Road trip ထွက်ဖို့ အကောင်းဆုံးနဲ့ စိတ်လှုပ်ရှားဖို့ အကောင်းဆုံး ဟိုင်းဝေးလမ်းများ

ခရီးထွက်ခြင်းက စိတ်နှလုံးသားအတွက် အစာအာဟာရဖြစ်သလို အလွယ်တကူ ကားသေးသေးနဲ့ နေ့ချင်းပြန် ခရီးတို သွားရတာကလည်း သိပ်ကောင်းတဲ့ အတွေ့အကြုံမျိုးပါ။ အဲ့ဒါက သင့် စိတ်အေးချမ်းတဲ့ အဟုန်နဲ့ နေရာတစ်ရာကို သွားပြီး လက်ရှိ အခိုက်အတန့်ကို ခဏရပ်တန့်ထားကာ သင့် စိတ်ဆန္ဒရှိတဲ့အတိုင်း ခံစားခွင့်တွေ ရှိရမှာ ဖြစ်ပါတယ်။ တစ်ချို့သော လမ်းတွေမှာ ထူးခြားမှု တစ်ချို့ရှိနေပြီး  နေရာဒေသတွေရဲ့ မတူညီကွဲပြာမှုတွေကို ဆွတ်ပျံကြည်နူးဖွယ် ခံစားရနိုင်ပါတယ်။

အခု ဖော်ပြပေးချင်တဲ့ လမ်း (၈) လမ်းကတော့ road trip သိပ် သွားလို့ကောင်းတဲ့ လမ်းတွေဖြစ်ပြီး ဘ၀မှာ အမှတ်တရ အတွေ့အကြုံကောင်းတွေ အများကြီး ပေးစွမ်းနိုင်တဲ့ လမ်းတွေဖြစ်ပါတယ်။

Gotthard Pass, Switzerland
instagram

အရင်က ဒီလမ်းဟာ Monte Tremolo လို့ ထင်ရှားပြီး ကမ္ဘာပေါ်ရှိ  ရှုခင်းအလှဆုံး ဟိုက်ဝေးလမ်းတွေထဲက တစ်လမ်းဖြစ်တယ်။ လှပတဲ့ ဆွစ်တောင်တန်းတွေ ၀န်းရံထားတဲ့ မြွေလိမ် မြွေကောက်ပုံ အတက် အဆင်း လမ်းဖြစ်တယ်။ မြင်ကွင်းတွေကလည်း အင်မတန်မှ ရင်သပ်ရှုမောဖွယ်ကောင်းနေတယ်လို့ သိရတယ်။ လမ်းတွေက ကွေ့အကောက်တွေ များလွန်းလှတဲ့အတွက် အလှတွေမှာ မျောမနေဖို့တော့ လိုပါတယ်။

Passage du Gois, France
facebook

Île de Noirmoutier ကျွန်းနဲ့ ပင်မကျွန်းကိုဆက်သွယ်ထားတဲ့ သဘာဝ လမ်းကြောင်းတစ်ခုဖြစ်တယ်။ ဒီရေ အတက်အကျနဲ့ လိုက်ပြီး ဖြစ်တည်နေတဲ့ လမ်းဖြစ်တဲ့အတွက် သွားလာဖို့ရာ အချိန်အကန့်အသတ်ရှိတယ်။ ရေတက်လာချိန်ဆို လမ်းက မြုပ်ကွယ်သွားတတ်တာကြောင့် ကမ္ဘာ့အန္တရာယ်အကောင်းဆုံး လမ်းတစ်ခုအဖြစ်တောင် သတ်မှတ်ခံထားရတယ်။ လမ်းက (၄.၃) ကီလိုမီတာ ရှည်လျားပြီး တကယ်ကို စွန့်စွန့်စားစားသွားရတဲ့ လမ်းတစ်ခုဖြစ်ပါတယ်။

READ
တောင်တက်သမားတစ်ဦးရဲ့ ထင်မှတ်မထားဘဲ ရိုက်ယူနိုင်ခဲ့တဲ့ ဓာတ်ပုံကောင်းများ
 Highway 12, USA
brycecanyoncountry.com

Utah ပြည်နယ်ကို ဖြတ်သွားတဲ့ ဒီ ဟိုင်းဝေး လမ်းတစ်လျှောက်ရှုခင်းတွေဟာ သဘာဝ အချိန်နာရီနဲ့ လိုက်ပြီး ကွဲပြားခြားနားသွားတယ်လို့ သိရတယ်။ တောင်ပေါ် အမြင့်ပိုင်းဒေသရဲ့ ပတ်ဝန်းကျင် ရှုခင်းအလှ၊ ကျောက်တောင်တွေကြား ဖြတ်တိုက်လာတဲ့ လေထုရနံ့၊ ကျေးလက်ရွာတွေဆီက ပျံလွင့်လာတဲ့ တုန်ခါမှုတစ်ချို့ကို ခံစားရပြီး ဖွေရှာမှုမကုန်နိုင်တဲ့ နေရာတစ်ခုဖြစ်တယ်။

