ရွာမှာ လုပ်မယ့် မွေးနေ့အလှူအတွက် ကိုယ်တိုင်ချက်ပြုတ် ပြင်ဆင်နေတဲ့ ဖြူဖြူထွေး

Image:Fb/Phyu Phyu Htwe

ဖြူဖြူ ထွေး ကတော့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဟာသဗီဒီယိုဖိုင်လေးတွေ၊ရှေးဟောင်းဇာတ်လမ်းအသံတွေကို အမူအယာတွေနဲ့ သရုပ်ဆောင်ရင်း နာမည်ကြီးလာခဲ့သူပါ။ကြည့်ရှုသူတွေ ပျော်ရွှင် ရယ်မော နိုင်အောင် စေတနာ၊ ၀ါသနာ နဲ့ ဗီဒီယိုဖိုင်လေးကို တင်ဖြစ်ခဲ့တာပါ။ဒီလိုနဲ့ပဲ တစ်စထက် တစ်စ နာမည်ကြီးလာခဲ့ပြီး အခုဆိုရင် ပရိသတ် ချစ်ခင် အားပေးမှုကို အပြည့် အ၀ ရထားတဲ့ ဆယ်လီ တစ်ယောက် ဖြစ်လာခဲ့ပါပြီ။ပရိသတ်တွေရဲ့ အချစ်တော်  လေး  ဖြူ ဖြူ ထွေး ကတော့  သူမရဲ့  မွေးနေ့ အလှူပွဲ လေးကို  ရွာ ပြန်ပြီး ကျင်းပမှာပါ။အလှူ အတွက် ရွာမှာ ချက်ပြုတ် ပြင်ဆင်မှုတွေ လုပ်နေတဲ့ ဗီဒီယိုဖိုင်ကိုလည်း သူမရဲ့ Fb မှာ တင်ထားပါတယ်။

Image:Fb/Phyu Phyu Htwe
Image:Fb/Phyu Phyu Htwe

အောင်မြင်မှု ရခဲ့ပေမယ့်လည်း ဘ၀ မမေ့ တတ်တဲ့ သူမကတော့ သူမရဲ့  ရွာ လေးနဲ့ ပရိသတ်တွေကို အမြဲ မိတ်ဆက် ပေးတတ်သူပါ။ဖြူဖြူထွေးရဲ့ ရွာကတော့ မန္တလေး တိုင်း၊မိတ္ထီလာခရိုင်၊မလှိုင်မြို့နယ်၊ဖျောက် ဆိပ်ကျင်း အုပ်စု၊မြေနီကုန်း ကျေးရွာ ပါ။သူမရဲ့ ရွာ အလှူကို လာကြဖို့ ကိုလည်း ဖြူဖြူ ထွေးက လိပ် စာအပြည့် အစုံ နဲ့ ဖိတ် ကြားခဲ့ပါတယ်။ရွာကို တော့ သူမရဲ့ တက္ကသိုလ်က သူငယ်ချင်းကိုပါ ခေါ်သွားတာကိုလည်း တွေ့ရပါတယ်။

READ
K-Pop လောကရဲ့ Sexy အကျဆုံး အမျိုးသမီး Idol (၁၀)ယောက်
Image:Fb/Phyu Phyu Htwe

မွေးနေ့ အလှူအတွက်ချက်နေပီးနော် ဖြူဖြူထွေး အိမ်သို့ ကြွကြပါဗျို့ မျှော်နေမယ်နော်🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏

Posted by Phyu Phyu Htwe on Wednesday, 19 February 2020

“(၂၁) ပြည့်မွေးနေ့ မှာ အသက်တွေကြီးလာလဲ အပြုံးတွေက လတ်ဆတ်ဆဲပဲ …” “မွေးနေ့မရောင်ခင်ကို Gluta Glow Plus ကြောင့် ပျော်ရွှင်မှုတွေ ဖြစ်လို့ ကျေးဇူးကမ္ဘာ..” ဆိုပြီးတော့လည်း သူမ အတွက် Gluta Glow Plus က စီစဉ်ပေးခဲ့တဲ့ မွေးနေ့ ပုံရိပ် တွေ ကိုလည်း သူမရဲ့  fb မှာ ဝေမျှ ထားပါတယ်။

Image:Fb/Phyu Phyu Htwe
Image:Fb/Phyu Phyu Htwe

Source:Fb/Phyu Phyu Htwe

SHARE