
Hollywood ရဲ့ နာမည်ကျော် သရုပ်ဆောင် မင်းသမီးကြီးတစ်ဦးဖြစ်တဲ့ Pamela Anderson ကိုတော့ ဒီက ပုရိသယောကျာ်းတော်တော်များများ သိရှိကြမှပါ။ Pamela ဆိုတာ တစ်ချိန်တုန်းက Playboy မဂ္ဂဇင်းရဲ့ နာမည်ကြီး အဖော်အချွတ်မော်ဒယ်တစ်ဦး ဖြစ်သလို ပုရိသ အများစုရဲ့ အသည်းစွဲမင်းသမီးတစ်ယောက် ဖြစ်ခဲ့သူတစ်ယောက်ပါ။ လူတော်တော်များများ Pamela ကို စတင်သိရှိခဲ့တာကတော့ ၁၉၈၉ ခုနှစ်က ထုတ်လုပ်ရိုက်ကူးခဲ့တဲ့ Baywatch ရုပ်ရှင်စီးရီးမှာပဲ ဖြစ်ပါတယ်။
Vegans make better lovers.
The cholesterol in meat, eggs and dairy causes hardening of the arteries (and not much else)
It slows blood flow
to all the body’s organs,
not just the heart.
You can improve your overall health
and increase stamina
in the bedroom
by going vegan.— Pamela Anderson (@pamfoundation) January 16, 2021
ပြီးခဲ့တဲ့စနေနေ့(၁၆.၁.၂၀၂၁)တုန်းက Pamela ဟာ သူမရဲ့ Twitter ကနေ ပို့စ်တစ်ခု တင်ခဲ့ပါတယ်။ အဆိုပါ ပို့စ်မှာတော့ Pamela ဟာ သက်သက်လွတ်စားသူတွေရဲ့ အားသာချက်တစ်ချို့ကို ဖော်ပြခဲ့ပါတယ်။ သက်သက်လွတ်စားသူတွေဟာ အချစ်ရေးကိစ္စတွေမှာ စွမ်းဆောင်မှုပိုကောင်းကြောင်း၊ အသားငါးစားသူနဲ့ သက်သက်လွတ်သမား နှစ်ယောက်မှာဆိုရင် သက်သက်လွတ်စားသူတွေဟာ ချစ်တင်းနှောတဲ့ ကိစ္စတွေမှာ ပိုမိုစွမ်းဆောင်နိုင်ကြောင်း သူမရဲ့ သီအိုရီတစ်ခုကို ဖွင့်ပြောပြခဲ့ပါတယ်။ ဒါကတော့ သူ့ခံယူချက်နဲ့သူပါပဲ။ ဒါပေမယ့် ဗြိတိန်ရဲ့ နာမည်ကျော် မီဒီယာတစ်ဦးဖြစ်တဲ့ Piers Morgan ကတော့ Pamela ရဲ့ Twitter ပို့စ်ကို share ခဲ့ပြီး သူ့အနေနဲ့လည်း အဲဒီသီအိုရီကို အတည်ပြုဖို့ လက်တွေ့စမ်းသပ်ချင်ကြောင်း retweet လုပ်ခဲ့ပါတယ်။
Want to test that theory? https://t.co/hdE9GS07Xs
— Piers Morgan (@piersmorgan) January 16, 2021
လူတော်တော်များများကတော့ သူတို့နှစ်ယောက်စလုံးရဲ့ ပို့စ်အောက်မှာ ကောမန့်တွေ ရေးသားပြီး နောက်ပြောင်ခဲ့ကြပါသေးတယ်။ တစ်ချို့ကတော့ ဆေးလိပ်မသောက်သူတွေဟာ အချစ်ရေးကိစ္စတွေမှာ ပိုမိုစွမ်းဆောင်နိုင်ကြောင်း၊ တစ်ချို့ကျတော့လည်း အသားငါးစားတဲ့ လူတွေဟာလည်း ချစ်တင်းနှောတဲ့ ကိစ္စတွေမှာ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ကြောင်း အစရှိသဖြင့် မှတ်ချက်များစွာ ဝင်ရောက်ရေးသားခဲ့ကြပါတယ်။ Pamela ကတော့ Piers ရဲ့ နောက်ပြောင်ရေးသားခဲ့မှုအပေါ်မှာ ဘာမှတ်ချက်မှ ပြန်မပေးခဲ့ကြောင်း express.co.uk သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။
View this post on Instagram
Pyi Hein Kyaw