သင့်ရွေးလိုက်တဲ့အရောင်ကနေ သိနိုင်တဲ့ သင့်အကြောင်း

လူတစ်ယောက်နဲ့တစ်ယောက် စိတ်နေစိတ်ထား၊ ပုံစံတွေမတူကြဘူး။ အဲ့လိုတွေမတူကြတဲ့ စိတ်နေစိတ်ထားတွေကို တစ်ယောက်နဲ့တစ်ယောက် ခန့်မှန်းလို့ရအောင် စိတ်ပညာရှင်တွေက အရောင်ကိုသုံးပြီးတော့ စိတ်ကိုစမ်းသပ်ထားတာပဲဖြစ်တယ်။ (စာကို မဖတ်ခင် အပြာ၊ အစိမ်း၊ အနီ ၊ အမည်း၊ လိမ္မော်၊ ခရမ်း၊ ပန်းရောင်၊ အ၀ါ စတဲ့အရောင်တွေထဲက သင့်ကြိုက်တဲ့အရောင်တစ်ရောင်ကို ရွေးပေးပါ။)

အပြာရောင်

အပြာရောင်ကိုရွေးလိုက်တဲ့သင်ဟာ တည်ငြိမ်တယ်။ ဘယ်ကိစ္စမဆို နက်နက်နဲနဲတွေးတတ်တယ်။ စိတ်လည်းရှည်တယ်။ ဘယ်သူနဲ့မဆို လိုက်လျောညီထွေအောင် ပေါင်းတတ်တယ်။

အစိမ်းရောင်

အစိမ်းရောင်ကိုရွေးလိုက်တဲ့သင်ဟာ အနေအေးတယ်။ တည်ငြိမ်တယ်။ အနေအေးပေမယ့် အပေါင်းအသင်းကောင်းတယ်။ ကူညီတတ်တယ်။

အနီရောင်

အနီရောင်ကိုရွေးလိုက်တဲ့သင်ဟာ ဖော်ရွေတတ်တယ်။ ပြောင်ပြောင်တင်းတင်းပဲ အာခံတတ်တယ်။ ဒါလုပ်ဆို မလုပ်တတ်တဲ့အကျင့်ရှိတယ်။ စိတ်မာတယ်။

အနက်ရာင်

အနက်ရောင်ကြိုက်တဲ့သင်ဟာ စိတ်မာတယ်။ တော်ရုံကိစ္စအတွက်နဲ့ အာရုံနောက်မခံတတ်ဘူး။ ဆရာလုပ်ရတာကိုကြိုက်တယ်။ စိတ်အားထက်သန်တယ်။ မဟုတ်မခံတဲ့စိတ်ရှိတယ်။

READ
အကြွေးမတင်အောင်သင့်ကိုကူညီနိုင်မယ့်နည်းလမ်းများ

လိမ္မော်ရောင်

လိမ္မော်ရောင်ကြိုက်တဲ့သင်ဟာ စကားပြောသွက်တယ်။ ဖော်ရွေတယ်။ ပျော်ပျော်နေတတ်တယ်။ အမြဲတမ်းလည်း တတ်ကြွနေတယ်။

ခရမ်းရောင်

ခရမ်းရောင်ကိုရွေးလိုက်တဲ့သင်ဟာ သင်လုပ်ခဲ့တဲ့ကိစ္စတစ်ခုအတွက် တာဝန်ယူရဲတယ်။ ခေါင်းဆောင်ကောင်းတစ်ယောက်စိတ်ဓာတ်ရှိတယ်။ စိတ်ခံစားချက်ပြင်းတဲ့အတွက် မပျော်ရဘူး။

ပန်းရောင်

ပန်းရောင်ကိုရွေးလိုက်တဲ့သင်ဟာ စကားပြောနူးညံ့တယ်။ အမြဲ active ဖြစ်တယ်။ လုံ့လရှိကြတယ်။ လုပ်စရာရှိတာကို အဆုံးထိလုပ်တယ်။

အ၀ါရောင် 

အ၀ါရောင်ကိုရွေးလိုက်တဲ့သင်ဟာ အမြဲ စိတ်ရွှင်တယ်။ ဘယ်သူကိုမဆို ဖော်ဖော်ရွေရွေဆက်ဆံတယ်။ လူချစ်လူခင်ပေါတယ်။ အရယ်သန်တတ်တယ်။

Hannwe Soe (Shwemom)

Shwemom Team မှ စီစဉ်တင်ဆက်သော www.shwemom.com တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

SHARE