အိမ်နားရောက်လာတဲ့ခြင်္သေ့ကိုသတ္တိရှိရှိပြန်လည်တိုက်ခိုက်ခဲ့တဲ့ (၈)နှစ်သားလေး

Yahoo News "Twitter"

ကော်လိုရာဒိုပြည်နယ်၊ Baileyမြို့မှာ ပြီးခဲ့တဲ့လက အသက်(၈)နှစ်အရွယ် Pike Carlson ဆိုတဲ့ကောင်လေးဟာ သူ့နေအိမ်အနီးနားမှာ ခြင်္သေ့အကိုက်ခံခဲ့ရပါတယ်။ ကောင်လေးနဲ့ သူ့အကို Gageတို့ဟာ နေအိမ်ခြံဝန်းထဲမှာဆော့ကစားနေချိန်ခြင်္သေ့တစ်ကောင်ရောက်လာပြီး ကောင်လေးကိုဝင်ဆွဲခဲ့တာပါ။

ခြင်္သေ့ဟာ Pikeရဲ့ခေါင်းကိုကိုက်ပြီး သစ်ပင်တစ်ပင်ရှိရာဘက်ကိုဒရွတ်တိုက်ဆွဲချသွားခဲ့ပါတယ်။သစ်ပင်နားမှာ ကောင်လေးကိုမလှုပ်အောင်ချုပ်ထားချိန် ရုတ်တရက် Pike ကသူလွတ်မြောက်ဖို့ပဲခေါင်းထဲရှိပုံရပါတယ်။ ကြောက်လန့်ခြင်းမရှိဘဲသတ္တိရှိရှိနဲ့ပြန်လည်တိုက်ခိုက်ဖို့ကြိုးစားခဲ့ပါတယ်။

Pikeဟာ ခြင်္သေ့ကို အားကုန်ကန်ပြီး တွေ့တဲ့တုတ်ကိုလှမ်းဆွဲပေမယ့် တုတ်ကလည်းကျိုးသွားခဲ့ပါတယ်။ခြင်္သေ့နဲ့ Pikeတို့ သတ်ပုတ်နေချိန်အကိုဖြစ်သူ Gageက အိမ်ထဲဝင်ပြီး မိသားစုကိုပြေးခေါ်ခဲ့ရာ အဖေဖြစ်သူ Ronကအမြန် ပြေးထွက်လာပြီးသားဖြစ်သူကိုခြင်္သေ့လက်ကနေ ၀င်ရောက်ကယ်ဆယ်ခဲ့ပါတယ်။

 

ဖခင်ဖြစ်သူရောက်ရှိလာချိန်မှာမှ ခြင်္သေ့ကကောင်လေးကိုလွှတ်ပြီးထွက်ပြေးသွားခဲ့တာပါ။ ဒါပေမယ့် ကလေးတစ်ကိုယ်လုံးသွေးတွေအပြင် မျက်နှာတစ်ခုလုံးထိခိုက်သွားခဲ့ပါတယ်။ကောင်လေးဟာ ဆေးကုသတွေခံယူခဲ့ရပေမယ့် ထိခိုက်သွားတဲ့မျက်လုံးတစ်ဖက်ကတော့ပြန်ကောင်းဖို့ ကုသမှုတွေထပ်ပြီးခံယူရအုံးမှာပါ။ GoFundMe ပရဟိတဖောင်ဒေးရှင်းက ကောင်လေးရဲ့ဆေးကုသစရိတ်အတွက် အမေရိကန်ဒေါ်လာငါးသောင်းထောက်ပံ့ပေးဖို့ရည်ရွယ်ထားပြီး၊ အခုလက်ရှိ အမေရိကန်ဒေါ်လာနှစ်သောင်းနီပါး မတည်ပေးထားတယ်လို့သိရပါတယ်။

Khaing

SHARE