Banana Milk Ambassador အဖြစ်နဲ့ လှပစွာ ကြော်ငြာရိုက်ကူးနေတဲ့ IU

IG/lilyiu_

IU ကတော့ လူချစ်လူခင်အရမ်းပေါတဲ့ idol တစ်ယောက်ဖြစ်သလို သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်ပါတယ်။ IU ကို လူကြိုက်များတဲ့ Binggrae တံဆပ်က ထုတ်လုပ်ထားတဲ့ Banana Milk အတွက် Ambassador အဖြစ် မကြာသေးခင်ကပဲ ခန့်အပ်လိုက်ပါတယ်လို့ koreaboo ကနေ ဖော်ပြထားပါတယ်။ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့လိုအပ်တယ်ဆိုတဲ့ အယူအဆကို လက်ကိုင်ထားတဲ့ IU ကတော့ ဒီ Ambassador အဖြစ် လိုက်ဖက်လွန်းလှပါတယ်။

Bringgrae ကတော့ သဘာဝပတ်ဝန်းကျင်အတွက် ရင်းနှီးမြုပ်နှံမှုတွေ ပြုလုပ်ထားပြီး သူတို့တွေ ဘယ်လိုတွေ ကူညီမှုတွေ ပြုလုပ်သွားမယ်ဆိုတာကို ပရိသတ်တွေကလည်း စိတ်ဝင်စားနေကြပါတယ်။ IU ကလည်း Ambassador ဖြစ်ပြီးတဲ့နောက်မှာ ကြော်ငြာပုံရိပ်တွေ ရိုက်ကူးခဲ့ပြီး သူမရဲ့ IG မှာလည်း ပုံတွေ တင်ထားခဲ့ပါတယ်။

READ
ပုရိသတွေ ရင်ခုန်သွားမယ့် တည်ကြက်ရိုက်ကွင်းက အလန်းစားပုံများ

https://www.instagram.com/p/CA8DuerBltN/

Banana Milk ဘူးကတော့ ကိုရီးယားဇာတ်လမ်းတွေထဲ မကြာခဏ ပါနေလို့ ဒီက ပရိသတ်တွေလည်း စိမ်းမယ် မထင်ပါဘူး။ IU ကတော့ Banana Milk ဘူးပုံစံ သော့ချိတ်ပုံလေးနဲ့ တွဲပြီးတော့ ဓာတ်ပုံရိုက်ထားပါတယ်။

ဒီက ပရိသတ်တွေလည်း Banana Favoured Milk ကို မျှော်လင့်နေမယ် ထင်ပါတယ်။

READ
အပြာရောင်ဘီကီနီနဲ့ အပြတ်လန်းနေတဲ့ ပုရိသတွေရဲ့ အချစ်တော် Demi Rose

Shwe Yee

 

 

SHARE