စမတ်ကျကျနဲ့ ကြည့်မဝအောင်လှလွန်းနေတဲ့ ဖွေးဖွေး

ရုပ်ရှင်ဇာတ်ကားကြီးတွေကို မနားတမ်းရိုက်ကူးနေရတဲ့ မင်းသမီးချောလေး ဖွေးဖွေးကတော့ ပရိသတ်တွေတိုင်းရဲ့ အချစ်တွေ၊အားပေးမှုတွေကို ရရှိထားတဲ့ မင်းသမီးလေးတစ်ယောက်ဖြစ်ပါတယ်။ သူမကတော့ လတ်တလောမှာ ရုံတင်နေတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ကာဗွန်ဒိုင်အောက်ဆိုဒ်” ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဖွေးဖွေးကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ရုံတင်ပြသတဲ့ ပထမဆုံးနေ့မှာလည်း  အလှဆုံးဝတ်ဆင်ပြီး ပရိသတ်တွေနဲ့ တွေဆုံခဲ့ပါသေးတယ်။ဖွေးဖွေးကတော့ ပန်းရောင်ဝတ်စုံလေးနဲ့ အရမ်းကို လိုက်ဖက်ပြီး စမတ်ကျကျလှလွန်းနေပါတယ်။ အင်တာနက်ပရိသတ်တွေကြားမှာလည်း ပန်းရောင် ဝမ်းဆက်နဲ့ ထိထိမိမိမိုက်လွန်းနေတဲ့ ဖွေးဖွေးရဲ့ ဓါတ်ပုံတွေက ပျံ့နှံ့နေပါတယ်။

ဖွေးဖွေးကတော့ လတ်တလောမှာ “ကာဗွန်ဒိုင်အောက်ဆိုဒ်” အဖွဲ့သားတွေနဲ့အတူ မန္တလေးမြို့ကို ရောက်ရှိနေတာဖြစ်ပါတယ်။ ဖွေးဖွေးကို ချစ်ကြတဲ့ ပရိသတ်တွေအတွက် ဖွေးဖွေးရဲ့ ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။

Source: Nay Min Tun

SHARE