ထိုင်းနိုင်ငံမှ လည်ပတ်စရာနေရာများ

(၁) Thailand Islands

ထိုင်းနိုင်ငံ ကမ်းလွန်းပင်လယ်ပြင်နဲ့ ကမ်းနီးပင်လယ်ပြင်မှာ ကျွန်းစုပေါင်း ထောင်သောင်းများစွာ ရှိပါတယ်။ Ko Lipe, Ko Lanta, Ko Samet, Ko Tarutao, Ko Samui, Ko Phangan, Phuket, Ko Chang, Koh Tao, Ko Phi Phi  ကျွန်းတွေ
ကတော့ ကမ္ဘာလှည့်ခရီးသွားတွေ အများဆုံး သွားရောက်လည်ပတ်ရာ ကျွန်းတွေဖြစ်ပါတယ်။

(၂) Bangkok

အရှေ့တောင်အာရှ၏ ဈေးဝယ်စင်တာလို့ နာမည်ကြီးတဲ့ ဘန်ကောက်မှာလည်း ခေတ်မီပစ္စည်းအစုံအလင်၊ အထည်အလိပ်၊ ဖတ်ရှင်ဒီဇိုင်းများအပါအ၀င် လိုချင်တာမှန်သမျှ ရနိုင်ပါတယ်။ ဘန်ကောက်မှာ သမိုင်းဝင်ဘုရားတွေ၊ ရှေးဟောင်းအ
ဆောက်ဦတွေ၊ ပြတိုက်တွေလည်း စုံလင်စွာရှိပါတယ်။

READ
ညို့ငင်ဖမ်းစားနိုင်စွမ်းရှိတဲ့ ဝေဟင်အလှတွေနဲ့ ပြည့်နှက်နေတဲ့ Transylvania ဒေသ

(၃) Chiang Mai

ထိုင်းနိုင်ငံ မြောက်ပိုင်းမှာတည်ရှိတဲ့ ချင်းမိုင်မြို့ဟာ အထည်အလိပ်လုပ်ငန်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ ပြည့်နှက်နေတဲ့ အ
လွန်လှပတဲ့ မြို့ကြီး ဖြစ်ပါတယ်။ တောင်တန်းတွေ ထူထပ်ရာဒေသဖြစ်တာပြီး တောင်တက်အားကစားကိုလည်း လုပ်နိုင်
သလို ရှေးဟောင်းအဆောက်ဦတွေ၊ ပြတိုက်တွေ၊ အမှတ်တရလည်ပတ်လို့ကောင်းတဲ့ ပန်းခြံတွေလည်း စုံလင်စွာ ရှိပါ
တယ်။

(၄) Kanchanaburi

ထိုင်းနိုင်ငံအနောက်ပိုင်းမှာ တည်ရှိတဲ့ ကန်ချနာဘူရီဟာ သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ဒေသတစ်ခု ဖြစ်ပါ
တယ်။ သမိုင်းဝင် Kwai မြစ်ရဲ့ သေမင်းတမန်ရထားလမ်း ဆောက်လုပ်ခဲ့ရာ နေရာတွေ၊ များပြားလှတဲ့ ဘာသာရေးဆိုင်
ရာအဆောက်ဦတွေ၊ အောင့်မေ့ဖွယ် စစ်သင်္ချိုင်းတွေ၊ သဘာဝရေတံခွန်စိမ့်စမ်းနဲ့ လိုင်ဂူတွေကို လေ့လာနိုင်မှာ ဖြစ်ပါ
တယ်။

READ
လူတွေနေထိုင်သော လှပသည့်သဘာဝနေရာများ

(၅) Ayuthaya

အယုဒ္ဓယမြို့တော်ဟာလည်း သမိုင်းကြောင်းအရ အထင်အရှားရှိခဲ့တဲ့ နန်းဆိုက်မြို့တော်ကြီး ဖြစ်ပါတယ်။ မြန်မာတွေနဲ့ ယိုးဒယားတို့ရဲ့ စစ်တလင်းဖြစ်ခဲ့ပြီး ယိုးဒယားတို့ ကျရှုံးခဲ့ပါတယ်။ သမိုင်းကြွေးကို နောင်လာနောက်သားတို့ သိစေဖို့ စစ်
ဒဏ်ခံခဲ့ရတဲ့ အယုဒ္ဓယမြို့ကို မပြုပြင်ပဲ ထိုင်းတို့ရဲ့ ဇာတိမာန်ကို နှိုးဆွပေးရာ နေရာဖြစ်ပါတယ်။ မြန်မာဘုရင်တို့ကတော့
အယုဒ္ဓယမြို့(ရန်သူတွေ မဖြိုဖြတ်နိုင်တဲ့မြို့)ကို ယုဒ္ဓယ(ဖြိုဖြတ်လွယ်သောမြို့)လို့ နာမ်နှိမ်ခေါ်ခဲ့ရာမှာ ယိုးဒယား ဆိုတာ
ဖြစ်လာခဲ့ပါတယ်။ အယုဒ္ဓယမြို့မှာ ရာစုခေတ်အစောပိုင်းက လက်ရာတွေ၊ ရှေးဟောင်းအဆောက်ဦတွေကို လေ့လာနိုင်
မှာ ဖြစ်ပါတယ်။

နတ်စည်တော် (Shwemom)

source : touropia.com

SHARE