မွေးရာပါ အ မွေး အတောင် တွေ ကောက်နေတဲ့ ထူးခြားတဲ့ Frillback ခိုငှက်

Image:Wikimedia Commons

သဘာဝ တရားကြီးက ထူးထူး ဆန်းဆန်းတွေ တစ်ခါ တ လေ မှာ ဖန်တီး ပေးတတ်ပါတယ်။အတင်းလုပ်ယူ ဖန်တီး ယူ စရာ မလိုပဲ သဘာဝ အတိုင်း လေး ဆန်းဆန်းပြားပြား ဖြစ် နေတဲ့ ခိုငှက် လေး ရဲ့ အေ ကြာင်းကို ဖော်ပြ ပေး ချင်ပါတယ်။သူတို့ ကိုတော့ Frillback  ခိုငှက်လို့ ခေါ် ပါတယ်။တခြား ခိုငှက် တွေ နဲ့ မတူ တာ ကတော့ သူ့ရဲ့ အ မွေး အ တောင်တွေ က မွေးရာ ပါ ကောက် နေတာပါ။ထူး ခြားပြီး ချစ်စရာ ကောင်းတဲ့ မွေးရာ ပါ အ မွေး ကောက် ခို ငှက် တွေ ရဲ့ အ ကြောင်းကိုတော့ odditycentral မှာ ဖော်ပြ ထားတာပါ။

Image:Wikimedia Commons
Image:Wikimedia Commons

Frillback  ခိုငှက် တွေရဲ့ ဇာတိ ကတော့ Asia Minor ဆိုပြီး လူသိများတဲ့ အ နောက်အာရှက အကြီး ဆုံး ကျွန်းဆွယ် ဒေသ Anatolia  လို့  ယူ ဆ ရပါတယ်။တခြား ခိုငှက် တွေ နဲ့ အ  မွေး၊ အ တောင် တွေ တင် မဟုတ်ပဲ ခြေ ထောက် တွေ က အစ မတူ ပဲ ကွာခြား ပါတယ်။တခြား ခို တွေနဲ့ ယှဉ် ရင် အရွ.ယ် အစားလည်း အနည်းငယ် ပို ကြီး သလို၊အမြှီး၊တောင်ပံ မွေး တွေ ကလည်း ပိုရှည်ပါတယ်။ခိုငှက် မျိုးစိတ် တွေ ထဲမှာ ဆိုရင် လှ ပတဲ့ မျိုး စိတ် တစ်ခု လို့ အသိအမှတ်ပြု ခံထားရတဲ့  ငှက်တွေ ပါ။သု တေ သန ပညာရှင် L. Paul Gibson ရဲ့ အ ပြော အရ ဆိုရင်တော့ ဒီခို ကငှက် တွေ ဟာ မတူ ညီတဲ့ မျိုးရိုးဗီဇ Cu1  နဲ့ Cu2 တို့ က ထိန်းချုပ် ထားတယ် လို့ ဆိုပါတယ်။

READ
ကြောက်ဖို့ကောင်းလှတဲ့ အစွန်းရောက်ရာသီဥတုတွေကို ပြနေတဲ့ ဓာတ်ပုံများ
Image:Wikimedia Commons
Image:Wikimedia Commons

လေ့လာမှုတွေ အရဆိုရင်တော့ တတိယ မျိုးရိုးဗီဇ  ကြောင့် ဒီလို မျိုး အ  မွေး အ တောင် ရှည် စေ ခဲ့တာ လို့ လည်း ပြော ကြပါတယ်။ထူးခြားတဲ့ အ မွေး အ တောင် ရှိတယ်ဆိုပေမယ့်လည်း ပျံသန်းတဲ့ နေရာမှာ တော့ တခြား ခို ငှက်  တွေ လိုပဲ ကောင်းကောင်းပျံသန်း နိုင်ပါတယ်။ဒါပေမယ့် သူတို့ က ပျံရတာထက် လမ်းလျှောက် ရတာကို ပို ပြီး သ ဘောကျ တဲ့ ငှက် အမျိုးအစားလို့ လည်း သု တေသီ တွေက ဆိုပါတယ်။

#SHWEMOM

SHARE