ကော်ဖီခွက်ဖိတ်ကျခဲ့တဲ့ လေယာဉ်မှူးကြောင့် လမ်းကြောင်းပြောင်းဆင်းခဲ့ရတဲ့လေယာဉ်

Twitter "BBC"

ခရီးသည်တင်အဆင့်မြင့် လေယာဉ်တစ်စီးဟာ လေယာဉ်ဦးပိုင်း ထိန်းချုပ်မောင်းနှင်ခန်းမှာ မတော်တဆမှုဖြစ်ခဲ့လို့ မူလခရီးစဉ်ကနေသွေဖယ်ပြီး အနီးဆုံးလေဆိပ်တစ်ခုမှာ အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း သိရပါတယ်။ အရေးပေါ်ကြေညာချက် ထွက်ပေါ်ချိန်မှာ လေယာဉ်ဟာ အတ္တလန္တိတ်သမုဒ္ဒရာကို စတင်ပြီး ဖြတ်ကျော်နေချိန်ပါ။

ခရီးသည်တင်လေယာဉ်ရဲ့အမည်ကတော့ Condor Airbus A330  ဖြစ်ပြီး၊ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခုလို အရေးပေါ်ဆင်းသက်မှု ပြုလုပ်ခဲ့ရတာပါ။ လေယာဉ်မှူးရဲ့ကော်ဖီခွက်ဟာ ထိန်းချုပ်မောင်းနှင်တဲ့ ခလုတ်တွေပေါ်ကို ဖိတ်ကျခဲ့ရာက လေယာဉ်ဦးပိုင်းမှာ ဝါယာရှော့ဖြစ်မှုဖြစ်ပွားခဲ့ပြီး၊ အနံ့တွေလည်း ထွက်လာခဲ့ကြောင်း သိရပါတယ်။

 

အသက်(၄၉)နှစ်အရွယ် လေယာဉ်မှူးဟာ ကော်ဖီခွက်ကို Cup holder နဲ့ အသုံးပြုရမယ့်အစား၊ အရာဝတ္ထုတွေ ရှုပ်ပွနေတဲ့ စားပွဲငယ်လေးပေါ်ကို တင်ခဲ့မိရာက အခုလို ထိတ်လန့်စရာ မတော်တဆမှု ဖြစ်စေခဲ့တာလို့ သိရပါတယ်။ လေယာဉ်ဟာ ချက်ချင်းဆိုသလိုပဲ ဆက်သွယ်ရေးအပိုင်းမှာ ပြဿနာတွေ ဖြစ်ပေါ်လာခဲ့တာမို့၊ အရေးပေါ်ဆင်းသက်ဖို့ လေယာဉ်မှူးတွေက ဆုံးဖြတ်လိုက်တာပါ။

READ
ဝက်အူချောင်းထဲမှာ သန်ကောင်တွေ့ရှိလို့ တုန်လှုပ်ခဲ့ရတဲ့ အင်္ဂလန်အမျိုးသား

အခင်းဖြစ်ပွားခဲ့တဲ့ Condor Airbus A330 လေယာဉ်ဟာ ဂျာမနီနိုင်ငံ၊ ဖရန်ဖွတ်မြို့ကနေ မက္ကဆီကိုနိုင်ငံ၊ ကန်ကွန်မြို့ကို ဦးတည်ပျံသန်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် အရေးပေါ်အဖြစ်အပျက်ကြောင့် အိုင်ယာလန် ရှန်နွန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို လမ်းကြောင်းပြောင်းလိုက်ရတာလို့ သိရပါတယ်။

 

အခုလို မတော်တဆအဖြစ်အပျက်ကြောင့် ဘယ်သူမှ ထိခိုက်ဒဏ်ရာရရှိတာမျိုး မရှိခဲ့သော်လည်း လေကြောင်းကုမ္ပဏီအဖို့ လေယာဉ်အရွယ်အစားပေါ်မူတည်ပြီး ပေါင် (၁၀၀၀၀)ကနေ ပေါင်(၈၀၀၀၀)လောက်အထိ နစ်နာဆုံးရှုံးရလေ့ရှိကြောင်း Civil Aviation Authority ရဲ့အဆိုအရ သိရပါတယ်။

READ
ဗြိတိန်တော်ဝင်မင်္ဂလာပွဲကို မတက်ရောက်တော့ဘူးဆိုတဲ့ မီဂန်ရဲ့ဖခင်

ခရီးရှည်မောင်းနှင်ရတဲ့ လေယာဉ်မှူးတွေအတွက်တော့ ကော်ဖီဆိုတာက မရှိမဖြစ်လိုအပ်ပါတယ်။ သို့သော်လည်း လျှပ်စစ်စနစ်နဲ့ အဓိကလည်ပတ်တဲ့ စက်တွေမှာတော့ ရေသန့်နဲ့ အရည်တွေလိုအရာဝတ္ထုတွေဟာ ကြောက်စရာအကောင်းဆုံး အနှောက်အယှက်ပစ္စည်းတွေ ဖြစ်ပါတယ်။ ဒီတော့ မဖြစ်မနေ အသုံးပြုရတဲ့အခါမှာ မပေါ့မဆနဲ့ ဂရုစိုက်ကိုင်တွယ်ဖို့ လိုအပ်ပါတယ်။

လင်းသူရိန်

SHARE