ကမ္ဘာ့လှည် ခရီးသွားတွေ သွားရောက်လည်ပတ်လို့ မရတော့မယ့် ကမ္ဘာကျော်နေရာ(၅)ခု

Twitter/nczas

ကမ္ဘ္ဘာပေါ်က နိုင်ငံတိုင်းမှာ နိုင်ငံခြားခရီးသွားတွေ လာရောက်လည်ပတ်ဖို့ အကျော်ကြားဆုံးနေရာတွေရှိတတ်ကြပါတယ်။တချို့နေစာတွေကတော့ နိုင်ငံခြားသားခရီးသွားတွေ လာရောက်လည်ပတ်မှု များလွန်းလို့၊ တစ်ချို့နေရာတွေကြတော့ သဘာဝဘေးအန္တရာယ်တွေကြောင့် ပျက်ဆီးသွားတာမျိုးတွေကြောင့် ပိတ်ပစ်လိုက်ရတာတွေရှိပါတယ်။ ဒါ့ကြောင့် imsider.comက ဖော်ပြတဲ့ သွားရောက်လည်ပတ်လို့မ ရတော့တဲ့ ကမ္ဘာ့အကျော်ကြားဆုံးနေရာတစ်ချို့အကြောင်းကို ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။

(1)Paris မြို့ရှိ Notre-Dame ဘုရားရှိခိုးကျောင်း

(၂၀၁၉)ခုနှစ် ဧပြီလ(၁၅)ရက်နေ့ဟာ Paris မြို့သူမြို့သားတွေအတွက် တကယ်စိတ်ထိခိုက်စရာ နေ့လေးတစ်နေ့ပါပဲ။ဘာလို့လဲဆိုတော့ အဲဒီနေ့မှာ Notre-Dameဘုရားရှိခိုးကျောင်းကြီးဟာ မီးလောင်းကျွမ်းခဲ့လို့ပဲဖြစ်ပါတယ်။ နှစ်ပေါင်း(၂၃၀)ကျော်သက်တမိးရှိပြီဖြစ်တဲ့ ဒီဘုရားကျောင်းကြီးမှာတော့ နောက်ထပ်ခရစ်စမတ်ပွဲတွေကို မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။

(2)တောင်အာဖရိကတိုက်၊ Moroccoမြို့၊ Legziraကမ်းခြေမှာရှိတဲ့ သဘာဝပေါင်းကူးကျောက်တုံး

Shutterstock/SJ Travel Photo and Video

Legzira ကမ်းခြေက သဘာဝပေါင်းကူးကျောက်ကြီး (၂)ခုဟာလဲ နိုင်ငံခြားခရီးသွားတွေလာရောက်လာပတ်ဖို့ဆွဲဆောင်တဲ့နေရာတစ်ခုဆိုလဲမမှားပါဘူး။ ဒါပေမယ့် (၂၀၀၆)ခုနှစ် စက်တင်ဘာထဲမှာ အဲဒီကျောက်တုံးကြီး(၂)ခုထဲက (၁)ခုဟာ ပြိုကျ ပျက်စီးသွားလို့ အခုချိန်မှာ သွားရောက်လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

(3)ကယ်လီဖိုးနီးယားပြည်နယ်က သက်တမ်းရှည် ဥမင်သစ်ပင်ကြီး

READ
အမျိုးသမီးတွေကို အမျိုးသားများနဲ့ အခွင့်အရေးတန်းတူပေးတဲ့ ရှားရှားပါးပါး နိုင်ငံများ
Shutterstock/Sam Spicer

အဆိုပါသစ်ပင်ကြီးဟာ (၁၈၀၀)ခုနှစ်ထဲကလူသိများလာခဲ့ပြီး ကယ်လီဖိုးနီးယားကိုရောက်ရင် နိုင်ငံခြားခရီးသွားတွေ အမြဲလာရောက်လည်ပတ်လေ့ရှိတဲ့နေရာတစ်ခုပဲဖြစ်ပါတယ်။ကံမကောင်းစွာနဲ့ပဲ အဲဒီသစ်ပင်ကြီးဟာ (၂၀၁၇)ခုနှစ် ဇန်နဝါရီလမှာ မုန်တိုင်းကြောင့် မြေခသွားခဲ့ရပြီ ဖြစ်ပါတယ်။

(4)ပဲရစ်မြို့မှာရှိတဲ့ “Love lock bridge”

“Love lock bridge”ကိုတော့ လူတော်တော်များများကြားဖူးကြမယ်ထင်ပါတယ်။ချစ်သူစုံတွဲတွေဟာ ဒီတံတားလာရောက်လည်ပတ်ပြီး ကိုယ့်နာမည်ကိုယ်ရေးကာ တံတားဘောင်မှာ သော့ခလောက်ကိုချိတ်ဆွဲပြီး သော့ကို မြစ်ထဲပစ်ချတတ်ပါတယ်။ ဒါပေမယိ့၂၀၁၅ ကစပြီး ဒီတံတားကို ပိတ်ပစ်ပါပြီ။ ဘာကြောင့်လဲဆိုတော့ နေရာလပ်မရှိအောင် သော့ခလောက်တွေက တံတားပေါ်မှာ များပြားနေလို့ပဲ ဖြစ်ပါတယ်။

(5)ဂျပန်နိုင်ငံက Shuri ရဲတိုက်

ဂျပန်နိုင်ငံရှိ Shuriရဲတိုက်ကတော့ UNESCO အဖွဲ့အစည်းကိုယ်တိုင် ကမ္ဘာ့ရှေးဟောင်းအမွေအနှစ်အဖြစ်သတ်မှတ်ထားတဲ့နေရာတစ်ခုပါ။၁၄ရာစုနှစ်ထဲက စတင်ဆောက်လုပ်ခဲ့တာဖြစ်ပြီး (၁၉၄၅)နဲ့ (၁၉၉၂)ခုနှစ်တွေမှာ ပြန်လည်ပြုပြင်မွမ်းမံခဲ့ရတဲ့ နေရာဆိုလဲ မှားပါဘူး။ဒါပေမယ့် အောက်တိုဘာ(၁)ရက်နေ့မှာ မီးလောင်ခဲ့လို့ နောက်ထပ်သွားရောင်လည်ပတ်ဖို့ မဖြစ်နိုင်တော့ပါဘူး။

Pyi Hein Kyaw

SHARE