လေယာဉ်မောင်းနေရင်း အိပ်ပျော်သွားလို့ ဆင်းမယ့်နေရာနဲ့ လွဲချော်ခဲ့တဲ့ လေယာဉ်မှုး

လေယာဉ်မှုးတစ်ဦးဟာ ယာဉ်မောင်းခန်းထဲမှာ အိပ်ပျော်သွားတဲ့အတွက် လေယာဉ်ဆင်းမယ့်နေရာကို ကျော်ပြီး ကီလိုမီတာ (၅၀) လောက် ရှေ့ဆက်မောင်းသွားခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာ(၈) ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ၄င်းဖြစ်ရပ်မှာ လေယာဉ်မှုးရဲ့ တာဝန်ချို့ယွင်းမှုနဲ့ ပတ်သက်လို့ တာဝန်ရှိသူတွေက စစ်ဆေးနေကြပါတယ်။ လေယာဉ်ဟာ သြစတေးလျနိုင်ငံ တက်စ်မားနီးယားပြည်နယ် ဒီဗွန်ပေါ့တ်လေဆိပ်ကနေ ကင်းအိုင်လန်ဆီ ပျံသန်းလာတာ ဖြစ်ပါတယ်။

လေယာဉ်ကို ခြေရာကောက်ခဲ့တဲ့ မှတ်တမ်းတွေအရတော့ လေယာဉ်ဟာ ဆင်းသက်မယ့်နေရာကို ကျော်လွန်ပြီး မောင်းသွားခဲ့ပေမယ့် အန္တရာယ်ကင်းစွာနဲ့ ကင်းအိုင်လန်ဆီ ဆင်းသက်နိုင်ခဲ့ပါတယ်။ ၄င်းလေယာဉ်ဟာ Piper PA-31 Navajo VH-TWU လေယာဉ်ဖြစ်ပြီး ထိုနေ့က ကင်းအိုင်လန်ဆီ ပျံသန်းတဲ့ လေယာဉ်(၇)စင်းထဲက တစ်စင်းသာ ဖြစ်ပါတယ်။

PA

လေယာဉ်ဟာ (၁၉၇၅) ခုနှစ်လုပ် အင်ဂျင်နှစ်လုံးပါ လေယာဉ်ဖြစ်ပြီး လူ(၉) ယောက်တင်ဆောင်လာပါတယ်။ သြစတေးလျ သယ်ယူပို့ဆောင်ရေးဌာနဖြစ်တဲ့ Australian Transport Safety Bureau (ATSB) ကတော့ အရေးကြီးတဲ့ လေယာဉ်ဆင်းမယ့်နေရာ ကျော်လွန်သွားတဲ့ အဓိကအကြောင်းရင်းဟာ လေယာဉ်မှုးအိပ်ပျော်သွားလို့ ဖြစ်တယ်ဆိုပြီး သုံးသပ်ထားပါတယ်။ လေယာဉ်ပေါ်မှာပါတဲ့ ခရီးသည်တွေကတော့ အလွန်အထိတ်တလန့် ဖြစ်ခဲ့ရတယ်လို့ ၀န်ခံထားခဲ့ပါတယ်။

READ
ထိုင်းနှစ်ဦးအကြိုပါတီမှာ ပရိသတ်အပေါ်ကျရောက်ခဲ့တဲ့ မီးရှူးမီးပန်းများကြောင့်လူတစ်ဦးသေဆုံး

၎င်းဖြစ်ရပ်ကို တာဝန်ရှိသူတွေက ပြင်းထန်တဲ့ လုပ်ငန်းပိုင်းဆိုင်ရာ မတော်တဆမှုလို့ သတ်မှတ်ထားပြီး နောက်ဆုံးစစ်ချက်ထွက်လာတဲ့အထိ ဒေတာတွေစုဆောင်းတာကို လုပ်ဆောင်နေကြပါတယ်။ လေယာဉ်နဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားအလုံးစုံကို (၂၀၁၉) ခုနှစ်ထဲမှာ ထုတ်ပြန်မှာဖြစ်ကြောင်း သိရပါတယ်။

လင်းလင်း (ShweMom)

Ref: Dailymail, ladbible

SHARE