James Bond နေရာမှာ အစားထိုးခံခဲ့ရပေမယ့် ဝမ်းမနည်းဘူးလို့ ပြောခဲ့တဲ့ Pierce Brosnan

[email protected]

James Bond ဇာတ်ကားတွေကတော့ ဟိုးအရင်တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ဇာတ်ကားတွေပါပဲ။ ငယ်ငယ်တုန်းကဆိုရင် James Bond ရဲ့ ရုပ်၊ စကားအပြောအဆို၊ အပြုအမူ၊ တိုက်ခိုက်ပုံတွေကို တော်တော်များများ ကြွေခဲ့ဖူးမှာပါ။ James Bond ဇာတ်ကောင်တွေထဲမှာမှ လူကြိုက်အများဆုံးနဲ့ ကြည့်ရှု့မှုအများဆုံး James Bond သရုပ်ဆောင်ကတော့ မင်းသားကြီး Pierce Brosnan ပဲ ဖြစ်ပါတယ်။

အခုတော့ Brosnan ဟာ တစ်ချိန်က James Bond ဇာတ်ရုပ်အတွက် အစားထိုးခံခဲ့ရလို့ ဝမ်းနည်းမှုမရှိကြောင်း ထုတ်ပြောခဲ့တယ်လို့ Fox News သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ Brosnan ဟာ Golden Eye, The World is Not Enough, Tomorrow Never Dies, Die Another Day အစရှိတဲ့ နာမည်ကြီး James Bond ဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

View this post on Instagram

Happy Valentine’s Day my darling love Keely❤️always xx

A post shared by Pierce Brosnan (@piercebrosnanofficial) on

နာမည်ကျော် မင်းသားကြီးတွေဖြစ်တဲ့ Sean Connery နဲ့ Roger Moore တို့ကြောင့် အကြီးအကျယ် အောင်မြင်ခဲ့တဲ့ James Bond ဇာတ်ကားတွေဟာ (၁၉၈၅)ခုနှစ်နောက်ပိုင်းမှာတော့ ပရိသတ်အားပေးမှု ကျဆင်းလာခဲ့ပါတယ်။ မင်းသားကြီး Roger Moore ဟာ (၁၉၈၅)ခုနှစ်က ထွက်ရှိခဲ့တဲ့ A View To Kill ဇာတ်ကားအပြီးမှာ James Bond အဖြစ်ကနေ အနားယူခဲ့ပါတယ်။

READ
ချောက်ကမ်းပါးအစွန်းကနေ ဝက်ဝံညိုတစ်ကောင်ကို တွန်းချခဲ့တဲ့ တောင်တက်သမားများ

James Bond အဖြစ် အဲဒီအချိန်ကာလက နာမည်ကြီး မင်းသား Timothy Dalton ဆက်ခံခဲ့ပြီး  The Living Daylights (၁၉၈၇) နဲ့ Licence to Kill (၁၉၈၉) ဇာတ်ကား နှစ်ကားထွက်ရှိခဲ့ပေမယ့် အောင်မြင်မှု မရရှိခဲ့ပါဘူး။ ရုပ်ရှင်ဝေဖန်ရေးဆရာတွေက James Bond ခေတ်ကုန်သွားပြီလို့တောင် သတ်မှတ်ခဲ့ကြတာပါ။

Imdb/GoldenEye

(၁၉၉၅)ခုနှစ်မှာတော့ James Bond ဇာတ်ကားသစ် Golden Eye ထွက်ရှိခဲ့ပါတယ်။ James Bond အဖြစ် မင်းသား Pierce Brosnan ကို ရွေးချယ်ခဲ့တယ်လို့ ကြေညာခဲ့ချိန်မှာတော့ ပရိသတ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။ အက်ရှင်ဇာတ်ကားအချို့ ရိုက်ခဲ့ဖူးပေမယ့် အချစ်ဇာတ်ကား၊ ဒရာမာဇာတ်ကားတွေနဲ့ လူသိများတဲ့ မင်းသား Pierce Brosnan ဟာ James Bond ဇာတ်ရုပ်နဲ့ လုံးဝ လိုက်မှာ မဟုတ်ဘူးဆိုပြီး အများစုက သတ်မှတ်ခဲ့ကြတာပါ။ ဒါပေမယ့် Golden Eye ဇာတ်ကားဟာ မထင်မှတ်ပဲ လူကြိုက်အရမ်းများခဲ့ပြီး Pierce Brosnan ကလည်း နေ့ချင်းညချင်း စူပါတန်းဝင် မင်းသားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

“ မှတ်မှတ်ရရ ၂၀၀၄ ခုနှစ်မှာ ကျွန်တော်ဆီကို James Bond ဇာတ်ကားတွေရဲ့ ထုတ်လုပ်သူကနေ ဖုန်းတစ်ကောဝင်လာတယ်။ ဘာပြောသလဲဆိုတော့ နောက်ဆက်ရိုက်မယ့် James Bond ဇာတ်ကားတွေမှာ ကျွန်တော့်ကို အသုံးမပြုတော့ဘူးတဲ့။ ကျွန်တော့်နေရာမှာ မင်းသားတစ်ယောက် အစားထိုးရိုက်တော့မယ်လို့ ပြောခဲ့တယ်။ အဲဒီအချိန် ခဏတော့ ရှော့ခ်ရသွားတယ်။ ရုတ်တရက်ဆိုတော့ မထင်ထားဘူး။ ဒါပေမယ့် အခုအချိန်ပြန်စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော့် အဲဒီအတွက် လုံးဝဝမ်းမနည်းခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်က James Bond ဆိုတာ ကျွန်တော့် ပရိသတ်တွေရော၊ အခြားသူတွေပါ သိပြီးသားပါပဲ။ ခင်ဗျားတို့ ရင်ဘတ်ထဲမှာတော့ ကျွန်တော်က ထာဝရ James Bond ပါပဲ” လို့ Brosnan က ပြောကြားခဲ့ပါတယ်။

Pyi Hein Kyaw

SHARE