မူကြိုတုန်းက မင်္ဂလာဆောင်တမ်းကစားခဲ့တဲ့ သတို့သမီးနဲ့ (၁၆)နှစ်အကြာမှာ ပြန်တွေ့ခဲ့တဲ့ဖြစ်ရပ်

Twitter-Jxck_C

ကျွန်တော်တို့ ငယ်ငယ်တုန်းကလည်း တစ်စုံတစ်ယောက်ကို ကြီးလာရင်သူနဲ့ပဲ မင်္ဂလာဆောင်မှာဆိုပြီး ပြောဖူးခဲ့ကြမှာပဲ။

လက်ရှိ အသက် ၂၀ အရွယ်ရှိနေပြီဖစ်ြတဲ့ Jack Callow ဟာ သူ့ရဲ့ ငယ်ငယ်တုန်းက မင်္ဂလာဆောင်တမ်း ကစားခဲ့ဖူးတဲ့ ပုံရိပ်လေးတွေကို Twitter မှာ မျှဝေခဲ့ပါတယ်။ “ကျွန်တော့် သတို့သမီးလေး ဘယ်မှာလဲ” တဲ့။

Twitter-Jxck_C

Buckinghamshire မှာ နေထိုင်တဲ့ Jack Callow ဟာ ငယ်စဉ်အရွယ် မူကြိုတက်တုန်းက ကလေးသဘာဝပါတီပေးရင်း မင်္ဂလာဆောင်ပုံစံမျိုးနဲ့ ကျင်းပတဲ့ပွဲမှာ သတို့သားနေရာကနေ ပါဝင်ခဲ့ရပါတယ်။ သတို့သားဆိုမှတော့ သတို့သမီးလည်းရှိတာပေါ့လေ။ အဲဒီအချိန်တုန်းက သူတို့အသက် ၄ နှစ်လောက်ပဲရှိဦးမယ်။ ကျောင်းကလုပ်ပေးတဲ့ပွဲမလို့ ဘုန်းတော်ကြီးလည်းပါတယ်၊ မိဘတွေလည်းပါတယ်၊ နောက် သူတို့ရဲ့ အတန်းဖော်တွေကတော့ ပွဲလာပရိတ်သတ်တွေပေါ့။

မူကြိုတုန်းက လက်ထပ်ခဲ့ပြီးတော့ အခု ကျွန်တော့်ဇနီးလေးနဲ့မတွေ့ရတာ ၁၆ နှစ်တောင်ရှိပြီဗျာဆိုပြီး ဓာတ်ပုံလေးတွေကိုပါ အမှတ်တရအနေနဲ့ ဇွန် ၆ ရက်နေ့တုန်းက Twitter ပေါ် တင်လာခဲ့ပါတယ်။

READ
လက်နှက်နဲ့လုယက်ဖို့ကြိုးစားသူကို ကောင်းကောင်းပညာပေးလိုက်တဲ့လက်ဝှေ့မယ်

 

၎ နှစ်အရွယ်ဆိုတော့ သိပ်တော့မမှတ်မိတော့ပေမယ့် မင်္ဂလာဆောင်ဖြစ်လာပုံကတော့ Jack တစ်ယောက် ကောင်မလေးကိုကျောင်းရဲ့သစ်ပင်နောက်မှာ ကလေးသဘာဝဘုမသိဘမသိနဲ့ လက်ထပ်ခွင့်တောင်းခဲ့တာကို ကျောင်းကမြင်လို့ ကျောင်းပွဲမှာ သူတို့နှစ်ယောက်ကိုပါ လက်ထပ်ပွဲအတုလေး ကျင်းပေးခဲ့တာပါတဲ့လေ။

အခုလည်းဓာတ်ပုံတွေကို အဖိုးဖြစ်သူဆီ သွားလည်ရင်းနဲ့မှ အမှတ်မထင်ပြန်တွေ့မိလို့ သူ့သတို့သမီးလုပ်ခဲ့တဲ့ကောင်မလေးရော ဘယ်ရောက်နေလဲဆိုတာကို သိချင်စိတ်နဲ့ Twitter ပေါ်မှာ လိုက်ရှာမိခဲ့တာပါတဲ့။

Twitter-Jxck_C
Twitter-Jxck_C

အဲနေ့ချက်ချင်းပဲ ကောင်မလေးတစ်ယောက်က သူပါဆိုပြီး Twitter မှာ မင်္ဂလာဆောင်ပုံလေးတင်ကာ သူပဲဆိုပြီးပြောလာခဲ့ပါတယ်။

READ
Jack Daniel က တီထွင်ထုတ်လုပ်လိုက်တဲ့ "မနက်ခင်း ဝီစကီကော်ဖီ"
Twitter-renajutla

ဒါကတော့ ကောင်မလေးရဲ့လက်ရှိပုံပါ။ Jack နဲ့လိုက်တယ်နော်။ သူတို့ဇာတ်လမ်းလေးကတော့ ဘယ်လိုဆက်ဖြစ်ဦးမှာလဲတော့ မသိသေးဘူးပေါ့နော်။

Twitter-renajutla

Penny

SHARE