အရင်က ရွှေထီးဆောင်းခဲ့ပေမယ့်၊ ကိုဗစ်ကာလမှာ ရုန်းကန်နေရတဲ့ ပိုင်းလော့ကြီး

Alibaba.Com

ပိုင်းလော့တွေဆိုတာ ဝင်ငွေထိပ်သီးအဆင့်ရှိတဲ့ ဝန်ထမ်းတွေ ဖြစ်ကြပါတယ်။ လစာအကောင်းဆုံး ပိုင်းလော့တွေဆိုရင် တစ်နှစ်ကို ဒေါ်လာ(၃)သိန်းလောက်ထိ ဝင်ငွေရှိကြပါတယ်။ အခုပုံမှာဖော်ပြထားတဲ့ မလေးရှားပိုင်းလော့တစ်ဦးကတော့ တစ်ရက်ကို ဒေါ်လာ (၁၄၀) ဝင်တယ်လို့ ဆိုပါတယ်။ ဒါကတော့ အရင်ကပေါ့။

ကိုဗစ်ကြောင့် ခရီးသွားလုပ်ငန်းတွေ၊ ကြောင်းလုပ်ငန်းတွေ အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်တဲ့အခါမှာ လေယာဉ်နဲ့နီးနွယ်ပတ်သက်တဲ့ ဝန်ထမ်းတွေလည်း ဘဝကို ဖြစ်သလို ကြုံသလို ရုန်းကန်ရတာပါပဲ။ ဒီအချိန်မှာ ငါ လေယာဉ်မှူးကွ၊ လေယာဉ်မယ်ကွဆိုပြီး မာန်မာနေတွေရှိနေရင် တကယ်အခက်တွေ့မှာက ကိုယ့်မိသားစုပါ။

Anwar Ajid / Facebook

အခု လေယာဉ်မှူးကြီးရဲ့အမည်ကတော့ Anwar Ajid ပါ။ သူဟာ လစာမဲ့အလုပ်လက်မဲ့ကာလမှာ မိသားစုစားဝတ်နေရေး တစ်ပြန်ထောက်ပံ့နိုင်ဖို့အတွက် ကမ္ဘာကျော် Delivery ကုမ္ပဏီကြီးဖြစ်တဲ့ FoodPanda မှာ Delivery သမားအဖြစ် ယာယီအလုပ်ဝင်ခဲ့ရကြောင်း Rachfeed သတင်းပေ့ခ်ျက ဖော်ပြခဲ့ပါတယ်။

လက်ရှိအချိန်ထိတော့ Ajid တို့ လေကြောင်းလိုင်းဟာ လုပ်ငန်းတွေ ပြန်လည်လည်ပတ်ဖို့ မရှိသေးပါဘူး။ နိုင်ငံတော်တော်များများမှာတော့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေ သယ်ယူပို့ဆောင်နေတဲ့ လေယာဉ်တွေ၊ အရေးကြီးတဲ့ ကုန်တင်လေယာဉ်တွေကိုသာ ပြေးဆွဲခွင့်ပေးထားတာပါ။

Anwar Ajid / Facebook

Delivery အလုပ်ကတော့ ကိုယ်တိုင်လုပ်ဖူးသူတွေမှ ဘယ်လောက်ပင်ပန်းတယ်ဆိုတာ သိကြမှာပါ။ ကော်မရှင်အခစား စနစ်မို့ များများပို့နိုင်လေ၊ များများပိုက်ဆံရလေ ဖြစ်ပါတယ်။ Ajid ကတော့ မူလအလုပ်နဲ့ အများကြီးကွဲပြားနေတဲ့ဒီအလုပ်ကို မိသားစု အထောက်အပံ့လေးမှ ရရဆိုပြီး မညည်းမညူ  လုပ်နေတာပါ။

အခု Delivery  သမားဘဝမှာ ပိုပြီးပင်ပန်းသလောက် တစ်ရက်ကို လုပ်ခအဖြစ် ရင်းဂစ် (၅၀)ကနေ (၇၀)သာ ရပါတယ်။ ဒေါ်လာနဲ့ဆိုရင် တစ်ရက်ကို (၁၂)ဒေါ်လာကနေ (၁၆)ဒေါ်လာလောက် အများဆုံးရတာပါ။ အလွန်နည်းပါးသော်လည်း သူကတော့ ဒီအလုပ်ကို လုပ်ရတာ ဖိအားပိုကင်းလို့ ပျော်တယ်လို့ ဆိုပါတယ်။

Anwar Ajid / Facebook

အခုလိုအခြေအနေမှာ Delivery သမားတွေဘဝကို ပိုပြီးစာနာမိတယ်လို့ ဆိုပါတယ်။ ယခင်က သူတို့ အစားအစာ တစ်ခုခုမှာလို့ နောက်ကျရင် Delivery သမားတွေကို အော်ဖို့ငေါက်ဖို့ အပြစ်တင်ဖို့ သိကြပေမယ့် တကယ်တမ်းကျတော့ Delivery သမားတွေဟာ ယာဉ်ပိတ်စို့မှုတွေ၊ ရာသီဥတုအခြေအနေနဲ့၊ လမ်းပန်းဆက်သွယ်ရေး အဆင်မပြေတာတွေကြားက အနီးစပ်ဆုံး ကာစတမ်မာတွေဆီကို အကူအညီတွေ ပေးနေရသူတွေပါလားလို့ သဘောပေါက်လာမိစေတယ်လို့ ပြောခဲ့ပါတယ်။

လင်းသူရိန်

SHARE