ကတုတ်ကျင်းဟောင်းကြီးထဲက ရှန်ဟိုင်းရဲ့ ကမ္ဘာ့ပထမဆုံး မြေအောက်ဟိုတယ်

တရုတ်နိုင်ငံမှာ အသုံးမပြုတော့တဲ့ ကြီးမားတဲ့ သတ္တုတွင်း တူးဖော်ခဲ့တဲ့ကျင်းကြီးတစ်ခုကို ကမ္ဘာ့ပထမဆုံးမြေအောက်ဟိုတယ်အဖြစ် ပြောင်းလဲပြီး ကြာသပတေးနေ့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၄င်းဟိုတယ်ကြီးကို InterContinental Shanghai Wonderland လို့အမည်ပေးထားပါတယ်။ မြေအောက် အနက်ပေ(၂၉၀) မှာရှိတဲ့ တွင်းကြီးထဲမှာ ဟိုတယ်ဆောက်လုပ်ရတာ အင်ဂျင်နီယာတွေအတွက်တော့ အခက်အခဲပေါင်းများစွာနဲ့ ရင်ဆိုင်တွေ့ခဲ့ပါတယ်။

asiaone
asiaone

မြေအောက်ဟိုတယ်ကြီးဟာ အခန်းပေါင်း (၃၃၆) ခန်းပါဝင်ကြောင်း သိရပါတယ်။ ဟိုတယ်ဆောက်လုပ်ရေး ကုန်ကျစရိတ်ဟာ ဒေါ်လာသန်းပေါင်း (၂၈၈) သန်းရှိပြီး အပန်းဖြေကစားကွင်းလည်း ပါဝင်မှာ ဖြစ်ပါတယ်။ InterContinental Shanghai Wonderland ဟာ လက်ရှိမှာ တရုတ်နိုင်ငံထဲ အရှိန်အဟုန်နဲ့ တိုးတက်ထွန်းကားလာနေတဲ့ ခေတ်သစ်ဗိသုကာလက်ရာတွေထဲက တစ်ခုသာ ဖြစ်ပါတယ်။ ဟိုတယ်ရဲ့ မျက်နှာချင်းဆိုင်မှာတော့ ရေတံခွန်ကြီးတစ်ခုက လှပစွာ ရှိနေပါတယ်။

asiaone
asiaone

ဟိုတယ်ဟာ (၁၇) ထပ်အမြင့်ရှိပြီး မြို့တော်ရှန်ဟိုင်းကနေဆိုရင် တစ်နာရီကြာ ကားမောင်းရပါတယ်။ ၄င်းဟိုတယ်မှာ တည်းခိုမယ်ဆိုရင်တော့ တစ်ညကို ဒေါ်လာ(၄၉၀) ရှိပါတယ်။ ဟိုတယ်ရေအောက်မှာလည်း ဟိုတယ်ခန်းတွေနဲ့ ဖွဲ့စည်းထားပါသေးတယ်။ ၄င်း ရေအောက်ဟိုတယ်ခန်းတွေရဲ့ ပြတင်းပေါက်တွေကိုတော့ ငါးကန်အကြီးကြီးတွေနဲ့ ကြားခံထားပါတယ်။

READ
ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေဆိုး (၁၀)မျိုး
asiaone
asiaone

ဟိုတယ်ကို ဆောက်လုပ်ခဲ့တဲ့ ချန်ရှောင်ရှန်းဆိုသူ အင်ဂျင်နီယာချုပ်ကတော့ AFP သတင်းဌာနကို အခုလို ပြောပြပါတယ်။ “ဒီပရောဂျက်က တကယ့် အသစ်စက်စက်ပါ။ ကျွန်တော်တို့ အရင်တုန်းက တစ်ခါမှ မတွေ့ဖူး၊ မကြုံဖူးခဲ့တဲ့ ပရောဂျက်ပဲ ဆိုပါတော့။ မှီခိုကိုးကားစရာ အထောက်အထား၊ အဆောက်အဦး၊ အတွေ့အကြုံတွေ တစ်ခုမှ မရှိဘူးလေ။ ဆောက်ရင်းနဲ့ပဲ တွေ့လာတဲ့ အခက်အခဲတွေကို ဖြေရှင်းခဲ့ရတာပဲ။”

asiaone
asiaone

အဆောက်အဦးမစတင်ခင် (၂၀၁၃) ခုနှစ်တုန်းကလည်း အနီးနားက မြစ်က ရေလျံလာတာကြောင့် ရှန်ကန်းလို့ ခေါ်ကြတဲ့ ၄င်းကျင်းကြီးထဲ ရေတွေ ကျင်းတစ်ဝက်လောက် ၀င်လာပါသေးတယ်။ အင်ဂျင်နီယာတွေအဖို့ အတော်ခေါင်းစားခဲ့ရတဲ့ ပရောဂျက်ကြီးလည်း ဖြစ်ပါတယ်။ အခုမှာတော့ ၄င်းလိုမျိုး ရေကြီးရေလျံပြဿနာတွေကို ထိန်းပေးဖို့ ကျင်းကြီးရဲ့ နှုတ်ခမ်းပတ်ပတ်လည်မှာ တမံတုပ်ထားပါတယ်။ ရေအတက်အကျကို ထိန်းညှိပေးဖို့ ရေစုပ်စက်အိမ်လည်း ထားရှိတယ်လို့ သိရပါတယ်။

asiaone
asiaone
လင်းလင်း (ShweMom)
Ref: asiaone
SHARE