လေယာဉ်မှူးဝတ်စုံနဲ့ လမ်းဘေးမှာ ထမင်းဟင်းရောင်းနေတဲ့ ကပ္ပတိန်ရဲ့ဝမ်းနည်းဖွယ်အဖြစ်

Facebook by Mohamad Zawawi Ahmad

ကိုဗစ်ရဲ့ရိုက်ခတ်မှုတွေကတော့ အံ့မခမ်းပါပဲ။ အထူးသဖြင့် စီးပွားရေးလုပ်ငန်းတွေမှာပေါ့။ ကိုဗစ်ကြောင့် ပိတ်သိမ်း၊ ရပ်နားလိုက်ရတဲ့ လုပ်ငန်းတွေရှိနေတဲ့အတွက် လုပ်ငန်းရှင်တွေကစလို့ ဟိုးအောက်ချေသိမ်းဝန်ထမ်းတွေအထိ လုပ်ငန်းအရှုံးပေါ်တဲ့လူကပေါ်၊ အလုပ်ပြုတ်တဲ့လူကပြုတ်နဲ့ တော်တော်လေးကို ကယက်ရိုက်ကုန်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့အပတ်တုန်းက Facebook အသုံးပြုသူတစ်ဦးဖြစ်တဲ့ Mohamad Zawawi Ahmad ဆိုတဲ့ account ကနေပြီး post လေးတစ်ခုတင်လာခဲ့ပါတယ်။ အဲဒီ post လေးကို ဖတ်ပြီး မဆီမဆိုင် ကိုယ်တောင်မှပဲ စိတ်မကောင်းဖြစ်မိသွားတယ်။ အဲဒါကတော့ လေယာဉ်ကပ္ပတိန်တစ်ဦးဟာ လမ်းဘေးမှာ ဈေးရောင်းနေတာပါတဲ့။

 

Kapten Corner was visited by one of Captain Azrin’s cousin by the name of Ain who works in KL. Ain had mee curry and her verdict was.. ‘sedap’.

Posted by Mohamad Zawawi Ahmad on Monday, November 9, 2020

အဲဒီ လေယာဉ်ကပ္ပတိန်ကတော့ တခြားမဟုတ်ဘဲ post ပိုင်ရှင်ရဲ့သားဖြစ်သူပဲဖြစ်ပါတယ်။ Azrin ဟာ လေကြောင်းလိုင်းတစ်ခုမှာ ပိုင်းလော့အဖြစ်တာဝန်ယူနေခဲ့တာပါ။ ဒါပေမဲ့လည်း ကိုဗစ်ကြောင့် ခရီးစဉ်တွေလုံးဝမရှိတော့ဘဲနဲ့ လေကြောင်းလိုင်းတစ်ခုလုံး ရပ်နားခဲ့ရပြီးတော့ Azrin လည်း အလုပ်မှ အကန့်မရှိရပ်နားခဲ့ရပါတယ်။ ရပ်နားတယ်ဆိုပေမယ့်လို့ ရက်အကန့်အသတ်မရှိတာကြောင့် ဘယ်ချိန် ပိုင်းလော့အဖြစ် Azrin ကို ပြန်မြင်ရမယ်ဆိုတာ မသေချာမရေရာလျက်ရှိနေပါတယ်။

READ
နောက်ပြောင်တဲ့ စကားတစ်ခွန်းကြောင့် ထောင်ဒဏ်(၆)လ ချမှတ်ခံရတဲ့ အီဂျစ်အဆိုတော်

 

Yesterday my son Captain Azrin Mohamad Zawawi manned his Kapten Corner stall at Boom Town USJ11 in full pilot uniform….

Posted by Mohamad Zawawi Ahmad on Monday, November 2, 2020

စားဝတ်နေရေးလည်း တစ်ဖက်မှာရှိနေသေးတဲ့အတွက်ကြောင့် Azrin ဟာ ဒီအတိုင်းတော့ ထိုင်နေနေလို့မရတော့ပါဘူး။ ဒါကြောင့် လမ်းဘေးမှာပဲ ဆိုင်လေးတစ်ဆိုင်ဖွင့်ပြီး အစားအသောက်ရောင်းဖို့အတွက် ကြံစည်ခဲ့ပါတယ်။ ဒီလိုနဲ့ Boom Town ရဲ့ Kapten Corner မှာ ယာယီလမ်းဘေးဆိုင်လေးဖွင့်ခဲ့ပြီးတော့ ခေါက်ဆွဲတွေ၊ ထမင်းကြော်တွေနဲ့ ဟင်းတချို့ကို အကောင်းဆုံးချက်ပြုတ်ကာ ရောင်းချလျက်ရှိနေပါတယ်။

 

Thank you my friend for supporting my son Azrin Mohamad Zawawi and DIL Latun Noralyani at their Kapten Corner stall @Boom Town Cafe USJ11.

Posted by Mohamad Zawawi Ahmad on Sunday, November 1, 2020

 

Posted by St Chris on Thursday, November 5, 2020

ဒါပေမဲ့ Azrin ဟာ သူများဆိုင်တွေလိုမျိုး သာမန်ရိုးကျမဟုတ်ဘဲနဲ့ သူတန်ဖိုးထားရတဲ့ လေယာဉ်ပိုင်းလော့ဝတ်စုံကို အပြည့်အစုံဝတ်ပြီးတော့ ဈေးရောင်းချလျက်ရှိနေခဲ့တာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာလူတွေရဲ့ စိတ်ဝင်စားမှုကို ခံနေရတာဖြစ်ပြီးတော့ Story Pick ရဲ့ဖော်ပြချက်အရ စားသုံးသူတော်တော်များများစာ Azrin ဆိုင်က လက်ရာလည်းကောင်းပြီး အိမ်ချက်ပုံစံမျိုးဖြစ်နေတာကြောင့် နောက်လည်းသွားစားဖြစ်နေဦးမှာပဲဆိုပြီး မှတ်ချက်ကောင်းတွေ ပေးနေကြပါတယ်။

READ
စိတ်မနှံ့သူလို့ထင်ရတဲ့ဆယ်ကျော်သက်တစ်ယောက်က စာသင်ကျောင်းကိုအနုကြမ်းစီးမှုဖြစ်ပွား

 

My son Azrin Mohamad Zawawi and his spouse Latun Noralyani had a good sale yesterday. They were sold out by 7.00 PM. To…

Posted by Mohamad Zawawi Ahmad on Tuesday, October 27, 2020

 

penny

SHARE