James Bond ဇာတ်ကောင်ကို အမျိုးသမီးအဖြစ် မြင်ချင်တယ်လို့ပြောခဲ့တဲ့ မင်းသားဟောင်း

www.007.com

James Bond ဇာတ်ကားတွေက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာထဲက သူ့ရဲ့ ဆန်းသစ်တဲ့ နည်းပညာတွေ၊ မပျင်းရတဲ့ ဖိုက်တင်ခန်းတွေကြောင့် ကလေး၊လူကြီး တွေအားလုံးကြားမှာ အသည်းကျော်ဖြစ်ခဲ့ရပါတယ်။ 007 ဆိုတာနဲ့ ကလေး၊ လူကြီးတွေ အားလုံး James Bond ဆိုတာသိကြပါတယ်။

James Bond ဇာတ်ကားတွေကို ရိုက်လာခဲ့တာ အခုချိန်ထိ လူဖြူမင်းသားတွေကိုသာအသုံးပြုခဲ့တာပါ။ James Bond မင်းသားဟောင်း Pierce Brosnan ကတော့ဒါကို သဘောတွေ့ပုံမပေါ်ပါဘူး။ အမျိုးသမီးတွေကိုလည်း ပေးသရုပ်ဆောင်စေချင်ကြောင်း Insider သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

www.007.com

မင်းသားကြီး Pierce Brosnan က ၁၉၉၅ ကနေစပြီးတော့ ၂၀၀၂ ခုနှစ်ထိ James Bond ဇာတ်ကောင် အဖြစ် “GoldenEye,” “Tomorrow Never Dies,” “The World Is Not Enough,” နဲ့ “Die Another Day.” တို့မှာ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။

READ
ကောလဟာလတွေကို ဖြေရှင်းဖို့အတွက် လူရှေ့ထွက်လာပြီဖြစ်တဲ့ Fan Bingbing

James Bond ဇာတ်ကောင်ကို လွန်ခဲ့တဲ့ နှစ်(၄၀)ကနေ ခုချိန်ထိ ယောက်ျားသားတွေပဲ သရုပ်ဆောင်လာခဲ့တာပါ၊ ယောက်ျားသားတွေ မိန်းမသားတွေကို နေရာပေးလိုက်ကြပါဦး မိန်းမသားတွေသရုပ်ဆောင်တဲ့ James Bond ကဘယ်လောက် အံသြမင်သက်ဖွယ် ကောင်းမလဲဆိုတာကြည့်ချင်တယ် လို့. မင်းသားကြီး Pierce Brosnan ကပြောခဲ့ပါတယ်။

007/Twitter

James Bond ရုပ်ရှင်ကို အပေါ်မှာပြောခဲ့သလို အမျိုးသမီး သရုပ်ဆောင်တွေနဲ့ ပြန်လည်အသက်သွင်းဖြစ်ခဲ့ရင် ထူးခြားတဲ့ အရသာနဲ့ စိတ်လှုပ်ရှားဖွယ်ပြန်ပြီး ခံစားမိစေမှာပါ။

SHARE