
တစ်ချိန်တုန်းက James Bond မင်းသားကြီးတစ်ဦးဖြစ်တဲ့ Pierce Brosnan ကိုတော့ ရုပ်ရှင်ချစ် ပရိသတ်တွေ တော်တော်များများ မှတ်မိကြအုံးမှာပါ။ Pierce တစ်ယောက် James Bond အဖြစ် သရုပ်ဆောင်ခဲ့တဲ့ GoldenEye ဇာတ်ကားထဲက သူ့ရဲ့သရုပ်ဆောင်ချက်တွေဟာ ဒီနေ့အထိကို မျက်စိထဲက မထွက်သေးပါဘူး။ အခုလည်း အသက် ၆၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Pierce ဟာ သူ့ရဲ့ ဇနီးဖြစ်သူ Shaye Smith ရဲ့ အသက် ၅၇ ပြည့်နှစ် မွေးနေ့မှာ ရိုမန်တစ်ဆန်ဆန် မွေးနေ့ဆုတောင်းပေးခဲ့ကြောင်း People သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
Pierce နဲ့ Shaye တို့ဟာ ၂၀၀၁ ခုနှစ်ကတည်းက လက်ထပ်ခဲ့ကြပြီး အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Dylan နဲ့ အသက် ၁၉ နှစ်အရွယ် Paris အမည်ရ သားနှစ်ယောက်ကိုတောင် မွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၅ ရက်နေ့ကတော့ Shaye ရဲ့ အသက် ၅၇ နှစ်ပြည့် မွေးနေ့ပဲ ဖြစ်ပါတယ်။ Pierce ကတော့ သူမိန်းမရဲ့ မွေးနေ့ကို သူ့ရဲ့ Instagram အကောင့်ကနေပြီးတော့ ရိုမန်တစ်ဆန်ဆန် စာသားလေးတွေနဲ့ ဆုတောင်းပေးခဲ့ပါတယ်။ အဆိုပါ မွေးနေ့ဆုတောင်းတဲ့ ပို့စ်ထဲမှာ သူမိန်းမကို ဖန်ဆင်းပေးခဲ့တဲ့ ဘုရားသခင်ကို ဘယ်လောက်ကျေးဇူးတင်ကြောင်း၊ သူ့မိန်းမရဲ့ မွေးနေ့မှာ ပန်းချီလေးဆွဲရင်း နှစ်ယောက်အတူတူ ဝိုင်သောက်ပြီး မွေးနေ့ကို ဖြတ်သန်း၇တာ ဘယ်လောက်ပျော်ကြောင်း အစရှိသဖြင့် ပါဝင်ခဲ့ပါတယ်။ ဒီတစ်ခုတည်းတင်မဟုတ်သေးပါဘူး။
လွန်ခဲ့တဲ့ သြဂုတ်လတုန်းကလည်း သူတို့နှစ်ဦးရဲ့ ၁၉ နှစ်မြောက် မင်္ဂလာနှစ်ပတ်လည်နေ့မှာ Pierce ဟာ သူ့မိန်းမကို တော်ကီအလန်းလေးတွေနဲ့ ပို့စ်တင်ပြီး သူတို့နှစ်ယောက်ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့အကြောင်း ပြောခဲ့ပါသေးတယ်။ “Shaye က ကျွန်တော့်အတွက်တော့ ထာဝရ နတ်သမီးလေးတစ်ပါးပါပဲ။ ကျွန်တော့်ဘဝရဲ့ အခက်ခဲဆုံးအချိန်တွေမှာ ကျွန်တော့်အနားတောက်လျှောက် ရှိနေပေးခဲ့တဲ့ တစ်ယောက်တည်းသော ကျွန်တော့်ရဲ့ အချစ်ပါ။ သူ့ကြောင့် ကျွန်တော့်ဘဝမှာ အစစအရာရာ အဆင်ပြေခဲ့တာပါ။ နောက်ထပ်ကျန်ရှိနေသးတဲ့ အချိန်ကာလတစ်လျှောက်လုံးကိုလည်း သူနဲ့ပဲ အတူတူ အမှတ်တရလေးတွေလုပ်ပြီး အချိန်ကုန်ချင်ပါတယ်”လို့ Pierce က ပြောကြားခဲ့ပါတယ်။
View this post on Instagram
Pyi Hein Kyaw