ဒူဘိုင်းမြို့ဝန်းကျင်မှာ စတင်ပြေးဆွဲပေးမယ့် မောင်းသူမဲ့ ကြက်ဥပုံစံ တက္ကစီဒရုန်းယာဉ်

လူတစ်ယောက်သာ စီးနင်းလိုက်ပါနိုင်မယ့် ကြက်ဥပုံစံတက္ကစီဒရုန်းယာဉ်ကို ဇူလိုင်လထဲမှာ စတင်ပြေးဆွဲပေးတော့မယ်လို့ သိရပါတယ်။ အဆိုပါ ဒရုန်းကို တရုတ်နိုင်ငံက ထုတ်လုပ်ထားပြီး EHang 184 လို့ မူလအမည်တွင်ပါတယ်။ မောင်းသူမဲ့ ဒရုန်းဖြစ်ပြီး၊ 100mph အမြန်နှုန်းရှိပါတယ်။ ဒီဒရုန်းကို World Government Summit မှာ မိတ်ဆက်ခဲ့ပါတယ်။

အဆိုပါ ဒရုန်းကို လျှပ်စစ်စွမ်းအင်စနစ်နဲ့ မောင်းနှင်ပျံသန်းမှာ ဖြစ်ပြီး လူတစ်ယောက်စီးနင်းလိုက်ပါနိုင်ကာ မိနစ် 30 အထိ ပျံသန်းနိုင်မယ်လို့ ဆိုပါတယ်။ 16 စတုံသာ အလေးချိန်ရှိတဲ့ ခရီးသည်ကိုသာ ပို့ဆောင်ပေးမှာဖြစ်ပြီး 31 မိုင်အတွင်းက
ခရီးအကွာဝေးကို Touch Screen ပေါ်ကနေ မိမိစိတ်ကြိုက် ရွေးချယ်နိုင်မှာပါ။ ပြီးလျှင် ၎င်းတက္ကစီဒရုန်းဟာ ထိန်းချုပ်ရေးစင်တာကို အလိုလျှောက် ပြန်လည်ရောက်ရှိလာမှာ ဖြစ်ပါတယ်။

READ
ကိုရီးယားကုမ္ပဏီတစ်ခုနဲ့ Huawei တို့ ပူးပေါင်းထုတ်လုပ်လိုက်တဲ့ စမတ်မျက်မှန်

မောင်းသူမဲ့လေယာဉ်ဖြစ်လို့ အချိန်ပြည့် ထိန်းချုပ်မှုအောက်မှာသာ ရှိမှာဖြစ်ပြီး၊ ဘေးကင်းလုံခြုံမှုနဲ့ သွားလိုရာကို မိနစ်ပိုင်းအတွင်း အမြန်သွားနိုင်မှုအတွက် အလွန်သင့်တော်တယ်လို့ ညွှန်းဆိုထားကြပါတယ်။ ကြက်ဥပုံစံဒရုန်းယာဉ်မှာ အပြင်ကို ဆန့်ထုတ်နိုင်တဲ့ ခြေထောက်လေးချောင်းပါရှိပြီး၊ အဲဒီခြေထောက်လေးချောင်းမှာ ပန်ကာအသေးနှစ်ခုစီ တပ်ဆင်ထားပါတယ်။

ပြီးခဲ့တဲ့ လကလည်း အစ္စရေးနည်းပညာကုမ္မဏီတစ်ခုက ခရီးသည်ပို့ဆောင်ရေး ဒရုန်းကို မိတ်ဆက်ပြသခဲ့ပြီး 78 စတုံအထိ တင်ဆောင်နိုင်မှာလို့ သိရပါတယ်။ အမြန်နှုန်းကတော့ 115 mph ပါ။ ဒါပေမယ့် 2020 ခုနှစ်မှသာ အသုံးပြုနိုင်ဖွယ် ရှိပါတယ်။

နတ်စည်တော် (Shwemom)

source : thesun.co.uk

SHARE