လေယာဉ်ပျံအဟောင်းကြီးတွေပြန်သုံးပြီး စားသောက်ဆိုင်တွေ ဖွင့်လှစ်လာကြ….

အစားအသောက်လိုင်းကို သွားတဲ့ သူတွေဟာ၊ ဘာကို ဘယ်လို စားရမလဲ၊ ဘယ်လိုပုံစံလုပ်စားရမလဲ၊ ဘယ်လို ပုံစံနဲ့ စားရမလဲ အမြဲ ဆန်းသစ်နေတဲ့ သဘောမှာရှိပါတယ်။ အခုဆို ကမ္ဘာပေါ်မှာ လူသာဟော့ပေါ့တို့၊ မိုးပျံစားသောက်ဆိုင်၊ ရေအောက်စားသောက်ဆိုင်တို့ စတဲ့ နာမည်တွေနဲ့ ကျော်ကြားနေတဲ့ ဆိုင်တွေလည်း မရေမတွက်နိုင်အောင်ရှိသလို လေယာဉ်ဆိုင်သောက်ဆိုပြီး နာမည်ကြီးတဲ့ ဆိုင်တွေလည်းရှိပါတယ်။ လေယာဉ်အို၊ အဟောင်းတွေကို တစ်ဖန်ပြန် ပြင်ဆင်ပြီး စားသောက်ဆိုင်ဖွင့်လှစ်ကာ စားသုံးသူရဲ့ စိတ်ကို ခံစားမှုတစ်မျိုးပေးစွမ်းပါတယ်။

အဲ့ဒီလို လေယာဉ်ပျံပေါ်ဖွင့်ထားတဲ့ ဆိုင်တွေထဲက နာမည်ကြီး ဆိုင်တစ်ချို့ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

McDonald’s, New Zealand
ALAMY

နယူးဇီလန်နိုင်ငံ တာပိုမြို့မှာ DC-3 လေယာဉ်အဟောင်းကြီးကိုတွေ့ရမှာဖြစ်ပြီး အခုတော့ McDonald’s က ဆိုင်အဖြစ် ဖွင့်လှစ်ထားပါတယ်။

ALAMY

လူအယောက် ၂၀ လောက် အသာလေ၀င်ဆံ့တယ်လို့ သိရတယ်။ McDonald ဒီနေရာကို ၁၉၉၀ ခုနှစ်တုန်းက လာရောက်ဝယ်ယူခဲ့ပြီး လေယာဉ်ပျံဆိုင်ဖြစ်လာတယ်လို့ ပိုင်ရှင် Eileen Byrne ဆိုသူက ပြောပြပါတယ်။

Steak on a Plane, UK
ALAMY

ဘောလ်တန်မြို့မှာ အသားကင်တို့ ဘာဂါတို့ကို  ရုရှားဘိုရင်း ၇၃၇ လေယာဉ်ပေါ် ထိုင်စားသောက်ခွင့်ရမယ့် Steak on a Plane ဆိုတဲ့ ဆိုင်တစ်ဆိုင်ရှိပါတယ်။

READ
မကြာခင်မင်္ဂလာဆောင်ကြတော့မယ့် သတို့သမီးလေးတွေ Pre-Wedding ရိုက်တဲ့အခါ လှနေစေဖို့
ALAMY

ညဘက်တွေ ဖွင့်တဲ့ဒီဆိုင်မှာ အသားကင်၊ ဘာဂါ၊ စနက်ခ် စတာတွေရရှိပါတယ်။ ကလေးတွေဆိုလည်း လေယာဉ် ပိုင်လော့ခန်းမှာ ၀င်ရောက်ပျော်ပါးခွင့်ရတဲ့အတွက် နှစ်သက်ကြတယ်။ ပိုင်းလော့ ဦးထုပ်ကိုလည်း ဓာတ်ပုံရိုက်ဖို့ထားပေးထားတယ်။

