ကြမ္မာဆိုးမတိုင်ခင် လေယာဉ်မှုးတွေရဲ့ နောက်ဆုံးပြောသွားတဲ့ စကားသံများ

pexels/pixabay

ကမ္ဘာကြီးဟာ လူတစ်ယောက် မသေခင်မှာပြောသွားတဲ့စကားတွေကို ကြားရခဲပါတယ်။ ဒါပေမဲ့ ပျက်စီးလုနီးလေယာဉ်တစ်စီးပေါ်မှာတော့ လေယာဉ်မှုးတွေရဲ့နောက်ဆုံးစကားသံတွေကို ကြားနိုင်ပါတယ်။ ယာဉ်မောင်းခန်းထဲက အသံဖမ်းစက်ဟာ လေယာဉ်မီးလောင်မှုထဲမှာ နောက်ဆုံးကျန်ခဲ့တဲ့ အရေးအကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ အခုဖော်ပြပေးမှာကတော့ news.com.au ကတဆင့်သိရှိရတဲ့ လေယာဉ်မပျက်ခင် လေယာဉ်မှုးတွေပြောသွားခဲ့တဲ့ နောက်ဆံုးစကားသံတွေဖြစ်ပါတယ်။

ကိုဗစ်တွေဖြစ်နေပေမယ့် ၂၀၂၀ခုနှစ်မှာ လေကြောင်းလိုင်းအချို့ပြေးဆွဲတုန်းပဲဖြစ်ပါတယ်။ လေယာဉ်တွေပြေးဆွဲနေတဲ့အထဲ ပါကစ္စတန်လေကြောင်းလိုင်း လေယာဉ်အမှတ် ၈၃၀၃ ဟာ အဆိုးဝါးဆုံးလေယာဉ်ပေါက်ကွဲမှုတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။ လေယာဉ်ပေါ်လိုက်ပါလာသူ ၉၇ယောက်သေဆုံးပြီး ၂ဦးသာ အသက်ရှင်ကျန်ခဲ့ပါတယ်။ Jinnah အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေယာဉ်ဆင်းဖို့အကြိမ်ကြိမ်ကြိုးစားရာမှာ မအောင်မြင်ဘဲ အင်ဂျင်ပြဿနာကြောင့် လူနေအိမ်ခြေဧရိယာကို ဝင်တိုက်မိခဲ့တာပါ။ လေယာဉ်မပေါက်ကွဲမီနောက်ဆုံးပြောခဲ့တဲ့စကားကတော့ “မေဒေး မေဒေး မေဒေး ပါကစ္စတန် ၈၃၀၃” ဆိုပြီးနောက်ပိုင်း ရပ်သွားခဲ့ပါတယ်။

ရီယိုဒီဂျနေးရိုးကနေ ပါရီကိုပျံသန်းမယ့် Air France လေယာဉ်အမှတ် ၄၄၇ ဟာ ဇွန်လ ၂၀၀၉ခုနှစ်မှာ အတ္တလန္တိတ်သမုဒ္ဒရာထဲထိုးကျခဲ့ပါတယ်။ လေယာဉ်အမှုထမ်းနဲ့ ခရီးသည်တွေအပါအဝင် လူပေါင်း ၂၂၈ယောက်သေဆုံးခဲ့ပါတယ်။ Air France လေကြောင်းသမိုင်းမှာတော့ အဆိုးဝါးဆိုးလေယာဉ်တိုက်မှု ဖြစ်ပါတယ်။ အစပိုင်းလေယာဉ်ပျက်ကျတာဟာ နည်းပညာပြဿနာကြောင့်လို့ သိထားပေမယ့် တကယ်တော့ ဝါရင့်လေယာဉ်မှုးဟာ အိပ်ပျော်နေခဲ့တာဖြစ်ပြီး လူသစ်ကို လွှဲထားခဲ့တာပါ။ ဝါရင့်လေယာဉ်မှုးက ယာဉ်မောင်းခန်းကို ပြန်လာတဲ့အခါမှာတော့ အရမ်းနောက်ကျသွားခဲ့ပါပြီ “သေစမ်း ငါတို့တိုက်မိတော့မယ်။ ဒါ မဟုတ်ဘူး။ ဘာတွေဖြစ်နေတာလဲ။ ငါတို့တော့သေပြီ။” ဆိုပြီး ပြောစကားနောက် အချက်ပေးမြည်သံတွေဆက်တိုက်ပေါ်လာကာ အသံတွေတိတ်သွားတာဖြစ်ပါတယ်။

READ
သရဲခြောက်တဲ့အိမ်ကြီးကို Tourist တွေ စိတ်ဝင်စားလာအောင် ကြိုးပမ်းနေတဲ့ပိုင်ရှင်များ

ဒီဖြစ်ရပ်ကတော့ ဖြစ်ပွားခဲ့တာ ဆယ်စုနှစ်လေးခုလောက် ရှိခဲ့ပါပြီ။ စပိန်နိုင်ငံ Tenerife လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ လေယာဉ်မတော်တဆမှုပါ။ ၁၉၇၇ခုနှစ် မတ်လ၂၇ရက်မှာ Boeing 747 လေယာဉ်နှစ်စီးဟာ တိုက်မိခဲ့တာပါ။ တစ်စီးက Dutch carrier KLM ဖြစ်ပြီး အခြားတစ်စီးကတော့ Pan American ဖြစ်ပြီး ပြေးလမ်းပေါ်မှာ တိုက်မိကြတာပါ။ မီးလောင်မှုအကြီးကြီးဖြစ်ပြီး လေယာဉ်နှစ်စီးပေါ်မှာပါလာတဲ့ခရီးသည် ၅၈၃ယောက် သေဆုံးသွားခဲ့တာပါ။ ဖြစ်စဉ်မှာ Pan Am လေယာဉ်ဟာ KLM ပျံသန်းမယ့်လမ်းကြောင်းပေါ်မှာ ကံဆိုးစွာရောက်နေတာပါ။ လျှောက်လမ်းအတိုင်း KLM ပြေးလာစဉ် Pan Am ပေါ်မှာတော့ အော်နေတဲ့အသံတွေကို အခုလိုကြားရပါတယ်။ Pan Am ရဲ့ကပ္ပတိန် Victor Grubbs ကတော့ “ကြည့်လိုက်။ သေစမ်း။ ဒီခွေးမသားလာနေပြီ။” လို့နောက်ဆုံးအော်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါလေယာဉ်နှစ်စီးတိုက်မိတဲ့ဖြစ်ရပ်ဟာ လေယာဉ်တိုက်တဲ့ဖြစ်စဉ်မှာတော့ လူသေအများဆုံးအဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

READ
သွားချင်စရာနေရာတွေပြည့်နှက်နေတဲ့ Lonely Planet ခရီးသွားမှတ်တမ်းစာအုပ်

ShweMom

SHARE