ကမ္ဘာ့အမြန်ဆုံးကားဖြစ်လာခဲ့တဲ့ Pininfarina ရဲ့ “Battista”

လနဲ့ချီကာ ကြိုတင်ကြေညာခဲ့ပြီးနောက်မှာတော့ အီတလီကားကုမ္ပဏီ Pininfarina ကနေ ၎င်းရဲ့ ပထမဆုံး ထုတ်လုပ်လိုက်တဲ့ ကားအမျိုးအစား “Battista” ကို ထုတ်ပြလိုက်ပါပြီ။

Pininfarina ကုမ္ပဏီကတော့ သူတို့ရဲ့ “Battista” ဟာ အီတလီနိုင်ငံမှာ ဒီဇိုင်းထွင် ထုတ်လုပ်တဲ့ ကားတွေအနက် “စွမ်းအားအပြင်းဆုံး ကား” ဖြစ်တယ်လို့ ကြေညာထားပါတယ်။ Battista ကားဟာ လျှပ်စစ်ကားအမျိုးအစားဖြစ်ပါတယ်။ လျှပ်စစ်မော်တာ ၄ လုံးတပ်ဆင်ထားပြီး မော်တာတစ်လုံးစီက ဘီးတစ်လုံးစီကို စွမ်းအင် ပေးပါတယ်။

The Verge

လျှပ်စစ်မော်တာ ၄ လုံးကနေ မြင်းကောင်ရေးအား စုစုပေါင်း 1900 hp ထုတ်ပေးပြီး ၂ စက္ကန့်အတွင်း မိုင် ၆၀ အထိ မောင်းနှင်နိုင်ပါတယ်။ အမြန်ဆုံးနှုန်းကတော့ တစ်နာရီကို ၂၁၇ မိုင်နှုန်းအထိ သွားနိုင်ပါတယ်။ ဒါဟာ Ferrari ရဲ့ F1 ကားထက်တောင် ပိုမြန်တာ ဖြစ်ပြီး ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကား ဖြစ်လာခဲ့ပါတယ်။

READ
၂၀၁၈-ခုနှစ်မှာ ဈေးကွက်ထဲဝင်ရောက်လာဖို့ရှိတဲ့ ကားပျံ
The Verge

Battista ကားကို အားအပြည့် တစ်ခါသွင်းပြီးတိုင်း မိုင်ပေါင်း ၂၈၀ မောင်းနှင်နိုင်ပါတယ်။ Battista ဆိုတဲ့ နာမည်ကိုတော့ Pininfarina ကုမ္ပဏီရဲ့ တည်ထောင်သူ Battista “Pinin” Farina ကို အစွဲပြုပြီး ပေးထားတာဖြစ်ပါတယ်။Battista ကတော့ Pininfarina ကုမ္ပဏီကနေ ထုတ်လုပ်မယ့် တစ်မျိုးတည်းသော လျှပ်စစ်ကား ဖြစ်မှာမဟုတ်ပါဘူး။

The Verge

ကုမ္ပဏီကနေ အခြားလျှပ်စစ်ကားတွေကို ဆက်ထုတ်သွားဖို့စီစဉ်ထားပြီး ပြိုင်ကားတွေပါ ထုတ်လုပ်သွားမယ်လို့လည်း သိရပါတယ်။ Battista ကတော့ လျှပ်စစ်နည်းပညာတွေ ဘယ်လောက်တိုးတက်လာနေလဲဆိုတာ ပြသနေတဲ့ ကားအမျိုးအစားတစ်မျိုးလည်း ဖြစ်လာပါတယ်။

The Verge

Ref: The Verge, BBC

SHARE