သြစတြီးယားစားသောက်ကုန်ကြော်ငြာနဲ့အတူ ပြန်လည်ပေါ်ထွက်လာတဲ့ဂျိမ်းစ်ဘွန်း

(၁၉၉၅)ခုနှစ်ကစလို့ ရိုက်ကူးခဲ့တဲ့ ဂျိမ်းစ်ဘွန်းဇာတ်ကားတွေရဲ့ သရုပ်ဆောင် ပီယာ ဘရော့စ်နန်ကတော့ သြစတြီးယားနိုင်ငံရဲ့ အကြီးဆုံး စားသောက်ကုန်လုပ်ငန်းစု SPAR အတွက် ဂျိမ်းစ်ဘွန်းဇာတ်ကောင်ပုံစံ သရုပ်ဆောင်ပြီး ကြော်ငြာရိုက်ကူးပေးခဲ့ပါတယ်။

အသက် (၆၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေဖြစ်ကြတဲ့ Goldeneye ရုပ်ရှင်ကနေ Die Another Day ရုပ်ရှင်တွေအထိ သရုပ်ဆောင်ခဲ့သူဖြစ်ပြီး သူ့ရဲ့ဥပဓိရုပ်ဟာ ဂျိမ်းစ်ဘွန်းမင်းသားတွေထဲမှာတော့ အခန့်ညားဆုံးပဲလို့ မှတ်ချက်ပေးခံခဲ့ရသူပါ။

SPAR

SPAR ရဲ့ ကြော်ငြာဗီဒီယိုထဲမှာတော့ ဘရော့စ်နန်ကို ဂျိမ်းစ်ဘွန်းဇာတ်ကောင်တွေ ၀တ်နေကြ အနက်ရောင် ကုတ်အင်္ကျီဝမ်းဆက်နဲ့ မြင်တွေ့ရမှာဖြစ်ပြီး ကြော်ငြာအစမှာပဲ ဘရော့စ်နန်ဟာ သူ့ရဲ့နေအိမ်ထဲကို ၀င်ရောက်ဖို့ မျက်နှာကို အစစ်ဆေးခံနေတာ မြင်ရမှာပါ။

SPAR

အဲဒီနောက်မှာတော့ သူ့ရဲ့နေအိမ်ထဲမှာ လူစိမ်းတစ်ယောက် ရောက်ရှိနေတာ မြင်တွေ့ရပြီး အဲဒီလူက သူ့ကိုကျောပေးလို့ မီးဖိုခန်းမှာ စားစရာတွေ ချက်ပြုတ်နေခဲ့တာပါ။

READ
ဆယ်လီနာဂိုးမက်ရဲ့ အိမ်ကနေ ထွက်လာတဲ့ ဂျက်စတင်ဘီဘာ

ဘရော့စ်နန်က လူစိမ်းရဲ့အနီးကို ကပ်သွားခဲ့ပြီး ဘာလုပ်နေလဲ လို့ မေးလိုက်တဲ့အချိန်မှာတော့ လူစိမ်းဟာ အနောက်လှည့်လိုက်ပြီး သူဟာ ဘရော့စ်နန်ရဲ့ ပုံတူတစ်ယောက်ဖြစ်နေကြောင်း ပြသလိုက်ပါတယ်။

ဒါပေမယ့် ခဏအတွင်းမှာပဲ လူစိမ်းက မိန်းကလေးတစ်ယောက်ရဲ့ အသွင်ကို ပြောင်းလဲသွားခဲ့ပြီး သူမမျက်နှာပေါ်မှာ တပ်ဆင်ထားတဲ့ မျက်နှာဖုံးကို ခွာချလိုက်တာပါ။

SPAR

ဒီကြော်ငြာက SPAR ကုမ္ပဏီရဲ့ အိမ်သုံးပစ္စည်းတွေနဲ့ စားသောက်ကုန်တွေကို ကြော်ငြာတဲ့ ဗီဒီယိုဖြစ်ပြီး အဆုံးသတ်မှာတော့ ဘရော့စ်နန်ကို ကောင်မလေးချောချောလေးတစ်ယောက်နဲ့ အတူတကွ ညစာစားနေတာ တွေ့ရပါလိမ့်မယ်။

SPAR

ဒီကြော်ငြာထဲမှာ တစ်ခု ထူးခြားနေတာက ဂျိမ်းစ်ဘွန်း ဇာတ်ကောင်တွေဟာ မိန်းကလေးနဲ့ သေရေးရှင်ရေး ယှဉ်နေရင်တောင် မိန်းကလေးတွေကို ဦးစားပေးတတ်ကြသူတွေဖြစ်ပြီး ဘရော့စ်နန်ကတော့ မိန်းကလေးထက် ညစာကိုသာ ဦးစားပေးလိုက်တယ်ဆိုတဲ့ အချက်ပါပဲ။

READ
Sexy ကျလွန်းတဲ့ အောင်ပွဲခံပုံကြောင့် နာမည်ကြီးသွားခဲ့တဲ့ အမ်တီတီ

ဒီကြော်ငြာက သြစတြီးယားရုပ်သံတွေပေါ်မှာတော့ လူကြိုက်များတဲ့ကြော်ငြာတစ်ခု ဖြစ်နေခဲ့ပြီး ဒါရိုက်တာရဲ့ စိတ်ကူးကိုလည်း ကြည့်ရှုသူတွေက ချီးကျူးခဲ့ကြပါတယ်။

Linn

Source : Dailymail

SHARE