ပိုင်ဖြိုးသုနဲ့အတူ ကြော်ငြာရိုက်ကူးနေတဲ့ ဖြိုးမြတ်အောင်

မြန်မာအိုင်ဒေါ သီချင်းဆို ပြိုင်ပွဲကနေတစ်ဆင့် ပရိသတ်တွေရဲ့ အားပေးမှုတွေကို ရရှိလာတဲ့ သူတစ်ယောက်ဖြစ်ပြီး မြန်မာအိုင်ဒေါရဲ့ ဝင်နာ ဆုကြီးကို ရရှိထားသူတစ်ယောက်ဖြစ်တဲ့ အဆိုတော် ဖြိုးမြတ်အောင်ကတော့ အနုပညာအလုပ်တွေကို မအားတမ်း ဆောင်ရွက်နေရပြီဖြစ်ပါတယ်။ ဖြိုးမြတ်အောင်ကတော့ လတ်တလောမှာလည်း အကယ်ဒမီ မင်းသမီး ပိုင်ဖြိုးသုနဲ့အတူ ကြော်ငြာရိုက်ကူးလျက်ရှိပါတယ်။

ဖြိုးမြတ်အောင်နဲ့ ပိုင်ဖြိုးသုတို့ ပါဝင်သရုပ်ဆောင်နေတဲ့ ကြော်ငြာကိုတော့ ဒါရိုက်တာ ဇင်ရော်မောင်မောင်ကနေ ရိုက်ကူးပေးနေတာဖြစ်ပါတယ်။ ကြော်ငြာရိုက်ကူးနေတဲ့အကြောင်းကိုတော့ ဒါရိုက်တာ ဇင်ရော်မောင်မောင်က သူရဲ့ ဖေစ်ဘုတ်ပေါ်မှာ တင်ထားတာဖြစ်ပါတယ်။ အဆိုတော်ကြီး ဖြိုးမြတ်အောင်ကတော့ နာမည်ကျော် အနုပညာရှင်တွေကြားမှာ ကြိုးကြိုးစားစားနဲ့ သရုပ်ဆောင်နေတာ တွေ့ရမှာပါ။

ပိုင်ဖြိုးသုနဲ့ ဖြိုးမြတ်အောင်တို့ရဲ့ ကြော်ငြာရိုက်ကွင်းက ဓါတ်ပုံလေးတွေကို တင်ဆက်ပေးလိုက်ပါတယ်။ သူတို့ရဲ့ အနုပညာလှုပ်ရှားမှုတွေကိုလည်း အားပေးလိုက်ပါဦးနော်.. ပရိသတ်ကြီးရေ။

READ
Kim Sohye ရဲ့ ကျောင်းဆင်းပွဲသို့ လာရောက်ခဲ့တဲ့ Heechul (Super Junior)

Source: Zin Yaw Mg Mg

SHARE