လာအိုနိုင်ငံမှာ လည်ပတ်စရာနေရာတွေ

(၁) Bokeo Nature Reserve

တောတောင်ရေမြေနဲ့ သဘာဝအလှအပကိုနဲ့ ရိုးရာယဉ်ကျေးမှုကို ချစ်မြတ်နိုးသူများအတွက် Bokeo ကို သွားရောက်
လည်ပတ်သင့်ပါတယ်။ 1997 ခုနှစ်က ရှာဖွေတွေ့ရှိခဲ့ပြီး လာအိုရဲ့ ရှေးခေတ် လူရိုင်းတွေလို့ ယူဆလို့ရတဲ့ လူမျိုးနွယ်
တွေ နေထိုင်ပြီး သစ်ပင်တွေပေါ်မှာ တည်ဆောက်ထားတဲ့ သဘာဝအိမ်လေးတွေ၊ ထူးခြားတဲ့ မျိုးနွယ်စုလူမျိုးတွေရဲ့ အ
လေ့အထကို လေ့လာနိုင်မှာဖြစ်ပြီး ပေ 5000 လောက်မြင့်တဲ့ တောင်ပေါ်ဒေသမို့ သဘာဝရဲ့ အေးချမ်းမှုကိုလည်း ခံစား
နိုင်မှာ ဖြစ်ပါတယ်။

(၂) Luang Prabang

Luang Prabang ဟာ လာအိုနိုင်ငံမှာ ခေတ်အစားဆုံးနေရာတစ်ခုဖြစ်ပါတယ်။ ရှေးယခင်က လာအိုနိုင်ငံရဲ့ ဘုရင်တွေ အ
ဆက်ဆက် ထီးနန်းဆက်ခံခဲ့ရာ နေရာဖြစ်ပြီး ယခုအခါမှတော့ ရှေးဟောင်းအနုပညာပစ္စည်းတွေကို၊ သဘာဝရေတံခွန်
တွေ၊ ဥယျာဉ်ပန်းမန်တွေနဲ့ အလွန်လှပတဲ့ နေရာဖြစ်ပါတယ်။

READ
ဘဝမှာ တစ်ခါတော့ သွားလည်ဖူးသင့်တဲ့ ကမ္ဘာတစ်ဝှမ်းက သွားလည်ချင်စဖွယ်နေရာများ

(၃) Wat Phu

ဝက်ဖူးဘုရားကျောင်းကတော့ လာအိုနိုင်ငံရဲ့ ဂုဏ်အသရေကို ဆောင်တဲ့ နေရာဖြစ်ပြီး ရှေးနှစ်ပေါင်းများစွာက တည်
ဆောက်ခဲ့တဲ့ ဘုရားကျောင်းကန်တွေ၊ စေတီပုထိုးတွေကို လေ့လာဖူးမျှော်နိုင်မှာ ဖြစ်ပါတယ်။ အနုပညာ ဗိသုက လက်ရာ
တွေကို လေ့လာလိုသူတွေအတွက်လည်း 13 ရာစုခေတ်မှသည် 13 ရာစုနှစ် ခေတ်များဆီက အနုလက်ရာတွေကို လေ့
လာနိုင်မှာ ဖြစ်ပါတယ်။

(၄) Vang Vieng

မြို့တော် ဗီယန်ကျင်းကနေ လေးနာရီလောက် မောင်းတာနဲ့ ရောက်နိုင်တဲ့ Vang Vieng ကိုလည်း သွားရောက် လည်ပတ်
သင့်ပါတယ်။ Nam Song မြစ်ဘေးမှာ တည်ရှိပြီး ချစ်စဖွယ်ဘန်ဂလိုလေးတွေနဲ့ မြင့်မားတဲ့ တောင်တွေရဲ့ကြားမှာ သဘာဝရဲ့ လက်ဆက်မှုကို ခံစားရမှာ ဖြစ်ပါတယ်။

READ
ကြောက်သွေးမပါဘူးဆိုသူတွေ မြည်းစမ်းသင့်တဲ့ ကမ္ဘာ့ရင်တုန်ဖွယ်အကောင်းဆုံးနေရာများ

(၅) Vientiane

လာအိုရဲ့ မြို့တော် ဗီယန်ကျင်းကလည်း ဧည့်သည်တွေ မေ့မထားသင့်တဲ့ နေရာဖြစ်ပါတယ်။ ယဉ်ကျေးမှုတွေ စီးဆင်းရာ
နယ်မြေဖြစ်လို့ ညပိုင်း ဖျော်ဖြေပွဲတွေ၊ ဒေသရိုးရာ အစားအသောက်တွေ၊ ဈေးဝယ်စရာကုန်တိုက်တွေ၊ လည်ပတ်စရာ ဥယျာဉ်တွေ၊ ပန်းခြံတွေ၊ ပြတိုက်တွေနဲ့ ပြည့်နှက်နေတဲ့ မြို့ကြီးဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

shwemom-2

source : touropia.com

SHARE