လွန်ခဲ့တဲ့(၁၀)နှစ်ကဝယ်ခဲ့တဲ့ နွယ်ပင်လေးကြောင့် နေချင့်စဖွယ်ရုံးခန်းလေးအဖြစ် အသွင်ပြောင်းခဲ့

တိုက်ကပ်နွယ်ပင်လေးတွေဟာ အိမ်ခြံစည်းရိုးနဲ့ နံရံတွေမှာ တစ်ခါတလေ ရှင်းမနိုင်လောက်အောင် ရှုပ်လို့ စိတ်ညစ်နေရသူတွေ ရှိချင်ရှိမှာပါ။ ဒါပေမယ့် ဒီတိုက်ကပ်နွယ်ပင်လေးတွေက တစ်ခါတလေမှာ သာယာတဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးလေ့ရှိပါတယ်။

တိုက်ကပ်နွယ်ပင်တွေကို Ivy လို့ ခေါ်ပါတယ်။ သူတို့တစ်တွေဟာ အမြဲစိမ်းနွယ်ပင်တွေဖြစ်တာကြောင့် နွေရာသီကဲ့သို့ ခြောက်ခြောက်ခြမ်းခြမ်း ရာသီမျိုးမှာ အတော်လေးကို မျက်စိပသာဒဖြစ်စေမှာပါ။ အခုလည်း လွန်ခဲ့တဲ့ ဆယ်နှစ်က ဝယ်ယူခဲ့တဲ့ တိုက်ကပ်နွယ်ပင်လေးကအခုဆို ပေ(၃၀၀)အထိ ရှည်ထွက်လာပြီး၊ ရုံးခန်းရဲ့မျက်နှာကျက်၊ တိုင်တွေနဲ့၊ နံရံတွေပေါ်မှာ ပျံ့နှံ့လိုနေပါပြီ။ ဒီရုံးခန်းငယ်လေးဟာ အလွန်ကို နေချင်စဖွယ်ဖြစ်နေပါတယ်။ ဒီအပင်လေးကို (၂၀၀၉)ခုနှစ်က ဘော့စ် Des Brennan ကိုယ်တိုင် ဝယ်ယူခဲ့တာပါ။ Des နဲ့ အဖွဲ့သားတွေ နှစ်ရက်မှ တစ်ကြိမ်သာ ရေလောင်းတယ်လို့ ဆိုပါတယ်။

SWNS
SWNS
SWNS

Des ဟာ အသက် (၅၄)နှစ်ဖြစ်ပြီး၊ ကုန်ပစ္စည်းထုတ်ပိုးတဲ့ လုပ်ငန်းကို လုပ်ဆောင်ပါတယ်။ သူဟာ မျက်စိအေးစေလို့ ဝယ်ယူလာခဲ့တာလို့ဆိုပါတယ်။ တစ်ဖြည်းဖြည်း ကြီးလာတော့လည်း မဖြတ်တောက်ရက်ပဲ ဒီအတိုင်း ဆက်ပြီး မွေးထားခဲ့ရာ၊ အခု မြင်တဲ့အတိုင်းပါဘဲ။

Ivy အပင်တွေဟာ တစ်ရက်ကို (၆)လက်မ ရှည်ထွက်လေ့ရှိပါတယ်။ ဒီရုံးခန်းလေးနာမည်ကတော့ Protective Solutions ဖြစ်ပြီး Stonehouse, Gloucs မှာတည်ရှိပါတယ်။ ပေအားဖြင့် 50 ပေ 25 ပေသာရှိတာမို့ သစ်ပင်လေးဟာ ရုံးခန်းလေးနဲ့မဆန့်လောက်အောင် ကြီးလာနေပါပြီ။

SWNS
SWNS

ကဲ စိမ်းစိမ်းလန်းလန်း ရုံးခန်းလေးနဲ့ အလုပ်လုပ်ချင်ရင်တော့ သိပ်လည်း ဘာဟီရမများလှတဲ့ တိုက်ကပ်နွယ်ပင်လေးတွေသာ ဝယ်ပြီးစိုက်ကြပေတော့။ တစ်ခုတော့ရှိတာပေါ့ … ကိုယ်ပိုင်တိုက်ခန်းမျိုး မဟုတ်ရင်တော့ ပိုင်ရှင်နဲ့၊ ဘေးအခန်းက အိမ်တွေနဲ့ စကားများရနိုင်ပါတယ်။

လင်းသုတ (Shwemom)

READ
ကျွဲအပြေးပြိုင်ပွဲမှာ ကျွဲများ ၀ရုန်းသုန်းကား သောင်းကျန်မှုကြောင့် ပွဲကြည့်တစ်ချို့ ဒဏ်ရာရ

Source : thesun.co.uk

SHARE