ကပ္ပတိန်မရောက်လာလို့ လေယာဉ်ကြီးကို ခရီးသည်ကမောင်းပေးလိုက်ရတဲ့ဖြစ်ရပ်

Michelle Hannah Potts, Facebook, Michael Bradley/Facebook

ဖြစ်ရပ်ကတော့ ဆန်းလည်းဆန်းကျယ်၊ တိုက်လည်းတိုက်ဆိုင်လွန်းလှပါတယ်။ Micheal Bradley ဟာ ရတောင့်ရခဲခွင့်ရက်လေး ၄ ရက်ကို မိသားစုနဲ့အတူတူ စပိန်ကိုခရီးထွက်မယ်ဆိုပြီး ပြင်ဆင်ထားခဲ့ပါတယ်။ လေယာဉ်လက်မှတ်ကအစ၊ ဟိုတယ်အဆုံး ၊ ဟိုရောက်ရင် လည်ပတ်ဖို့ခရီးစဉ်တွေကအစ အကုန်လုံး ပိုက်ဆံကြိုပေးပြီးသွားနှင့်ပါပြီ။

ဖြစ်ချင်တော့ ခရီးစဉ်စစချင်းမှာပဲ စိတ်အနှောင့်အယှက်ဖြစ်စရာ ကိစ္စတစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတော့တယ်။ အဲဒါကတော့ သူတို့ရဲ့စပိန်သွားမယ့်လေယာဉ်ကြီးဟာ စတင်ထွက်ခွာမယ့်အချိန်ထက် တော်တော်လေးကို ကျော်လွန်နေခဲ့ပါပြီ။ ဒါကို သားလေးနဲ့ Micheal နဲ့က အိပ်နေတဲ့အတွက် မသိခဲ့ပေမယ်လို့ Micheal ရဲ့ ဇနီးသည်ကတော့ ၂ နာရီကျော်ကြာလာတဲ့အချိန်မှာ ဘယ်လိုမှ မနေနိုင်တော့ပါဘူး။ သားရော အမျိုးသားကရောပါ အိပ်ပျော်နေတာကိုး။ ဒါနဲ့ တခြားတစ်တန်းမှာ ထိုင်နေတဲ့ ဇနီးသည်ကနေပြီး Micheal ကို နှိုးပြီးပြောလာခဲ့ပါတယ်။ လေယာဉ်ထွက်ဖို့နောက်ကျနေတာ ၂ နာရီကျော်နေပြီ၊ ကပ္ပတိန်တစ်ယောက် မလာသေးလို့ဆိုပြီးပေါ့။

READ
ထောင်နဲ့မတန်တဲ့ ရုပ်ရည်ရှိလို့၊ တရားလိုကောင်မလေးကို အမှုမဖွင့်ဖို့ တောင်းပန်ခဲ့သူ

Micheal တစ်ယောက် တော်တော်လေး ခေါင်းနပမ်းကြီးသွားခဲ့ပါတယ်တဲ့။ ဘာကြောင့်ဆို ခွင့်လေးရတာမှ ၄ ရက်တည်း၊ နောက်ပြီးစပိန်မှာလည်း ခရီးစဉ်တွေအကုန်လုံး ပိုက်ဆံပေးထားခဲ့ပြီလေ။ အခုတောင် လေယာဉ်က ၂ နာရီကျော်နောက်ကျနေပြီမဟုတ်လား။ ဒါနဲ့ပဲ လေယာဉ်ထိန်းချုပ်ခန်းကို ဖုန်းခေါ်ခဲ့ပါတယ်။ လိုနေတဲ့ကပ္ပတိန်နေရာကို သူဝင်မယ်ပေါ့။

Michelle Hannah Potts, Facebook

တိုက်ဆိုင်စွာနဲ့ပဲ Micheal ဟာ easyJet ဆိုတဲ့ လေကြောင်းလိုင်းရဲ့ ကပ္ပတိန်တစ်ယောက်ဖြစ်နေခဲ့ပါတယ်။ ခွင့်ရက်လေး ၄ ရက်ရလို့ မိသားစုနဲ့ခရီးသွားမယ်ဆိုတော့လည်း easyJet လေကြောင်းလိုင်းနဲ့ပဲ အသွားအပြန်စီစဉ်ခဲ့တဲ့အတွက်ကြောင့် အခုလိုပြဿနာမျိုးနဲ့ကြုံခဲ့ရပြန်တော့ ကိုယ်နဲ့မကွာဆောင်ထားခဲ့တဲ့ လေယာဉ်လိုင်စင်နဲ့မှတ်ပုံတင်ကတ်ပြားတို့ကိုပြကာ သူဝင်မောင်းပေးမယ်ဆိုပြီး ဖြစ်သွားခဲ့တာပါ။ ဒါပေမဲ့ လေယာဉ်ကပ္ပတိန်ဝတ်စုံနဲ့တော့မဟုတ်ဘူးပေါ့။ လေကြောင်းလိုင်းဖက်ကလည်း သဘောတူခဲ့တဲ့အခါမှာတော့ Micheal တို့မိသားစုရဲ့ စပိန်ခရီးစဉ်လေးကလည်း အနှောက်အယှက်ကင်းကင်းနဲ့ စတင်ထွက်ခွာနိုင်ခဲ့ပါတော့တယ်။

Michael Bradley/Facebook

News.Au မှာ ဖော်ပြချက်အရ ခရီးသည်အမျိုးသမီးတစ်ယောက်ကတော့ ဘယ်ကမှန်းမသိတဲ့ ခရီးသည်က လေယာဉ်မောင်းပေးမယ်လို့ ပြောနေခဲ့လို့ ကြောက်လန့်တကြားဖြစ်ပြီး ဘာတွေလုပ်နေလဲလို့ ထင်ခဲ့ပါသေးတယ်တဲ့ Micheal ကို လေယာဉ်ကပ္ပတိန်မှန်းမသိဘဲပေါ့။ နောက် ဒီလေကြောင်းလိုင်းမှာပဲ ပိုင်းလော့လုပ်နေခဲ့တယ်ဆိုတာ သိသွားတော့မှ အကုန်လုံး ဂျူတီချိန်မဟုတ်ဘဲ လေးဖင့်နေတဲ့ခရီးစဉ်ကို ဝင်မောင်းပေးတဲ့ Micheal ကို ကျေးဇူးတင်နေကြပါတော့တယ်။

It could only happen to me!! Get to the airport and our flight is delayed a couple of hours… then I happen to look at…

Posted by Michelle Hannah Potts on Monday, September 2, 2019

Penny

SHARE