သွေးဆုံးပြီး ၀ိတ်တက်လာတယ်ထင်ရာမှ ဧရာမအကြိတ်ကြီးရှိနေခဲ့တဲ့ အမျိုးသမီး

ပေါင်(၅၀) အလေးချိန်ရှိတဲ့ အကြိတ်ကြီးတစ်ခုဟာ အိုင်ဒါဟိုပြည်နယ်နေ အမျိုးသမီးတစ်ယောက်ရဲ့ ၀မ်းထဲမှာ ဆယ်စုနှစ်ပေါင်းများစွာကြာအောင် ရှိနေခဲ့ပါတယ်။ ထိုအမျိုးသမီးဟာ သူမကိုယ်ထဲမှာ အကြိတ်ကြီးရှိနေတာကို မသိပဲ အသက်အရွယ်ရလာလို့ ကိုယ်အလေးချိန်တိုးတယ်လို့သာ ထင်ခဲ့မိပါတယ်။ သူမနာမည်က ဘရန်ဒါခရစ်လန်းဒ်ဆိုသူပါ။ ပြီးခဲ့တဲ့(၂၀၁၈)ခုနှစ် ဖေဖော်ဝါရီမှာတော့ ဘရန်ဒါဟာ အစာစားလို့ မ၀င်တော့ပါဘူး။ အစာမ၀င်ဘူးဆိုတာက နည်းနည်းလေး စားလိုက်ရုံနဲ့ ဗိုက်ကတင်းလာပေမယ့် စားရတာ အာသာမပြေ၊ မတင်းတိမ်တာပဲ ဖြစ်ပါတယ်။ ဒါတင်မကသေးပါဘူး။ သူမဟာ လေရှူမ၀သလိုမျိုးပါ ခံစားလာရပါတယ်။

နောက်ဆုံးမှာတော့ မိသားစုက ဘရန်ဒါကို ဆရာဝန်ဆီသွားပြစေခဲ့ပါတယ်။ CAT စကန်ဖတ်ကြည့်တဲ့အခါမှာတော့ သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဧရာမအကြိတ်ကြီးတစ်ခုရှိနေတာကို တွေ့ခဲ့ရပါတယ်။ အကြိတ်ကြီးဟာ သူမရဲ့ ကိုယ်တွင်းကလီစာတွေကိုပါ နေရာယူလာပြီး ဦးနှောက်ဆီသွားတဲ့ သွေးပို့လုပ်ငန်းကို အနှောင့်အယှက်ပေးနေတာပါ။ ဘရန်ဒါဟာ နှစ်နာရီခွဲကြာအောင် ခွဲစိတ်မှုကို ခံယူခဲ့ပြီး အကြိတ်ကြီးကို ဖယ်ရှားခဲ့ပါတယ်။ အကြိတ်ကြီးဖယ်ပြီးတဲ့နောက်မှာတော့ သူမဟာ (၆၅) ပေါင်လောက် ပေါ့ပါးသွားခဲ့ပါတယ်။

READ
ဦးနှောက်ကို ဆယ်နှစ်စာနုပျိုစေဖို့နည်းလမ်း

သူမက “ကျွန်မဗိုက်ကြီးက ကျောက်တုံးကြီးလို မာတောင်နေတာ။ တစ်ခုခုစားလိုက်ရင် ဗိုက်ထဲမှာ တစ်နေသလိုဖြစ်ပြီး အော့အန်ချင်လာတာ။ အစပိုင်းတုန်းက သွေးဆုံးလို့ မစားနိုင်ဘူး ထင်နေတာ။ မသင်္ကာလို့ ဆရာဝန်သွားပြကြည့်တော့မှ အကြိတ်ကြီးကို တွေ့ခဲ့ရတာ။ အကြိတ်ကြီးကို မြန်မြန်ဆန်ဆန် ခွဲလိုက်နိုင်တာ ကောင်းပါတယ်။ အကြိတ်က ဦးနှောက်ဆီ သွေးပို့တဲ့ အတွင်းအင်္ဂါစနစ်ကို အန္တရာယ်ပေးနေတာ။ နောက်(၂) ပတ်လောက်သာ နောက်ကျပြီး ခွဲရင် အသက်ရှင်ဖို့ (၅၀-၅၀) ပဲ ရှိတော့မယ်လို့ ဆရာဝန်က ပြောပါတယ်…” လို့ ဆိုပါတယ်။

အကြိတ်လုံးကြီးကြောင့် သူမရဲ့ အူတွေဟာ ၀မ်းဗိုက်ရဲ့ တစ်ဖက်ခြမ်းကို ကပ်နေပြီး အစာအိမ်ကတော့ ရင်ဘတ်ဆီ တက်နေကြောင်း ဘရန်ဒါက ပြောပြပါတယ်။ အခြားသော အမျိုးသမီးကျန်းမာရေးတွေလိုပဲ ဘရန်ဒါဖြစ်ခဲ့တဲ့ Endometriosis သားအိမ်ရောဂါရဲ့ ရောဂါလက္ခဏာတွေဟာ သိရှိဖို့ခက်ခဲလှပါတယ်။ Endometriosis သားအိမ်ရောဂါဆိုတာကတော့ သားအိမ်ရဲ့ အတွင်းဆုံးအလွှာက တစ်ရှူးတွေဟာ ခန္ဓာကိုယ်တွင်း တခြားနေရာတွေမှာ သွားတွယ်ကပ်ပြီး ကြီးထွားလာတာ ဖြစ်ပါတယ်။ ဒီတစ်ရှူးတွေဟာ တင်ပါးဆုံမှာ သွားရောက်ကပ်ငြိနိုင်သလို သားအိမ်၊ ရင်ဘတ်နဲ့ အခြားနေရာတွေမှာလည်း ဖြစ်နိုင်ပါတယ်။

READ
ကန်စွန်းဥရဲ့ ကောင်းကျိုး(၇)မျိုး
Endometriosis

ဒါကြောင့် အချိန်ကြာလာတဲ့အခါ အရည်အိတ် သို့မဟုတ် အကြိတ်အဖုတွေ ဖြစ်လာတတ်ပါတယ်။ Endometriosis ရဲ့ ရောဂါလက္ခဏာတွေဟာ နူးညံ့သိမ်မွေ့လွန်းပါတယ်။ ရာသီလာစဉ်အတွင်း သို့မဟုတ် သွေးဆုံးချိန်အတွင်းမှာ ခန္ဓာကိုယ်အလေးချိန်တိုးလာတာ၊ ရာသီလာရင် မခံမရပ်နိုင်အောင် နာကျင်တာ၊ ဓမ္မတာသွေးများလွန်းတာ စတာတွေကို ခံစားရပါတယ်။ အလွယ်တကူနဲ့ ရောဂါကိုသိဖို့ ခက်ခဲတာကြောင့် အမျိုးသမီးတွေအနေနဲ့ ခန္ဓာကိုယ်မှာ တစ်ခုခုမှားနေတယ်လို့ ခံစားနေရရင် နားလည်တတ်ကျွမ်းသူသမားတော်တွေနဲ့ အမြန်ဆုံးတွေ့ဆုံကုသသင့်ကြောင်း ဖော်ပြလိုက်ရပါတယ်။

လင်းလင်း (ShweMom)

Ref: dailymail

SHARE