ရွာကို သိန်း(၅၀)နဲ့ အိမ်ခြေ(၄၅)အိမ် အတွက် လိုအပ်တာ တွေ လှူခဲ့တဲ့ ဖြူဖြူ ထွေး

Image:Fb/Phyu Phyu Htwe

ဖြူဖြူ ထွေး ကတော့ Facebook ပေါ်မှာ  ဟာသဗီဒီယိုတွေ တင်ရင်း နဲ့ ပရိသတ်တွေ ကြားမှာ လူသိ များခဲ့သူပါ။ အစပိုင်းတုန်းက တော့ သူမရဲ့ အက ဗီဒီယိုဖိုင် တစ်ချို့ ကြောင့် ဝေဖန် ပြစ်တင် မှုတွေ နဲ့ ဆိုးဆိုးရွား ရွား ရင် ဆိုင် ခဲ့ရပါတယ်။သူမရဲ့ အနုပညာ ခရီးအစ မှာတော့ ဝေဖန် တိုက်ခိုက်မှုတွေ နဲ့ ကြုံခဲ့ရ ပေမယ့်လည်း ဒါ တွေ ကို ကြံ့ ကြံ့ ခံ ပြီး သူမ ဘက်ကလည်း လိုအပ်ချက်တွေ ကို ပြင်ဆင် ခဲ့ပါတယ်။အခုဆိုရင်တော့ သူမရဲ့ ရိုးသားဖြူ စင်တဲ့ စိတ် ကြောင့် ပရိသတ် ချစ်ခင် အားပေးမှုကို ရ နေပါပြီ။

Image:Fb/Phyu Phyu Htwe

ဘ၀ မ မေ့ပဲ သူမရဲ့ ရွာ အတွက်လည်း တက်နိုင်သမျှ ကြိုးစားပေးနေသူပါ။အသက် ငယ်ငယ်လေး နဲ့ မိဘ အတွက် ရော သူမရဲ့ ရပ်ရွာ အတွက်ကိုပါ အကျိုးပြန်ပြု နိုင်တဲ့ တန်ဖိုးရှိလူ ငယ်တစ်ယောက် ဖြစ် နေပါပြီ။ဖြူဖြူ ထွေး က တော့ သူမရဲ့ အလှူ ဗီဒီယိုဖိုင် တစ်ခုကို Fb မှာ တင်ထားပါတယ်။အဲ့ဒီမှာ တော့ မီးမရ တဲ့ ရွာ အတွက် မီးရ အောင် ကူညီ ပေးမယ်ဆိုတဲ့ သူမရဲ့ ကတိ အတိုင်း ရပ်ရွာ မီးရရှိ ရေး အတွက်သိန်း ငါးဆယ် လှူဒါန်း ပေးခဲ့ပါတယ်။

READ
ဝေဖန်ခံနေရတဲ့ ပုံကိုမှ profile ပုံအဖြစ် ထားလိုက်တဲ့ စိုင်းစိုင်းခမ်းလှိုင်
Image:Fb/Phyu Phyu Htwe

ဒါတင်မက သေးပါဘူး။ရွာထဲမှာရှိတဲ့ အိမ် ထောင်စု (၄၅)စု အတွက် ဆန်တစ်တင်း၊ဆီတစ်ဘူးနဲ့ လိုအပ်တဲ့ ငွေ တွေ ကို လှူဒါန်း ပေးခဲ့ပါတယ်။ဆန်နဲ့ ဆီတွေ ဝေငှ ပေးနေတဲ့ သူမရဲ့ အိမ် အထိ လာယူဖို့ အဆင် မပြေ တဲ့ သက်ကြီး ရွယ် အိုနဲ့ ကျန်းမာရေး မ ကောင်းသူတွေ အတွက် တော့ ကိုယ်တိုင် အိမ် တိုင် ရာ ရောက် လိုက်လံ ပို့ ဆောင် ပေးခဲ့ ပါတယ်။သာဓု ခေါ် ချင်စရာ ကြည်နူးစရာ အလှူ ဗီဒီယိုဖိုင် လေးကို တော့ Shwemom ပရိသတ်တွေ လည်း မုဒိတာ ပွားနိုင်ဖို့ ဖော်ပြ ပေးလိုက်ပါတယ်။

ဖြူဖြူထွေးရဲ့ ရွာလေးကို လိုအပ်တာလေးဖြည့်စီပေးနိုင်ခဲပြီး ပြုသမျှ ကုသလကို (၇)ရက်သားသမီး များအားလုံး ရကြပါစေ🙏😍😍😍😍😍😍😍😍😍😍😍😍😍😍

Posted by Phyu Phyu Htwe on Thursday, May 21, 2020

Source :Fb/Phyu Phyu Htwe

SHARE