ဘဝမှာ တစ်ခါတော့ သွားလည်ဖူးသင့်တဲ့ ကမ္ဘာတစ်ဝှမ်းက သွားလည်ချင်စဖွယ်နေရာများ

ခရီးလျှောက်မသွားချင်တဲ့သူ၊ ကမ္ဘာပတ်ဖို့ စိတ်ကူးမရှိသူဆိုတာ တော်တော်ရှားမှာပါ။ ဘဝရဲ့ စွန့်စားခန်းတွေ ဖွင့်ဖို့အတွက် နေရာအသစ်တွေ စူးစမ်းရှာဖွေ၊ လူအသစ်တွေနဲ့ တွေ့ဆုံပြီး နေ့စဉ်ဘဝတွေကနေ ရုန်းထွက်လိုကြမှာပါ။ ဒါကြောင့် ကမ္ဘာလည်း ပတ်ချင်တယ် ဘယ်တွေကို သွားရမလဲဆိုတာ မစဉ်းစားရသေးသူတွေအတွက် Shwemom ကနေ ကမ္ဘာတစ်ဝှမ်းက သွားအလည်သင့်ဆုံး နေရာတွေကို စာရင်းပြု တင်ဆက်ပေးလိုက်ပါတယ်..။

(၁) The Stairway to Heaven, ဟာဝိုင်ယီ

Elite Readers
Elite Readers

Haiku လှေကားများလို့လည်း အမည်တွင်တဲ့ Stairway to Heaven ဟာ ဟာဝိုင်ယီကျွန်းရဲ့ O’ ahu ကျွန်းပေါ်မှာ တည်ရှိပါတယ်။ လှေကားထစ်ပေါင်း ၄,၀၀၀ ရှိတဲ့ ထိုနေရာဟာ ဒုတိယကမ္ဘာစစ်တုန်းက အမေရိကန်စစ်သားတွေက တောင်ထိပ်ပေါ်ရှိ ရေဒါတွေနဲ့ အဆက်အသွယ်ရဖို့ ဆောက်လုပ်ခဲ့တဲ့ လမ်းကြောင်းဖြစ်ပါတယ်။ တောင်ထိပ်ပေါ်က မြင်ကွင်းကတော့ ရင်သပ်ရှုမောဖွယ်ရာပါပဲ။

(၂) The Inca Trail, ပီရူး

Elite Readers

Inca Trail ဟာ ပီရူးနိုင်ငံမှာ အင်ကာခေတ် ထွန်းကားစဉ်က ကျန်ရှိခဲ့တဲ့ ဆွဲဆောင်မှု နေရာဖြစ်ပါတယ်။ တောအထပ်ထပ် တောင်အဆင့်ဆင့် ၂ မျိုးလုံး ရှိရာနေရာလည်း ဖြစ်ပြီး လမ်းကြောင်းရဲ့ အဆုံးမှာတော့ ‘ကောင်းကင်ဘုံ မြို့တော်’ လို့ ခေါ်ကြတဲ့ မာချူးပီချူး (Machu Picchu) က ဆီးကြိုနေမှာ ဖြစ်ပါတယ်။

READ
ခရီးသွားဧည့်သည်တွေ ရေအောက်ကမ္ဘာထဲမှာ ဓာတ်ပုံရိုက်နိုင်မယ့် ထူးခြားနေရာ

(၃) Sarek အမျိုးသားဥယျာဉ်၊ ဆွီဒင်

Elite Readers
Elite Readers

ဆွီဒင်နိုင်ငံက ထိုဆွဲဆောင်မှု နေရာကတော့ စိတ်ကူးယဉ်ပုံပြင်စာအုပ်ထဲက နေရာအလား ထင်မှတ်ရပါတယ်။ ဒါပေမယ့် ထိုမြင်ကွင်းတွေဟာ စိတ်ကူးထဲမှာပဲ မြင်နေရတာမဟုတ်ဘဲ တကယ့်ကို အံ့သြဖွယ် အစစ်တွေပါ။ မျက်စိတဆုံး ကျယ်ပြန့်လှတဲ့ တောတောင် ရေမြေ ရှုခင်းတွေကို တွေ့နိုင်သလို ညဘက်မှာဆိုလည်း ဝင်ရိုးစွန်းအလင်းတန်းတွေကိုပါ မြင်တွေ့နိုင်ပါတယ်။

(၄) St. James’s Path, Spain

Elite Readers
Elite Readers

အလယ်ခေတ်တုန်းက ဥရောပတိုက်သားတွေဟာ ထိုလမ်းကြောင်းမှာ ဘာသာရေး အယူအရ လမ်းလျှောက်ခဲ့ကြပါတယ်။ ပုံမှာ မြင်ရတဲ့အတိုင်း ရှေးခေတ်ဥရောပအငွေ့အသက်တွေ ဖုံးလွှမ်းနေတဲ့ နေရာဖြစ်သလို ရှုခင်းတွေလည်း ဓာတ်ပုံရှုတင်တွေအတွက် ကွက်တိပါပဲ။

(၅) The Lycian Way, တူရကီ

Elite Readers

ကျောက်တုံးကျောက်ဆောင်တွေ၊ ပင်လယ်တွေကို ချစ်တတ်သူဆိုရင်တော့ တူရကီနိုင်ငံက Lycian Way ကို ညွှန်ပါရစေ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၃,၀၀၀) တုန်းက လူမျိုးစုတွေ ချန်ခဲ့တဲ့ ကျောက်တုံးအဆောက်အအုံတွေကို တွေ့ရမှာ ဖြစ်သလို ပြာလဲ့ ကြည်တောက်နေတဲ့ ပင်လယ်အော်ကြီးလည်း တွေ့ရမှာပါ။

READ
ကျောချမ်းစရာတွေ ပြည့်နေတဲ့ အာရှရဲ့ ကြောက်စရာအကောင်းဆုံးနေရာများ

(၆) Zion အမျိုးသားဥယျာဉ်၊ ယူအက်စ်အေ

Elite Readers
Elite Readers

ကျောက်သားအထပ်ထပ်နဲ့ ကုန်းပြင်မြင့်တွေ၊ ချောက်ကမ်းပါးတွေနဲ့ စွန့်စားမှုခရီးတွေ သွားချင်တယ်ဆိုရင် Zion အမျိုးသားဥယျာဉ်ကို ရွေးချယ်နိုင်ပါတယ်။ သဘာဝအတိုင်း ရောင်စုံဖြစ်နေတဲ့ တောင်နံရံတွေ၊ ဥမင်လိုဏ်ခေါင်းတွေက လုံးဝကို မြင်ဖူးသင့်တဲ့ သဘာဝ အလှတရားတွေဖြစ်ပြီး ခရီးသွားတစ်ယောက်အနေနဲ့ ကမ္ဘာမြေကြီးရဲ့ ထူးခြားမှုတွေကို မျက်ဝါးထင်ထင် တွေ့မြင်နိုင်မယ့် နေရာလေးဖြစ်ပါတယ်။

Ref: Elite Readers

SHARE