အောင်ရဲထွေး ကွယ်လွန်မှုအတွက် ဝမ်းနည်းစကားဆိုခဲ့တဲ့ ဖြိုးငွေစိုး

ဟာသဗီဒီယိုလေးတွေနဲ့ ပရိသတ်တွေ ပျော်အောင် လုပ်တတ်တဲ့ အောင်ရဲထွေး တစ်ယောက် ကွယ်လွန်ပြီဆိုတဲ့ သတင်းဟာ ယနေ့ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့ခဲ့ပါတယ်။ နေ့လည် လောက်ထဲက ပြန့်နှံ့ခဲ့ပြီး ပရိသတ်တွေကတော့ နောက်ပြောင် နေတယ်ပဲ အစက ထင်ခဲ့ကြပါတယ်။ တကယ်ဖြစ်ခဲ့ကြောင်း သိတဲ့အခါမှာတော့ ပရိသတ်တွေ ယူကြုံးမရဖြစ်ခဲ့ရပါတယ်။ ပရိသတ်တွေတင်မကပဲ နာမည်ကြီး အနုပညာရှင်များစွာလည်း စိတ်မကောင်းဖြစ်ခဲ့ရပါတယ်။

အောင်ရဲထွေး ကွယ်လွန်မှုနဲ့ ပတ်သက်ပြီး သရုပ်ဆောင် ဖြိုးငွေစိုးကလည်း “အောင်ရဲထွေးမင်းနဲ့ငါနဲ့လူတွေရယ်မော
ပျော်ရွှင်အောင်လုပ်ကြမယ်ဆို……အခုငါတို့အားလုံးဝမ်းနည်းကြေကွဲနေရပြီကွဟာ အကိုကလဲ ဒိုးခ ပါဘဲလို့ ပြောလေကွာ ဟေ့ကောင် ….”ဆိုပြီး Facebookမှာ ဝမ်းနည်းစွာ တင်ထားတာကို တွေ့ခဲ့ရပါတယ်။ 

အောင်ရဲထွေးနဲ့ဖြိုးငွေစိုးဟာ အရင်ကလည်း ဟာသဗီဒီယိုလေးတွေ တစ်ခါတစ်ရံ အတူတူသရုပ်ဆောင်ပြီး ပရိသတ်ကို ဖျော်ဖြေခဲ့ကြတာ ဖြစ်ပါတယ်။ သူတို့ ၂ယောက် သရုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုတော့ အောက်မှာ ပြန်လည် ဖော်ပြ ပေးလိုက်ပါတယ်။

https://www.facebook.com/yellhtweaung/videos/1686692654688930/

 

https://www.facebook.com/yellhtweaung/videos/1655270731164456/

 

Source: facebook

SHARE