ဆောင်းတွင်းကာလကို အကောင်းဆုံးကျော်ဖြတ်နေကြတဲ့ ဖင်လန်က ကြောင်ကြီးများ

instagram/sampycat

ကြောင်ကြီးတွေက ၀ဖြီးနေလေလေ ပိုချစ်စရာကောင်းပြီး ပိုပြီးစချင်စဖွယ်လေလေပါပဲ။ ခုလည်း အွန်လိုင်းပေါ်မှာ ချစ်စရာအရမ်းကောင်းတဲ့ ကြောင်ကြီးတွေကို boredpanda ကနေတဆင့် ထပ်တွေ့ထားပါတယ်။ သူတို့တွေက ဖင်လန်နိုင်ငံမြောက်ပိုင်းမှာ နေပြီး ဆမ်ပီနဲ့သူရဲ့သူငယ်ချင်းများဆိုပြီး အွန်လိုင်းပေါ်မှာ သိထားကြပါတယ်။

instagram/sampycat

ဆမ်ပီရဲ့ပိုင်ရှင်က ရီကာဟက်ဒ်မန်းဖြစ်ပါတယ်။ ကြောင်ကြီးတွေနဲ့ ပတ်သက်လို့ ရီကာက ဘာပြောသလဲဆိုတော့ “ဆမ်ပီက (၆) နှစ်သားပါ။ သူ့ကြည့်ရတာ တောကြောင်ကြီးလိုလို ထင်ရပေမယ့် သူက ရိုးရိုး အိမ်မွေးကြောင်ပါပဲ။ အယ်လ်မီရီကတော့ အညိုရောင်ကြောင်ပေါ့။ သူကလည်း အထီး၊ အသက်ကတော့ (၁၁) နှစ်၊ ရိုးရိုးအိမ်မွေးကြောင်ပဲ။ ဟစ်စကီကတော့ အသက်(၂) နှစ်ပဲ ရှိသေးတယ်။ သူကတော့ တောကြောင်မျိုး နည်းနည်းလေးစပ်တယ်၊ ဗိုက်လုံးလုံးကြီးနဲ့ပေါ့။ ကြောင်တွေအကုန်လုံးက သင်းထားပြီးတဲ့ ကြောင်ထီးတွေပါပဲ။ နောက်ပိုင်း နယ်လီဆိုတဲ့ အညိုနဲ့အဖြူ ကြောင်တစ်ကောင်လည်း ရှိသေးတယ်။ သူကတော့ ဒီနှစ်အစောပိုင်းလောက်ပဲ သေသွားပြီ… ” လို့ဆိုပါတယ်။

READ
သမ္မတထရမ့်ခန့်အပ်မယ့် ရုရှသံတမန်ဖြစ်ဖို့ မိမိမှာအရည်အချင်း အပြည့်ရှိဟုဆိုလိုက်တဲ့ မော်ဒယ်
instagram/sampycat
instagram/sampycat

ရီကာက ဆမ်ပီဟာ ရာသီဥတုသိပ်အေးမနေတဲ့အခါမျိုးတွေမှာ အပြင်ထွက်ဆော့ရတာကို နှစ်သက်ကြောင်းလည်း ပြောပြပါတယ်။ “ဆမ်ပီက ကျွန်မတို့အိမ်နားက သစ်တောအိုလေးထဲ ကျွန်မနဲ့ လမ်းလျှောက်သွားတဲ့အခါ အရမ်းပျော်တာ။ အဲ့ဒီနားမှာ စမ်းချောင်းလေးရှိတယ်။ ပန်းနံ့ သစ်တောနံ့တွေကလည်း မျိုးစုံပဲ။ အယ်လ်မရီနဲ့ ဟစ်စကီကတော့ အိမ်မှာနေရတာကို ပိုသဘောကျတယ်၊ တစ်ခါတစ်လေမှပဲ အပြင်ထွက်လမ်းလျှောက်ကြတယ်။ ကျွန်မက ဆောင်းတွင်းတွေမှာ သူတို့ဆော့ဖို့ဆိုပြီး နောက်ဖေးခြံထဲမှာ အရံအတားတွေ လုပ်ပေးထားတယ်။ တကယ်လို့ နှင်းတွေ မတရားကျတဲ့အခါ သူတို့တစ်နေရာကနေ တစ်နေရာကို ခုန်လို့ အဆင်ပြေအောင်ပါ…”

instagram/sampycat
instagram/sampycat

ရီကာဟာ (၂၀၁၄) ခုနှစ်မှာ Finnish photography မဂ္ဂဇင်းပြိုင်ပွဲမှာ ဓာတ်ပုံဆုရရှိခဲ့သူပါ။ အဲ့ဒီတုန်းကတော့ ရီကာက သူမ၀ယ်ထားတဲ့ ကင်မရာအသစ်ကို လက်တည့်စမ်းချင်တာနဲ့ ဆမ်မီကို ဓာတ်ပုံလိုက်ရိုက်ရင်းကနေ ပုံတွေကို မဂ္ဂဇင်းပြိုင်ပွဲဆီ ပို့လိုက်ပါတယ်။ မဂ္ဂဇင်းကနေ ဆမ်မီကို သဘောကျပြီး သတင်းတွေဘာတွေရေးထည့်ရာက ဆမ်မီက ချက်ခြင်းဆယ်လီဖြစ်လာတာပါ။ ဆမ်ပီမှာ Sämpy ဆိုတဲ့နာမည်နဲ့ အင်စတာဂရမ်အကောင့်တောင် ဖွင့်ထားကြောင်းလည်း သိရပါတယ်။

READ
ချောမွေ့ဝင်းမွတ်နေမယ့် မျက်နှာလေးကို ပိုင်ဆိုင်ဖို့ အလွယ်ဆုံး နည်းလမ်း(၅)မျိုး
instagram/sampycat
instagram/sampycat
instagram/sampycat

လင်းလင်း (ShweMom)

SHARE