ကမ္ဘာတစ်ဝှမ်းမှာဖြစ်ပွားနေတဲ့ ကပ်ရောဂါဘေးကြီးဟာ ၂၀၁၉ ခုနှစ်ကုန်ကတည်းက စတင်ဖြစ်ပွားခဲ့တာ လက်ရှိအချိန်အထိ စိတ်ချရတဲ့အနေအထားမှာ မရှိသေးပါဘူး။ ဒါပေမဲ့လည်း ဖြစ်ပွားမှုနှုန်းတွေကတော့ စစချင်းထက်စာရင် နည်းလာခဲ့ပြီလို့ ဆိုနိုင်မှာပါ။ ဒီကြားထဲ social distancing စနစ်ကို လိုက်နာနေရတဲ့အတွက် စားသောက်ဆိုင်တွေမှာလည်း ထိုင်စားခွင့်မရကြတော့ဘဲ delivery စနစ်တွေ၊ pick up စနစ်တွေနဲ့သာ ပါဆယ်ဝယ်စားသုံးနေခဲ့ကြရပါတယ်။
Delivery စနစ်နဲ့ပတ်သက်ပြီး ထိုင်းနိုင်ငံက ပီဇာကုမ္ပဏီအကြောင်းပြောရဦးမယ်။ Coconut Bangkok မှာ ဖတ်လိုက်ရတဲ့သတင်းတစ်ပုဒ်ပါ။ ထိုင်းက ပီဇာကုမ္ပဏီဟာ အခုဆိုရင် ပီဇာတွေကို အိမ်တိုင်ရာရောက်ပို့ပေးတဲ့အခါ ဘယ်ဆိုင်မှ မလုပ်ဖူးသေးတဲ့အရာတစ်ခုနဲ့ ပို့ဆောင်သွားမှာပါတဲ့။


အဲဒါကတော့ drone ကို သုံးပြီးတော့ပဲဖြစ်ပါတယ်။ Drone ဆိုတာဟာ တိုက်ခိုက်ရေးကစလို့ အနုပညာဖန်တီးမှုတွေ၊ ဓာတ်ပုံရိုက်တာတွေ၊ ထောက်လှမ်းဖို့တွေ စသဖြင့် သုံးရင် သုံးသလို အသုံးဝင်တဲ့ ပစ္စည်းတစ်မျိုးပဲဖြစ်ပါတယ်။ ဒါကြောင့် ပီဇာကုမ္ပဏီကတော့ သူတို့ရဲ့ အစားအသောက်ပို့ဆောင်ရေးတွေမှာ ဒရုန်းကို သုံးသွားဖို့အတွက် စမ်းသပ်မှုတွေလုပ်နေခဲ့ပြီလို့ ပြောထားခဲ့ပါတယ်။


ဒါပေမဲ့ drone ရဲ့စွယ်စုံးသုံးလို့ရတဲ့ အခြေအနေကြောင့် အစိုးရတွေအနေနဲ့ နေရာတော်တော်များများမှာ drone ပျံသံခွင့်တွေကို တရားမဝင်အနေနဲ့ ပိတ်ထားခဲ့ကြတာပါ။ ဒီအတွက် ပီဇာကုမ္ပဏီအနေနဲ့ စမ်းသပ်မှုအောင်မြင်သွားတဲ့အခါကျ အစိုးရက ခွင့်ပြုပေးမယ်ဆိုရင် ရည်ရှည်အတွက်ပြင်ဆင်သွားမယ်လို့ သိခဲ့ရပါတယ်။ ပီဇာကုမ္ပဏီဖက်က drone ကိုသုံးတဲ့ရည်ရွယ်ချက်ကတော့ လူလူချင်းထိတွေ့မှုမရှိတော့ဘူး၊ နောက်ပြီး ကားကြပ်မှုတွေကြောင့် အချိန်ကြန့်ကြာမှုလည်း မရှိတော့လို့ပါတဲ့လေ။
Penny