လူသန်းပေါင်းရာနဲ့ချီ အသုံးပြုနေကြတဲ့ နာမည်ကြီး photo editing app တစ်ခုအကြောင်း

ယနေ့ခေတ် လူငယ်တော်တော်များများဟာ သူတို့ရဲ့ ဓာတ်ပုံတွေကို ဆိုရှယ်မီဒီယာပေါ် မတင်ခင် အရင်ဆုံး အချောသတ်ပြင်ဆင်လေ့ရှိကြပါတယ်။ ဒီအတွက်ကြောင့် ဓာတ်ပုံပြင်တဲ့ app တွေလည်း အသစ်အသစ်တွေပေါ်ပြီး ခေတ်စားလာကြပါတယ်။

ဒါကြောင့် ဒီတစ်ခေါက်မှာတော့ Shwemom စာဖတ်ပရိသတ်တွေအတွက် လက်ရှိ အမေရိကန်နဲ့ တရုတ်နိုင်ငံမှာ လူသုံးများပြီး တစ်ကမ္ဘာလုံး အသုံးပြုသူအရေအတွက် သန်းပေါင်း ၁၃၀ ကျော်ရှိနေတဲ့ photo editing app လေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ မြန်မာနိုင်ငံမှာလည်း အခုဖော်ပြမယ့် app ကို သိပြီးသားသူတွေ ရှိကြလောက်ပေမယ့် ထို app ဘာကြောင့် နာမည်ကြီးနေလဲဆိုတာကိုလည်း ပြောပြချင်ပါတယ်။

Logos Discovery Engine

App နာမည်ကတော့ PicsArt လို့ ခေါ်ပါတယ်။ PicsArt ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Tammy Nam ကတော့ ၎င်း app ကို memes တွေ၊ ဗီဒီယိုအတိုတွေ၊ စတစ်ကာသုံးတာတွေ၊ ပုံမှာ စာရေးတာတွေ သဘောကျကြတဲ့ လူငယ်တွေအတွက် အသင့်တော်ဆုံးဖြစ်အောင် ရည်ရွယ်ပြီး ထုတ်ထားတာဖြစ်ကြောင်း ဆိုပါတယ်။

READ
မျက်မမြင်များကို အမြင်အာရုံပြန်ပေးမယ့် Bionic မျက်လုံးကို ဗြိတိန်မှာစတင်တပ်ဆင်
techcrunch

PicsArt ကို အသုံးပြုသူအများစုကတော့ အမေရိကန်နိုင်ငံမှ ဖြစ်ပေမယ့် လတ်တလော ပိုပြီးနာမည်ကြီးလာတာကတော့ တရုတ်နိုင်ငံမှာ အသုံးပြုသူ သိသိသာသာ တိုးလာခဲ့တာကြောင့်ဖြစ်ပါတယ်။ PicsArt ကိုတော့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို edit လုပ်ရုံပဲ မဟုတ်ဘဲ ဆိုရှယ်မီဒီယာတစ်ခုလိုပါ အသုံးပြုနိုင်ပါတယ်။ App သုံးသူတွေက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖန်တီးပြီးတာနဲ့ PicsArt ရဲ့ ဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်မှာ မျှဝေကြပါတယ်။ ဆိုရှယ်မီဒီယာလိုလည်း အသုံးပြုလို့ရတဲ့ PicsArt ကတော့ app size အနေနဲ့ကြည့်ရင်လည်း Facebook တို့ Instagram တို့ထက်လည်း နည်းပါတယ်။

techcrunch

Filter တွေထဲမှာလည်း လက်ရှိခေတ်စားနေတဲ့ trend ပေါ် မူတည်ပြီး အသုံးပြုနိုင်အောင် ရွေးချယ်စရာတွေ ပါဝင်ပါသေးတယ်။ လတ်တလောမှာတော့ Tik-Tok နဲ့ ဆိုင်တဲ့ စတစ်ကာတွေ၊ Avengers နဲ့ ဆိုင်တဲ့ filter တွေ စသဖြင့် တွေ့ရမှာပါ။ PicsArt ရဲ့ feature တော်တော်များများကတော့ အခမဲ့ဖြစ်ပါတယ်။ ဒါပေမယ့် ပိုစုံလင်တဲ့ feature တွေကို အသုံးပြုလိုသူတွေအတွက်လည်း premium program ဆိုပြီး ရှိပါတယ်။ PicsArt ကို Android မှာရော iOS မှာပါ ဒေါင်းလုတ်ဆွဲပြီး အသုံးပြုနိုင်ပါတယ်။

READ
ဆယ်စုနှစ်အတွင်းမှာ မထင်မှတ်လောက်အောင် လုံးဝပြောင်းလဲသွားတဲ့ Emoji များ
techcrunch
techcrunch

Ref: Tech Crunch

SHARE