စင်တင်မူပိုင်ခွင့် ကိစ္စကို (၅၄)သိန်းကျော် ပေးပြီး ဖြေရှင်းလိုက်ရတဲ့ ဖြိုးမြတ်အောင်

Image:Fb/Phyo Myat Aung & ဂီတအစည်းအရုံး - ဟင်္သာတမြို့နယ်

ဖြိုးမြတ်အောင်ကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲကနေ ပရိသတ်ကြားမှာ လူသိများ ထင်ရှားခဲ့သူပါ။Myan mar Idol Season 3 ရဲ့ Winner ပါ။ပြိုင်ပွဲဝင် စင် ကာလ တည်းက ပရိသတ် အားပေးမှု အခိုင်အမာ ရလာ ခဲ့တာ ဒီနေ့ အထိပါ။ဖြိုးမြတ် အောင် က ပြိုင်ပွဲဝင်ခဲ့တုန်းက သီဆိုယှဉ်ပြိုင်ခဲ့တဲ့ သီချင်း တွေ  ကို  ဆုရ ပြီးနောက် ပိုင်း  စီးပွားဖြစ် စတင် ပွဲတွေ မှာ သီဆိုခဲ့တာကြောင့် မူပိုင်ခွင့် ပြဿနာနဲ့ ကြုံ ခဲ့ရပါတယ်။

Image:Fb/Phyo Myat Aung

လက်ရှိမှာတော့ စင်တင်မူပိုခွင့် ပြဿနာကို မူပိုင်ကြေး ပေးပြီး ပြန်ပြေ လည်အောင် ဖြေရှင်းပြီးသွားပါပြီ။ဒီ အကြောင်း နဲ့ ပတ်သက်ပြီး ဂီတအစည်းအရုံး – ဟင်္သာတမြို့နယ် ရဲ့ Fb စာမျက်နှာ ပေါ်မှာ  တရားဝင် အသိ ပေး ကြေညာ ချက် တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ဖြိုးမြတ် အောင်က ထူးအိမ်သင်ရဲ့ ရာဇ၀င်များရဲ့ သတို့ သမီး သီချင်းကို (၃)ကြိမ်၊ဇ၀ါ ရဲ့ အကြည့်သီချင်းကို (၅)ကြိမ်၊အနိုင်နဲ့ ပိုင်းသီချင်းကို (၃)ကြိမ်၊ရယ်ဂျီရဲ့ ကြိုနှင့်တော့ သီချင်းကို (၄)ကြိမ်  ကို ကြိုတင် ခွင့်ပြုချက် တောင်းခံခြင်းမရှိပဲ စီးပွားဖြစ် သီဆိုဖျော်ဖြေခဲ့ပါတယ်။

READ
ဝါဆိုမိုးဦးရဲ့ အမိုက်စား ကြော်ငြာပုံရိပ်များ
Image:Fb/Phyo Myat Aung

ပရိသတ်တွေက ပြိုင်ပွဲဝင်ထားတဲ့ သီချင်းတွေ အပေါ် တောင်းဆို လာတဲ့ အတွက် ဖြိုးမြတ်အောင်က ပရိသတ် အလိုကို လိုက်ပြီး သီချင်းတွေကို သီဆို ဖျော် ဖြေ ပေးခဲ့ပုံရပါတယ်။ဒါပေမယ့် မူရင်းပိုင်ရှင်ကို ကြို တင်ခွင့်ပြု ချက် တောင်း ခံတာမျိုးမရှိတဲ့ အတွက် အခုလို မျိုး မူပိုင်ခွင့် ပြဿနာ တွေ ပေါ် ပေါက်ခဲ့ရတာပါ။

Image:Fb/Phyo Myat Aung

စင်တင်မူပိုင်ခွင့် ပြဿနာ ပေါ် လာချိန်မှာတော့ မြန်မာနိုင်ငံဂီ တ အစည်းအရုံးက နေ ဒါနဲ့ ပတ်သက်ပြီး ကြားဝင် ညှိနှိုင်းစေ့စပ် ဖြေရှင်းပေးခဲ့ပါတယ်။မြန်မာနိုင်ငံ တေးသံရှင် မူပိုင်ရှင်များ အသင်းရဲ့ သတ်မှတ်ထားတဲ့ မူပိုင် ကြေး တွေ ကို  ပေးအပ်ခဲ့ပါတယ်။(၅၄)သိန်း (၈)သောင်းကို ပေးအပ်ခဲ့ပါတယ်။ဖြိုးမြတ်အောင်ကတော့ ကိုယ်ပိုင် အယ်ဘမ် နဲ့ သီချင်းသစ်တွေ ကိုလည်း ထွက်ရှိထားပြီး သူ့ရဲ့ သီချင်းသစ်တွေကိုလည်း ပရိသတ်က လက်ခံ အားပေးခဲ့ တာကိုလည်း တွေ့ရပါတယ်။

Image:Fb/Phyo Myat Aung
Image:fb/ဂီတအစည်းအရုံး – ဟင်္သာတမြို့နယ်

Source:Fb/ဂီတအစည်းအရုံး – ဟင်္သာတမြို့နယ်

SHARE