ချစ်သူများနေ့အတွက် လွယ်ကူသက်သာ အလဟဿမဖြစ်စေမယ့် ကိုယ်တိုင်လုပ်ပန်းစည်း

ဖေဖော်ဝါရီလ (၁၄) ရက်နေ့ဆိုတာ ကလေးကအစ လူကြီးတွေအဆုံး သိပြီးကြတဲ့အတိုင်း ချစ်သူများနေ့ ဖြစ်ပါတယ်။ ချစ်သူများနေ့မှာ ကိုယ်ချစ်ရခင်ရ နှစ်သက်သဘောကျရတဲ့ လူတွေကို ချောကလတ်နဲ့ ပန်းစည်းပေးတဲ့ အလေ့အထဟာ ရှေးကတည်းက ပေါ်ပေါက်နေခဲ့တာပါ။

အခြားလက်ဆောင်တွေ ဘာမှမပေးရင်တောင်မှ ချောကလတ်လေးတော့ ချစ်သူကို ကျွေးသင့်ပါတယ်နော်။

သို့ပေမယ့် ကိုယ့်ချစ်သူကို အရွှန်းဖောက်ချင်တယ်၊ surprise ကလည်းလုပ်ချင်တယ်ဆိုရင်တော့ ၂၀၁၉ ခုနှစ်ချစ်သူများနေ့အတွက် trend ဖြစ်နေတဲ့ ပန်းစည်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။

Grillo’s Pickles

Pickle bouquet ပါ။ Pickle ကို ကာတွန်းကားတွေ၊ ရုပ်ရှင်တွေတော်တော်များများမှာ မြင်ဖူးကြမယ်ထင်ပါတယ်။ ခြုံပြောရရင်တော့ သနပ် သို့မဟုတ် အသီးအရွက်တွေကို အချဉ်တည်ထားတာပါ။ မုန်ညှင်းချဉ်တို့၊ သရက်သီးဆားရည်စိမ်တို့လိုပေါ့။

Pixabay

သူတို့ဆီမှာတော့ သခွားသီးနဲ့ သံလွင်သီတွေနဲ့ ပြုလုပ်ထားတဲ့ pickles တွေ များပါတယ်။ သခွားသီး၊ သံလွင်သီးတို့ကို လျှာလကာရည်၊ ဆား၊ ရေးအနည်းငယ်တို့နဲ့ အချိုးကျရောက ပုလင်းထဲနှပ်ထားပါတယ်။ ပြီးတဲ့အခါမှာတော့ ဟင်းတို့ ဘာဂါတို့နဲ့ တွဲဖက်စားသုံးကြတာပါ။

READ
ကမ္ဘာအရပ်ရပ်က ရယ်စရာအကောင်းဆုံးရုပ်တုများ
Pixabay

အကယ်၍သင်သာသင့်ချစ်သူကို pickle bouquet လေးပေးမယ်ဆိုရင် အခြားပန်းအစစ်တွေလို ခြောက်သွားတဲ့အခါ လွှတ်ပစ်ရမှာမဟုတ်ပါဘူးနော်။ စားလို့ရတဲ့အတွက် ပန်းစည်းလေးရယ်၊ ဘာဂါလေးနှစ်လုံးရယ် အသင့်ဝယ်သွားပြီး ပေါ့ပေါ့ပါးပါး date night လုပ်ကာ ဖြတ်သန်းနိုင်ပါတယ်။ ဘယ်နခုနှစ်က ချစ်သူများနေ့မှာ အချဉ်ပေါင်းပန်းစည်းကိုပေးခဲ့တာဆိုပြီး ပြန်အမှတ်တရလည်း ဖြစ်စေပါတယ်။

Pixabay

ဒါပေမယ့် ချစ်သူကောင်မလေးက Valentine’s Day ကို အရမ်းကြီး အဖြစ်သည်းနေရင်တော့ဒီနည်းလမ်းက အဆင်ပြေမှာမဟုတ်ပါဘူးနော်။

Source: Metro

Penny

SHARE