V-Day မှာ ဘာမှမလုပ်ပေးနိုင်လို့ ချစ်သူကို တောင်းပန်လိုက်တဲ့ ဖြိုးလေး

Image:Fb/Phyo Lay

သရုပ်ဆောင်လောကမှာတော့ မင်းသမီးနဲ့ အဆိုတော် ဆယ်လီစုံတွဲ တွေ အများကြီးရှိပါတယ်။  ၀ါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ စုံတွဲ ကလည်း အဲ့ဒီအထဲက တစ်တွဲ အပါအ၀င်ပါ။အမြဲတမ်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ ကြည်နူးစရာ အချစ်ရေး ကို ပိုင်ဆိုင်ထားပြီး အရမ်းလိုက်ဖက်တဲ့ အတွဲ လေးပါ။တွဲလာတဲ့ ချစ်သူ သက်တမ်းကတော့ အခုဆိုရင်တော့ ချစ်သူသက်တမ်းက လေးနှစ် ကျော် ခဲ့ပါပြီ။

Image:Fb/Phyo Layy
Image:Fb/Phyo Layy

ဒီနှစ် ချစ်သူများနေ့မှာတော့ ချစ်သူလေး ၀ါဆို အတွက် ကြီးကြီးမားမား အစီအစဉ် တွေ လုပ် မပေးနိုင်တဲ့ အတွက် ဖြိုးလေးက သူ့ရဲ့ အကောင့်မှာတင်ထားပါတယ်။V-Day မှာ အလုပ်တွေ လိုက်လုပ်ပေးရမှာမို့  စိတ်ကောက် နေတဲ့ ချစ်သူ ကို ဖြိုးလေးကတော့ သူ့ရဲ့ အကောင့်မှာ အခုလို တောင်းပန်ခဲ့ပါတယ်။

Image:Fb/Phyo Layy
Image:Fb/Phyo Layy

🎵🎶🎶နေ့ရက်တိုင်းဟာ Valentines နှစ်ပါတ်လည်တွေ ရေတွက်လို့ 🖤 🎼🎶🎵

V-Day ကြီးမှာ အလုပ်တွေ လိုက်လုပ်ပေးရမှာမလို့ စိတ်ဆိုးနေတဲ့ ကောင်မလေး ဒီနှစ်တော့ ဘာမှ မလုပ်ပေးနိုင်လို့ ခွင့်လွှတ်ပါ

READ
တမူထူးခြားတဲ့ ဒီဇိုင်းနဲ့ ညှို့အားပြင်းနေတဲ့ မထက်

I love you 😘😘😘….’ဆိုပြီး တင်ထားပါတယ်။

Image:Fb/Phyo Layy

ဒီနှစ်မှာတော့ ဘန်နီဖြိုးရဲ့ ဖျော်ဖြေ ပွဲ DREAMWORLD 2020  ဆိုတဲ့  ဖျော်ဖြေပွဲ ကျင်းပ မှာပါ။D20 ပွဲကိုတော့ ဖေဖော်ဝါရီ (၁၄) နဲ့ (၁၅) နှစ်ရက်လုံးမှာ ကျင်းပမှာပါ။သူငယ်ချင်းညီလေး ဘန်နီရဲ့ ပွဲအတွက် ဖြိုးလေး တစ်ယောက် အလုပ် များနေပုံရပါတယ်။

Image:Fb/Phyo Lay

Source:Fb/Phyo Layy

SHARE