ALAMY
El Avion, Costa Rica 
ALAMY

El Avion ဆို လေယာဉ်ကို ခေါ်ဝေါ်တဲ့ အသုံးအနှုန်းပါပဲ။ C-123 Fairchild ကုန်တင် လေယာဉ်ပေါ်မှာ နှစ်ထပ်ဘားနဲ့ ပါဝင်ပြီး ပင်လယ်အစား အထူးရောင်းတဲ့ ဆိုင်တစ်ဆိုင်ဖြစ်ကြောင်းသိရတယ်။ ဒီ ဆိုင်မှာ နာမည်ကြီး ဒေသထွက် ပင်လယ်စာ ဟင်းတွေက ပိုနာမည်ကြီးပါတယ်။ ဒီ လေယာဉ်ကြီးက ၁၉၈၆ ခုနှစ်ကို လက်နဲ့ ကြိုးသိုင်းဖိနပ်တွေ လဲလှယ်ရာမှာ ပစ်ချခံခဲ့ရတဲ့ဆိုပြီး နောက်ကြောင်းတွေလည်းရှိပါတယ်။ ၂၀၀၀ ခုနှစ် မတိုင်အထိ တစ်စစီဖြစ်နေခဲ့ပါသတဲ့။

ALAMY
Runway 1, India 
runway1
runway1

Runway 1 ဆိုတဲ့ ဆိုင်ကို Kuldeep Kakkar နဲ့ Kshitij Kakkar ဆိုတဲ့ သားအဖက ၂၀၁၇ ခုနှစ်တုန်းက ဖန်တီးခဲ့ပါတယ်။ စားသုံးတဲ့ သူတွေအနေနဲ့ လေယာဉ်အတောင်ပံပေါ်ထိ တက်စားလို့ရပါတယ်။ ဆိုင်က ပီဇာတို့ ပါစတာတို့နဲ့အပြင် အိန္ဒိယ ဟင်းလျားတွေနဲ့ တွဲစပ်စားသောက်နိုင်အောင် စုံလင်တယ်လို့လည်း သိရတယ်။

READ
မိမိကိုယ့်ကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့သူတွေဆိုတာ...
runway1

ဒီ A320 အဲဘတ်စ်ကြီးကို အရင် Air India လေကြောင်းလိုင်းက အသုံးပြုခဲ့ပါတယ်။ ဆိုင်ပိုင်ရှင်ရဲ့ ဇနီးဖြစ်သူက လေယာဉ်မယ်တစ်ဦးဖြစ်ခဲ့ဖူးကြောင်း သိရပြီး အဲ့ဒီလိုနဲ့ ဆက်စပ်ကာ ဒီ စိတ်ကူးကိုရလာတယ်လို့ ၄င်းပိုင်ရှင်က ပြောပြပါတယ်။ ဒေလီမြို့ကနေ ရောက်လာပြီးတဲ့နောက် ဆင်ဖို့ တော်တော်အချိန်ယူခဲ့ရကြောင်းလည်းပြောပါတယ်။

Plane in the City, Malaysia 
planeinthecity.com

Plane in the City ဆိုတဲ့ မလေးရှားနိုင်ငံက ဆိုင်သောက်ဆိုင်ဟာ တစ်နာရီခွဲစာ ပက်ကေ့ခ်ျနဲ့ လေယာဉ်ပေါ်က အတွေ့အကြုံတွေကို ခံစားရစေပါတယ်။ နှစ်ယောက်စာအတွက် ရိုးရိုးတန်း၊ ပထမတန်းဆိုတဲ့ ပုံစံနဲ့ ခွဲခြားထားတဲ့ စားပွဲတွေမှာ ဘွတ်ကင်လုပ်နိုင်တယ်။ ဧည့်ခံမယ့် အစာအသောက်တွေကလည်း ကြယ် ငါးပွင့် အရည်အသွေးဖြစ်တယ်။

planeinthecity.com

ပက်ကေ့ခ်ျနဲ့ ၀ယ်ယူအားပေးတဲ့သူတွေကတော့ လေယာဉ် ပိုင်းလော့ခန်းကို ၀င်လေ့လာလို့ရမယ်၊ လေယာဉ်အတောင်ပံပေါ် လမ်းလျှောက်လို့ရမယ်။ ပရီးမီးယမ်း ပက်ကေ့ခ်ျက မလေးရင်းဂစ် ၉၉၉ ကျပ် (ယူရို ၁၈၆) ကျသင့်လို့သိရပါတယ်။

Ref: The Sun

Matthew (ShweMOM)

 

SHARE