ပရိသတ်ကို အံ့သြမှင်သက်သွားစေတဲ့ Myanmar Idol က ဖြူဖြူကျော်သိန်းရဲ့ ဖက်ရှင်

facebook.kyawshwemin

မြန်မာနိုင်ငံမှာသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေကို ပြုလုပ်နေတဲ့ နိုင်ငံကျော်အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဖြူဖြူကျော်သိန်းကတော့ လက်ရှိမှာလည်း တနိုင်ငံလုံးစောင့်ကြည့်နေကြတဲ့ မြန်မာအိုင်ဒေါသီချင်းဆိုပြိုင်ပွဲကြီးမှာလည်း အကဲဖြတ်ဒိုင်တစ်ယောက်အဖြစ်ပါဝင်နေတာဖြစ်ပါတယ်။

facebook.kyawshwemin
facebook.kyawshwemin

ယခုအပတ်မှာပြသခဲ့တဲ့ မြန်မာအိုင်ဒေါမှာ ဖြူဖြူကျော်သိန်းဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်ကတော့ ပရိသတ်တွေတိုင်း သဘောကျနှစ်သက်ခဲ့ကြပြီး ဝေဖန်တဲ့သူတွေလည်း တော်တော်များများရှိခဲ့ပါတယ်။ ဖြူဖြူရဲ့ ဝတ်စုံကိုတော့ ဒီဇိုင်နာ Sha Tra ကဖန်တီးပေးထားတာဖြစ်ပါတယ်။ အနက်ရောင်ဝတ်စုံကို ရွှေရောင်ကြေးကွင်းတွေနဲ့ ပေါင်းစပ်ထားတဲ့အပြင် ဖြူဖြူရဲ့ ဆံပင်စတိုင်ကလည်း ပရိသတ်ရဲ့ အမြင်အာရုံကို ဖမ်းစားခဲ့ပါတယ်။

facebook.kyawshwemin
facebook.kyawshwemin
facebook.kyawshwemin

မြန်မာအိုင်ဒေါပရိသတ်တွေကြားမှာ လူပြောများခဲ့တဲ့ ဖက်ရှင်တစ်ခုဖြစ်တဲ့ ဖြူဖြူရဲ့ အမိုက်စားဖက်ရှင်ကို ဖန်တီးထားတဲ့ ပုံရိပ်တွေကိုလည်း ကြည့်လိုက်ပါဦးနော်။

facebook.kyawshwemin
facebook.kyawshwemin

Source: kyaw Shwe Min

SHARE