မြောက်အမေရိကတိုက်က British Virgin ကျွန်းမှာရှိတဲ့ Anegada ကျွန်းမှာ အဖြူရောင် အသားတွေဖယ်ထုတ်ထားတဲ့ ခရုခွံများစွာရှိပါတယ်။ ဒီတောက်ပတဲ့ ပန်းရောင်ခရုခွံတွေရှိရာနေရာဟာ ခရုသင်္ချိုင်းလို့လည်း လူသိများပါတယ်။ ဒီနေရာဟာ တံငါသည်တွေထုတ်ကုန်ပြုလုပ်ရာနေရာဖြစ်ပြီး သူတို့ဟာ ခရုထဲက အသားတွေကိုဖဲ့ယူပြီး အခွံတွေကိုဒီအတိုင်းလွှတ်ပစ်ထားတာပဲဖြစ်ပါတယ်။ ဒီပန်းရောင်ဖြစ်နေတဲ့ ခရုတွေဟာ မြစ်ချောင်းထဲမှာရှိတဲ့ ပင်လယ်ခရုတစ်မျိုးဖြစ်ပြီး ကျွန်းတွေရဲ့အဓိကပင်လယ်စာ ထုတ်ကုန်တစ်မျိုး လည်းဖြစ်ပါတယ်။
စွန့်ပစ်ခရုတွေ ဒီလိုစုပုံနေတာကိုမြင်ရတာ အင်မတန်လှပပြီး ချစ်စရာကောင်းပါတယ်။
ဒီနေရာမှာရှိတဲ့ ဒေသဆိုင်ရာအစားအစာတွေကိုကျွေးမွေးတဲ့စားသောက်ဆိုင်တိုင်းရဲ့ menu မှာ ခရုကြော်ဟာ အဓိကအစားအသောက်စာရင်းရဲ့ထိပ်ဆုံးမှာပါဝင်နေပါတယ်။ အရသာရှိတဲ့ခရုရဲ့ အသားတွေကို အပိုင်းပိုင်းဖြတ်ပြီး မုန့်နှစ်နဲ့ကြော်ထားတာပဲဖြစ်ပါတယ်။ ထမင်းနဲ့လည်း တွဲဖက်စားသုံးလို့ ရတဲ့ဟင်းလျာပဲဖြစ်ပါတယ်။

မုန့်နှစ်နဲ့ကြော်ထားတဲ့ခရုကြော်ကို ketchup-mayonnaise sauce နဲ့တွဲဖက်စားသုံးရင် အရမ်းကောင်း ပါတယ်။
ဒီခရုကြော်ဟင်းလျာကို ကာရေဘီယံသင်္ဘောတွေရဲ့မီးချောင်တွေထဲမှာ အများဆုံးလုပ်စားတဲ့အစားအစာ တစ်မျိုးလည်းဖြစ်ပါတယ်။ ခရုတွေကို ကာရေဘီယံဒေသတစ်လျှောက်ရှိနေရာတိုင်းမှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် British Virgin ကျွန်းမှာတော့ ဒီခရုတွေကို ဒေသခံတွေကသာ ကောက်ယူစားသောက်ရောင်းချ မှုတွေပြုလုပ်ကြတာဖြစ်ပါတယ်။

များသောအားဖြင့် ခရုတွေကို Anegada ကျွန်းပတ်ဝန်းကျင်က ရယူကြတာဖြစ်ပါတယ်။
စွန့်ပစ်ထားတဲ့ခရုခွံတွေဟာ ပင်လယ်ကြမ်းပြင်အောက်ကနေတစ်ဆင့် ရေပေါ်မှာပါတောင်ကုန်းသဖွယ်ဖြစ်နေ တာဖြစ်ပါတယ်။ ဒီအစုလိုက်အပြုံလိုက်ဖြစ်နေတဲ့ ခရုခွံတွေထဲမှာ ခရုမျိုးစိပ်တော်တော်များ များကိုတွေ့နိုင်တယ်လို့ လူအချို့ပြောပါတယ်။

ငါးဖမ်းသမားတွေက ရာဘာလို အသားမျိုးရှိတဲ့ ခရုကို လိုက်လံရှာဖွေကတာဖြစ်ပါတယ်။
စိတ်ဝင်စားစရာကောင်းတာက ခရုခွံတွေဟာ သက်ရှိတွေကိုအမှန်တကယ်ကို တွန်းကန်နိုင်ပါတယ်။ ပင်လယ်ကြမ်းပြင်အောက်ကို ရေငုတ်ဖူးတဲ့ဒေသခံတိုင်း ဒီခရုခွံတွေရဲ့ဖြစ်တည်မှုအစကို တွေ့ဖူးတယ်လို့ ဒေသ ငါးဖမ်းသမားတစ်ဦးကရှင်းပြခဲ့ပါတယ်။ တံငါသည်တွေဟာ ခရုထဲမှာရှိတဲ့ကလီစာတွေကိုယူပြီး ဘာမှမရှိ တော့တဲ့အခွံကို အနက်ပေ(၃၀) သို့မဟုတ် ပေ(၄၀)ရှိတဲ့ပင်လယ်ထဲကိုလွှင့်ပစ်ကြတာကြောင့် အခွံတွေဟာ ပင်လယ်ရေအောက်မှာစုပြုံသွားခဲ့ပြီး တစ်ဖြေးဖြေးနဲ့ ရေပေါ်ကိုတောင်ကုန်းသဖွယ်ပေါ်လာပြီး ချစ်စရာကောင်းတဲ့ ခရုသင်္ချိုင်းလေးဖြစ်လာခဲ့တာဖြစ်ပါတယ်။
ကျွန်းမှာရှိတဲ့ အသက်ရှင်နေတဲ့ ခရုတွေဟာလည်း တောင်လိုပုံနေတဲ့ ခရုခွံတွေဟာ မပျက်စီးပဲ သက်ရှိပုံစံတိုင်း ဖြစ်နေတာကြောင့် ထိတ်လန့်ကြောက်ရွံ့မှုတွေမရှိပဲ ဆက်လက်နေထိုင်လျက်ရှိပါတယ်။
Thae Su