Xingshan Water Highway, China
facebook

တရုတ်နိုင်ငံ Xingshan ပြည်နယ်ရှိ မြစ်ပေါ် ဖြတ်ဆောက်ထားတဲ့ ဒီ ဟိုင်းဝေးလမ်းက ကမ္ဘာ့အလှဆုံး  လမ်းတစ်လမ်းအဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။ တောင်တွေကို မဖြို၊ အပင်တွေကို မခုတ် ရှိနေတဲ့ ပတ်ဝန်ကျင်းကို မထိခိုက်အောင် ကွေ့ပတ်ပြီး ရေပေါ်မှာ တည်ဆောက်ခဲ့တယ်။ မြစ်ကြော အကောက်အကွေ့ကိုလိုက်ပြီး လမ်းကို ကွေ့ကောက် ဖောက်လုပ်ထားတယ်။ တောင်တန်းတွေရဲ့ အိပ်မက်ဆန်ဆန် မြင်ကွင်းအလှတွေကို ခံစားရမှာဖြစ်ပြီး အမြဲတမ်း အမှတ်ရနေစေမှာပါ။ ဒီတံတားဟာ လူသားတွေရဲ့ ပတ်ဝန်းကျင်နဲ့ လိုက်ရောညီထွေရှိရှိ တိုးချဲ့မှုတွေရဲ့ နမူနာကောင်းအဖြစ်ရှိနေပါတယ်။

Dzuluk Road, India
Madhumita Das / Wikimedia Commons

Sikkim ပြည်နယ်မှာရှိပြီး Silk လမ်းမရဲ့ ရှေးဟောင်းအစိတ်အပိုင်းတစ်ခုဖြစ်တယ်။ လမ်းရဲ့ အရှည်ဟာ (၃၀) ကီလိုမီတာရှိပြီး အကွေ့ (၁၀၀) လောက်ရှိတယ်လို့ သိရတယ်။ Himalayas ရဲ့ အကောင်းဆုံးမြင်ကွင်တွေကို ခံစားလို့ရမှာဖြစ်ပေမယ့် တော်တော်လေး မူးနောက်စေတဲ့ လမ်းဖြစ်ပါသတဲ့။ အတွေ့အကြုံရှိတဲ့ ဒရိုင်ဘာတွေတောင် ဒီလမ်းမ အခက်တွေ့တတ်တယ်လို့ သိရတယ်။ တော်ရုံ ကျန်းမာရေးမကောင်းတဲ့ သူ၊ အသည်းငယ်တဲ့တွေ သွားဖို့ အဆင်မပြေဘဲ အထူးခွင့်ပြုချက်တစ်ချို့လိုတယ်လို့ သိရတယ်။

READ
ပြောင်းလဲတတ်တဲ့ သဘာဝရဲ့အလှကို ရိုက်ပြခဲ့တဲ့ ဖင်လန်နိုင်ငံက ဓာတ်ပုံဆရာ
Stelvio Pass, Italy
instagram

အီတလီနိုင်ငံရဲ့ အရှေ့ဘက်တောင်တန်းတွေထဲမှာ အမြင့်ဆုံး ဟိုင်းဝေးလမ်းမတစ်ခုဖြစ်တဲ့ Stelvio လမ်းက အမြင့်ပေ (၉၀၄၅) ပေမှာ တည်ရှိတယ်။ Giro d’Italia စက်ဘီးပြိုင်ပွဲ ကျင်းပရာ နာမည်ကြီးဒေသဖြစ်တယ်။ နွေရာသီမှာ ဒီလမ်းက အသုံးပြုလို့ရတယ်။ ကားတွေကိုထားခဲ့ပြီး စက်ဘီး စီးဖို့အတွက်သာ အသုံးပြုခွင့်ပေးတယ်။

The Atlantic Ocean Road, Norway
instagram

ဒီလမ်းကို ၂၀၀၅ ခုနှစ်မှာ Construction of the Century ဆိုတဲ့ ဂုဏ်ယူမှုတစ်ခုအဖြစ် သတ်မှတ်ခဲ့တယ်။ တကယ်လည်း ကမ္ဘာပေါ်မှာ ညှို့ယူဖမ်းစားနိုင်ဆုံးနဲ့ ရင်ဖိုစေနိုင်ဆုံး လမ်းတစ်လမ်းပါ။  အတ္တလန်တစ် သမုဒ္ဒရာကြီးရဲ့ ရှုခင်းတွေက ခြံရံထားပြီး ဒီလမ်းက Averøy ကျွန်းနဲ့ ပင်မကျွန်းကို ဆက်သွယ်ထားတား ဟိုင်းဝေးလမ်းဖြစ်တယ်။ သမုဒ္ဒရာကြီးရဲ့ အခြေအနေပေါ်လိုက်ပြီး လမ်းကလည်း ပြောင်းလဲနေတတ်တဲ့အတွက် ရောက်တဲ့အခါတိုင်း မတူညီတဲ့ ခရီးမျိုးကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။

The Ring Road, Iceland
instagram

သဘာဝကြီးကို ဖြတ်သန်းပြီး ရှုခင်းအလှဆုံးရှိတဲ့လမ်းတွေထဲမှာ ဒီ The Icelandic Ring Road ခေါ် Route 1 ကလည်း ထင်းရှားတဲ့ လမ်းတစ်လမ်းဖြစ်တယ်။ မီးတောင်တွေ၊ ရေတံခွန်တွေ၊ ရေခဲတောင်တွေ၊ နှင်းတွေရဲ့ လွှမ်းခြုံမှုတွေကို မျက်ဝါးထင်ထင်တွေ့မြင် ခံစားနိုင်ခွင့်ရှိမယ်။ အဲ့ဒီနောက် သဲမဲကမ်းခြေတွေကိုလည်း သွားလို့ရတယ်။ ဆောင်းရာသီမှာ ရောက်ဖြစ်တယ်ဆိုရင်တော့ Northern Light တွေကိုပဲ ကောင်းကင်ယံမှာ မြင်တွေ့ရမှာဖြစ်တယ်။

Ref: Brightside

Matthew (ShweMOM)
SHARE