ခန္ဓာကိုယ်ပြည့်ဖြိုးတဲ့အမျိုးသမီးတွေအတွက် ပိန်သွယ်သယောင်ထင်ရစေမယ့်ဖက်ရှင်များ

အမျိုးသမီးအများစုဟာ ဗိုက်သားနေရာနဲ့ပတ်သက်လို့ အလှပျက်မှာစိုးရိမ်ပူပန်တတ်ကြပါတယ်။ MailOnline ရဲ့လေ့လာချက်တစ်ခုအရတော့ အမျိုးသားတွေဟာ အမျိုးသမီးတွေရဲ့ကြွက်သားရှိတာထက်စာရင် ပူနေတဲ့ဗိုက်ကလေးတွေကို ပိုသဘာဝကျပြီး ပိုလှတယ်လို့ယူဆကြောင်းသိရပါတယ်။ အောက်ဘက်မှာတော့ ခန္ဓာကိုယ်ဝပြီးပြည့်ဖြိုးတဲ့သူတွေအတွက် ကြည့်ကောင်းစေမယ့် ဖက်ရှင်ဒီဇိုင်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။ ဒီစတိုင်တွေအတိုင်းဝတ်လိုက်ရင်တော့ ၀မ်းဗိုက်အဆီ၊ တင်ပါးအဆီတွေကိုအ၀တ်အစားနဲ့အထိုက်အလျောက်ဖုံးကွယ်ထားနိုင်မှာဖြစ်ပါတယ်။

ပွပွချောင်ချောင်အ၀တ်အစားတွေကိုရွေးချယ်ပါ

curvygirlchic

အရောင်တစ်ရောင်တည်းပါတဲ့အ၀တ်အစားတွေကိုရွေးချယ်ပါ။ အရောင့်ရင့်ရင့်တွေက ခန္ဓာကိုယ်ကို ပိုမိုပိန်သွယ်သယောင်ထင်ရပေမယ့် အရောင်နုတွေကိုဝတ်လို့မရတော့ဘူးလို့မဆိုလိုပါဘူး။ အ၀တ်အစားရဲ့ကာတင်သာ အခရာကျပါတယ်။

girlwithcurves

ဒူးထက်နည်းနည်းပိုရှည်တဲ့အ၀တ်အစားတွေကိုရွေးချယ်ပါ

curvygirlchic

အ၀တ်အစားတွေကိုရွေးချယ်တဲ့အခါ ဒူးထက်အနည်းငယ်ပိုရှည်တဲ့အ၀တ်အစားတွေကိုရွေးချယ်သင့်ပါတယ်။  ပုံမှာပြထားတဲ့အမျိုးသမီးအတိုင်း ပန်းပွင့်ကြီးတွေနဲ့အ၀တ်အစားတွေဒီဇိုင်းမျိုးဟာ အင်မတန်ကြည့်ကောင်းစေပါတယ်။

girlwithcurves

အရောင်တစ်ရောင်တည်းပါတဲ့ဘလောက်စ်တွေနဲ့ ရှပ်အင်္ကျီတွေကိုဝတ်ဆင်ပါ

girlwithcurves

အရောင်တစ်ရောင်တည်းပါတဲ့ ဘလောက်စ်နဲ့ရှပ်အင်္ကျီတွေဟာ ရုံးခန်းထဲမှာဝတ်ဆင်ဖို့သင့်တော်ရုံတင်မကပါဘူး။ အားလပ်ရက်အပြင်ထွက်လည်တဲ့အခါတွေမှာလည်း ၀တ်ဆင်နိုင်ပါတယ်။

ဒေါင်လိုက်စင်းတွေပါတဲ့အ၀တ်အစားတွေကိုရွေးချယ်ပါ

garnerstyle

ဒေါင်လိုက်ပါတဲ့အဆင်တွေနဲ့ လိုင်းစင်းတွေက အရပ်ပိုရှည်သယောင်နဲ့ပိန်သွားသယောင်ထင်ရပါတယ်။ ဒါပေမယ့် ဒေါင်လိုက်လိုင်းစင်းရဲ့အကျယ်နဲ့ အကြိမ်ရေတွေကိုတော့ ထည့်သွင်းစဉ်းစားသင့်ပါတယ်။ လိုင်းစင်းအကြီးကြီးတွေကိုရွေးချယ်မယ့်အစား ခပ်ကျဉ်းကျဉ်းနဲ့လိုင်းစင်းများများပါတဲ့အ၀တ်အစားတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

READ
Lesbian ဆိုတာဘာလဲ ၊သူတို့ဘာတွေလုပ်ကြလဲ
gabifresh

စကတ်ဝတ်ဆင်ပါ

girlwithcurves

ရက်ထည်ခပ်ထူထူစကတ်(သို့မဟုတ်) အရောင်ရင့်တဲ့စကတ်တွေကို ဒေါက်မြင့်ဖိနပ်နဲ့တွဲဖက်ဝတ်ဆင်လို့လည်း ရပါတယ်။

girlwithcurves

အပေါ်ထပ်ဝတ်ရုံဝတ်ပါ

curvygirlchic

ကိုယ့်ဗိုက်သားကိုမပြချင်ဘူးဆိုရင် အပေါ်ပိုင်းအင်္ကျီကိုပွပွလေးရွေးဝတ်တာအကောင်းဆုံးပါ။ ဒါပေမယ့် အရမ်းကြီးပွလွန်းတာဝတ်ပြန်ရင်လည်းမကောင်းပါဘူး။ ဒါကြောင့် အပေါ်ဝတ်ပွပွလေး ၊ တီရှပ်နဲ့အပေါ်ထပ်အင်္ကျီလေးတွေကို ပေါင်းစပ်ပြီးအခုလိုဝတ်ဆင်နိုင်ပါတယ်။

gabifresh

လင်းလင်း (ShweMom)

Ref: Brightside

SHARE