၂၀၁၉ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွားတွေ စိတ်ဝင်စားမှုအများဆုံး နေရာများ

Kennywood.com

နှစ်တစ်နှစ်ကုန်ဆုံးခါနီးတိုင်း ကမ္ဘာလှည့်ခရီးသွားတွေ အဝင်အများဆုံးနေရာတွေ၊ လူစိတ်ဝင်စားမှုအမြင့်ဆုံးနေရာတွေကို မှတ်တမ်းတင်ထားလေ့ရှိတာပါ။ ဒီ နှစ် ၂၀၁၉ ခုနှစ်မှာလည်း ဘယ်နေရာတွေကို တိုးရစ်တွေ လူအဝင်များခဲ့သလဲ၊ ဘယ်နေရာတွေက ကမ္ဘာလှည့်ခရီးသွားတွေကို လာရောက်လည်ပတ်ဖို့အတွက် အစွဲဆောင်နိုင်ဆုံးဖြစ်ခဲ့သလဲဆိုတာတွေကို ဖော်ပြလိုက်ပါတယ်။

၁ – ကမ္ဘာ့အရှည်ဆုံး waterslide

ပေ ၃,၆၄၅ အထိ ရှည်လျားတဲ့ waterslide တစ်ခုကို မလေးရှားနိုင်ငံ၊ ESCAPE  ပန်းခြံထဲမှာဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီလို အရှည်ဟာ ကမ္ဘာ့အရှည်ဆုံး waterslide အဖြစ် စာရင်းဝင်ခဲ့ပြီး သူ့အရင်ကတော့ ကမ္ဘာ့အရှည်ဆုံး waterslide အဖြစ် သတ်မှတ်ထားတာကတော့ နယူးဂျာစီပြည်နယ်က Actionပန်းခြံထဲက waterslide ပါ။

မလေးရှားနိုင်ငံက waterslide ကို စက်တင်ဘာလအတွင်းမှာ ဖွင့်လှစ်ခဲ့တာပါ။ waterslide အစ အဆုံးကို ပြီးဆုံးအောင် စီးမယ်ဆိုရင် အချိန်လေးမိနစ်လောက် အချိန်ယူရမှာဖြစ်ပါတယ်။ နှိုင်းယှဉ်ရမယ်ဆိုရင် Action ပန်းခြံထဲက waterslide ကတော့ ပြီးဆုံးအောင် စီးနိုင်မယ့် အချိန်ကတော့ စက္ကန့် ကိုးဆယ်ပဲရှိတာပါ။ 

၂ – ကနေဒါနိုင်ငံက ကမ္ဘာ့အကြီးဆုံး နှင်းဝင်္ကပါ

၂,၇၈၉.၁၁ စတုရန်းမီတာအကျယ်ရှိတဲ့ နှင်းရေခဲတွေနဲ့ ဆောက်လုပ်ထားတဲ့ ကနေဒါနိုင်ငံက ဝင်္ကပါတစ်ခုကလည်း ကမ္ဘာလှည့်ခရီးသွားတွေအတွက် မျက်စိကျစရာနေရာတစ်ခုဖြစ်ခဲ့ပါတယ်။ အဲဒီနှင်းဝင်္ကပါဟာ ကနေဒါနိုင်ငံမှာ ရှိတဲ့ နေရာတစ်ခုပါ။

၃ – ပေ ၂၂၀ မြင့်တဲ့ ရိုလာကိုစတာ

READ
ရက်ထပ်ရက်မှာ ချစ်သူဆီချစ်ခွင့်ပန်မယ့် အမျိုးသမီးတွေကို အခမဲ့တည်းခိုခွင့်ပြုမယ့် ဟိုတယ်

ရင်ခုန်စိတ်လှုပ်ရှားစရာအရာတွေထဲမှာ ရိုလာကိုစတာစီးရတဲ့ အရသာလည်း ပါဝင်ပါတယ်။ အခု ဒီတစ်ခုကတော့ ရိုလာကိုစတာရဲ့ အမြင့်က ပေ ၂၂၀ အထိ ဆိုတော့ အသည်းတအေးအေးနေမှာပါပဲ။ Pennsylvania ပြည်နယ်မှာ ဆောက်လုပ်ထားပြီး ကမ္ဘာ့အမြင့်ဆုံး ရိုလာကိုစတာအဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ဒီလို ပေ ၂၂၀ အမြင့်ရှိတဲ့ ရိုလာကိုစတာကို ပေ ၄ထောင် လောက်ရှိတဲ့ စတီးတွေနဲ့ ဆောက်လုပ်ထားတာပါ။

