ချစ်သူ ၀ါဆိုမိုးဦးကို စကားလှလှလေးနဲ့ ချုပ်လိုက်တဲ့ ဖြိုးလေး

နာမည်ကြီးဆယ်လီစုံတွဲတွေထဲမှာ ၀ါဆိုမိုးဦးနဲ့ ဖြိုးလေးတို့ စုံတွဲကလည်း တစ်တွဲအပါအ၀င်ပါ။ အမြဲတမ်း ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ လက်တွဲလာခဲ့တာလည်း အခုဆိုရင် ချစ်သူသက်တမ်းက နှစ်နှစ်ကျော်ခဲ့ပါပြီ။

တွဲလာတဲ့ ချစ်သူသက်တမ်းကလည်း အချိန်တစ်ခုကို ဖြတ်ကျော်ခဲ့ပြီဖြစ်တာကြောင့် စိတ်ဆိုးစိတ်ကောက်ကြတဲ့ Post တွေကိုလည်း အရင်ကလောက် တင်တာမတွေ့ရတော့ဘူး။ ချစ်သူသက်တမ်း နှစ်ပတ်လည်နေ့တုန်းကဆိုရင် ၀ါဆိုမိုး ဦးကို ဖြိုးလေးက လော့ကတ်သီးလေး လက်ဆောင်ပေးပြီး၊ ၀ါဆိုကတော့ ဖိနပ်တွေကြိုက်တဲ့ ချစ်သူဖြိုးလေးကို ဖိနပ်လက်ဆောင် ပေးခဲ့ပါတယ်။

ဖေဖော်ဝါရီ (၁၄) ချစ်သူများနေ့မှာတော့ ဖြိုးလေးက သူ့ချစ်သူ အချောလေး ၀ါဆိုမိုးဦးကို စကားလှလှလေး နဲ့ ချုပ်လိုက်ပါတယ်။”ကျနော်နဲ့ သူမ အတွက်တော့ နေ့တိုင်းဟာ Valentines’s Day ပါဘဲ 😘🖤…” ဆိုပြီး ၀ါဆိုမိုးဦး အကောင့်ကို With လုပ်ပြီး တင်ထားပါတယ်။

ဒီ Post ရဲ့ အောက်မှာတော့ ၀ါဆိုမိုးဦးက “ချုပ်ပြီလို့ ..” ဆိုပြီး အသည်းပုံ emoji လေးနဲ့ ၀င်မန့်ထားခဲ့ပါတယ်။ G fatt ကတော့ “ချပြကုန်ပြီ ဟေးးး ..” ဆိုပြီး မန့်ထားလို့ ဖြိုးလေးက ပြန်ပြီး “ညေးလဲ လုပ်လိုက်တော့ …” ဆိုပြီး Reply ပြန် ခဲ့ပါတယ်။

  

READ
Fan တွေကို ကြွေပြီးရင်း ကြွေအောင် လုပ်လိုက်တဲ့ Park Bogum

from ဖြိုးလေးနဲ့ ၀ါဆိုမိုးဦးရဲ့ FB

SHARE