထားပြီး ဓါတ်ပုံတွေကို တင်ပေးထားတာဖြစ်ပါတယ်။

သင်္ကြန်အတွက် အလန်းစား ဆံပင်အသစ်လေးပြောင်းထားတဲ့ ဖွေးဖွေးရဲ့ ပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Phway Phway

SHARE