၎ – နယူးယောက်မြို့က Guggenheim  ပြတိုက်

ဒီတစ်ခုကတော့ ထူးထူးခြားခြားပါပဲ။ နေရာဒေသတွေမဟုတ်ဘဲ ပြတိုက်တစ်ခုမှာ လူအဝင်အများဆုံး စံချိန်တင်နိုင်ခဲ့တာပါ။ ဧပြီလအတွင်းမှာ ကျင်းပခဲ့တဲ့ Hilma af Klint: Paintings for the Future ပန်းချီပြပွဲမှာ လူပေါင်းများစွာ လာရောက်ကြည့်ရှု့ခဲ့ကြတာပါ။ ပြတိုက်ကို လာရောက်ကြည့်ရှုခံစားတဲ့လူပေါင်း (၆) သိန်းအထိ ရှိခဲ့ပြီး အဲဒီ ပြတိုက်ရဲ့ နှစ်ပေါင်း ၈၀ သမိုင်းကြောင်းမှာ လူအဝင်အများဆုံးစံချိန်တင်ဖြစ်ခဲ့ပါတယ်။

အဲဒီ ပန်းချီပြပွဲဟာ ထူးဆန်းတဲ့ ပြပွဲတစ်ခုပဲဖြစ်ပါတယ်။ အဲဒီပန်းချီပြပွဲကို ကျင်းပတဲ့ ပန်းချီဆရာမဟာ သူ(မ)အသက်ရှိစဉ်တုန်းက သူ(မ)ရဲ့ လက်ရာတွေကို ပြသခွင့်မရခဲ့ပါဘူး။ သူ(မ)ကွယ်လွန်ပြီး နှစ်ပေါင်း ၂၀ ကျော်အကြာမှ အခုလို ပြသခွင့်ရခဲ့တာပါ။ ပန်းချီဆရာမကတော့ သူ(မ)ရဲ့ ပန်းချီကားတွေဟာ လာမယ့် အနာဂါတ်က လူတွေပဲနားလည်နိုင်လိမ့်မယ်ဆိုပြီးမှ အခုလို သူ(မ) မရှိတဲ့ နောက် နှစ်ပေါင်း ၂၀ ကျော်အကြာမှ ပြသနိုင်ခဲ့တဲ့ ထူးခြားတဲ့ ပန်းချီပြပွဲတစ်ခုဖြစ်ခဲ့ပါတယ်။

၅ – Yellowstone’s Steamboat မြေအောက်ရေပေါက်ကွဲမှု

READ
လေထဲမှာ နေ့လည်စာစားရင်း ဘရူနိုင်းတစ်နိုင်ငံလုံးကို နာရီပိုင်းအတွင်းသွားနိုင်မယ့်အစီအစဉ်
Shutterstock/Sean Badock

အမေရိကန်နိုင်ငံက Yellowstone အမျိုးသားပန်းခြံမှာ သဘာဝအတိုင်း မြေအောက်ထဲက ရေတွေ အပေါ်ကို ထောင်ပြီး ပေါက်ကွဲလာတဲ့  အဖြစ်အပျက်တစ်ခုဖြစ်ခဲ့တာပါ။ စက်တင်ဘာလမှာတော့ ကျွမ်းကျင်ပညာရှင်များက စုစုပေါင်းပေါက်ကွဲမှုအကြိမ်ရေ ၃၄ ကြိမ်အထိဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။ အဲဒီ ပမာဏဟာ တစ်နှစ်အတွင်းမှာ အကြိမ်ရေအများဆုံးပေါက်ကွဲတဲ့ အကြိမ်ရေလည်း ဖြစ်ပါတယ်။ ဒီလို အပေါ်ကို ထောင်ပြီး ပန်းထွက်လာတဲ့ မြေအောက်ရေတွေဟာ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက်တော့ စိတ်ဝင်စားစရာကိစ္စတစ်ခုဖြစ်ခဲ့တာပါ။ 

Ye Yint Kyaw

SHARE