ရွှေ(၅၀)ကျပ်သားကျော်လောက်ကို မြန်မာအိုင်ဒေါဖိုင်နယ်ပွဲမှာဝတ်ဆင်ခဲ့တဲ့ ဖြူဖြူကျော်သိန်း

facebook.Weint Sein

မြန်မာအိုင်ဒေါ သီချင်းဆိုပြိုင်ပွဲကြီးရဲ့ Grand Final ပွဲကြီးကိုတော့ ဒီဇင်ဘာလ ၂၈ ရက်နေ့ညက ကျင်းပခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုတွေကို အပြည့်အဝရရှိထားတဲ့ ဒီသီချင်းဆိုပြိုင်ပွဲမှာတော့ ဒိုင်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကလည်း သူမရဲ့ ထူးခြားတဲ့ မြန်မာအိုင်ဒေါ ပွဲတက်ဝတ်စုံတွေနဲ့ ကြည့်ရှုသူ ပရိသတ်တွေကို ဆွဲဆောင်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။

facebook.Weint Sein
facebook.Weint Sein

သူမကတော့ Grand Final ပြိုင်ပွဲကြီးမှာ အီဂျစ်ဘုရင်မပုံစံဝတ်ဆင်လာခဲ့ပြီး  ရွှေ(၅၀) ကျပ်သားကျော်ကို သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ဝတ်ဆင်လာခဲ့တာဖြစ်ပါတယ်။ ထူးခြားဆန်းပြားတဲ့ ရွှေလက်ရာ ဒီဇိုင်းတွေကိုတော့ ဝိန့်စိန်ရွှေဆိုင်က ဖန်တီးပေးထားတာဖြစ်ပါတယ်။ ဒါကြောင့်လည်း မြန်မာအိုင်ဒေါ season 4 ရဲ့ နောက်ဆုံးနေ့မှာ ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်က အင်တာနက်ပေါ်မှာ လူပြောအများဆုံးအရာတစ်ခုဖြစ်ခဲ့ပါတယ်။

facebook.Weint Sein

မြန်မာအိုင်ဒေါ season 4 ရဲ့ အပတ်တိုင်းမှာ ပရိသတ်တွေ မရိုးရအောင် ဖမ်းစားနိုင်တဲ့ ဖြူဖြူကျော်သိန်း ဆင်မြန်းခဲ့တဲ့ ခမ်းနားထည်ဝါလွန်းတဲ့ လက်ဝတ်ရတနာတွေကို ဖေါ်ပြပေးလိုက်ပါတယ်။

READ
နာမည်ကြီး ရုပ်ရှင်ဇာတ်ကားတွေထဲက သင်လုံးဝ သတိမထားမိလောက်တဲ့ မြှုပ်ကွက်များ
facebook.Weint Sein
facebook.Weint Sein
facebook.Weint Sein

Source: Weint Sein

SHARE