မြန်မာပြည်ရဲ့ ဟိုယွန်မီဆိုပြီး နာမည်ကြီးနေတဲ့ ဖြိုးသံသာချို

Image from Phyo Thanthar Cho's fb

မျက်လုံးမှာ အလွမ်း နှုတ်ခမ်းမှာ မာန ဆိုတဲ့ ဇာတ်လမ်းတွဲလေးကတော့ ပရိသတ်တွေကြားမှာ အရမ်းကို နာမည်ကြီး နေပါတယ်။ဇာတ်လမ်းကို အခုထိ ပရိသတ်စိတ်ဝင်စားမှု လုံးဝ လျော့ မသွားအောင် ဇာတ်ကားထဲမှာ ပါဝင် တဲ့ သရုပ်ေ ဆာင် တွေက သူ့နေရာနဲ့ သူ တာဝန်ကျေအောင် သရုပ်ဆောင်ပေးသွားနိုင်တာကိုလည်း တွေ့ရပါတယ်။ဖြိုးသံသာချို ကတော့ ဒီဇာတ်ကားထဲမှာ ၀တ်ရည်ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ထားပါတယ်။သူမရဲ့ ပီပြင် လွန်းတဲ့ ဗီလိန်သရုပ်ဆောင်ကွက်တွေ ကြောင့် ပရိသတ်တွေက ဆဲဆိုတာတွေ အများကြီးကိုလဲ ခံခဲ့ရပါတယ်။ဇာတ်ကား တိုင်း လိုလို မှာလည်း ဗီလိန်နေရာကနေ ပါဝင်နေရတဲ့ သူမက ပရိသတ်တွေ ဆီက အချစ်ကို တခါတလေလေး တော့ ရဖူး ချင်တဲ့ အကြောင်း အခုလို ရင်ဖွင့်လာပါတယ်။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

“comment တွေဖတ်ပြီးအားရလိုက်တာ😂😂
မင်းသားနဲ့မင်းသမီးကိုလူတွေဝိုင်းပြီးချစ်ကြဖို့အတွက် ကိုယ်တွေကဗီလိန်လုပ်ပြီး ပရိတ်သက်တွေမုန်းတာခံရတဲ့ဘဝ so sad😢😢😢 တစ်ခါတစ်လေလေး ပရိတ်သက်တွေချစ်တာခံဖူးချင်လိုက်တာ😰……………..” ဆိုပြီး သူမရဲ့ အကောင့်မှာ ရင်ဖွင့်ထားပါတယ်။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

ဒါ့အပြင် ဇာတ်ကားရိုက်ကွင်းကပုံလေးတွေကို  ..” တကယ်တော့ ဝတ်ရည်ရဲ့ရင်ထဲမှာ အောင် တစ်ယောက် ထဲရှိတာပါ…😊😊😍😍..” ဆိုပြီးတော့လည်း Post တင်ထားပါတယ်။Post အောက်မှာတော့ သူတို့ အနုပညာ မောင် နှ မ အချင်းချင်းစနောက် ကျီစယ်ထားတာကိုလည်း တွေ့ရပါတယ်။

READ
ထိုင်းမှာ အပြတ်လန်းနေတဲ့ လွှမ်းပိုင် နဲ့ Bobby soxer တို့စုံတွဲ
Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

 

Image from Phyo Thanthar Cho’s fb

သူမဟာ အရင်ကလည်း မိုးကောင်းကင်အိပ်မက် ဆိုတဲ့ဇာတ်ကားမှာ ဂျမ်းပုံဆိုတဲ့ ဗီလိန်ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့သူပါ။တစ်ချိန်တုန်းက အရမ်းကို နာမည်ကြီးခဲ့တဲ့ “ဆည်းဆာ ရင်ခုန်သံ ” ဇာတ်ကားထဲက ဟိုယွန်မီ ဆိုတဲ့ ဇာတ်ကောင်လိုပဲ ဗီလိန်နေရာမှာ သရုပ်ဆောင် ပီပြင်လွန်းသူလေး မို့ ပရိသတ် တစ် ချို့ ကတော့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်ချက်ကြော င့် သူမကိုမြန်မာပြည်ရဲ့ ဟိုယွန်မီ လို့ တောင်  တင်စားနေကြ ပါတယ်။

Image from Phyo Thanthar Cho’s fb
Image from Phyo Thanthar Cho’s fb

Source ဖြိုးသံသာချို

SHARE