နီပေါနိုင်ငံမှာလည်း PUBG ကစားတာကို တရားဝင်တားမြစ် ပိတ်ပင်လိုက်လေပြီ….

ပြီးခဲ့တဲ့ ကြာသပတေးနေ့က နီပေါနိုင်ငံမှာ နာမည်ကျော် အွန်လိုင်းဂိမ်း PUBG ကို ၄င်းမှာ ပါဝင်တဲ့ အကြမ်းဖက်မှုနဲ့ ဆက်နွှယ်နေတဲ့ အရာတွေက ကလေးသူငယ်တွေအပေါ် မကောင်းတဲ့ သက်ရောက်မှုတွေရှိစေတယ်ဆိုပြီး ပိတ်ပင်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

PUBG corporation

PUBG ဟာ ကလေးတွေနဲ့ လူငယ်တွေကို စွဲစေတတ်တာကြောင့် တားမြစ်ပိတ်ပင်ဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်” လို့ နီပေါ ဆက်သွယ်ရေးနဲ့ ကြေးနန်း အာဏာပိုင်အဖွဲ့ရဲ့ လက်ထောက်ဒါရိုက်တာ Sandip Adhikari က Reuters သတင်းဌာနကို ပြောပြထားပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကမှ တရားဝင် ထုတ်ပြန်လိုက်တာဖြစ်ကြောင်းလည်း သူကပြောပါတယ်။ Himalayan အမျိုးသား ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အာဏာပိုင်အဖွဲ့က အင်တာနက်ဝန်ဆောင်မှု ပေးနေသူတွေ၊ မိုဘိုင်းအော်ပရေတာတွေနဲ့ ကွန်ယက် ၀န်ဆောင်မှု ပံပိုးနေမှုတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ပိတ်ပင်ခိုင်းခဲ့ပါတယ်။

READ
သားအိမ်ခေါင်းခွဲစိတ်မှုခံယူနေစဉ် လေလည်မိလို့ မီးကူးစက်လောင်ကျွမ်းခံရတဲ့ အမျိုးသမီး
PA

တောင်ကိုရီးယားနိုင်ငံရှိ Bluehole Inc က ထုတ်လုပ်တဲ့ PUBG ဟာ တစ်ယောက်တည်း ဖြစ်သလိုနည်းနဲ့ ရှင်ကျန်ရစ်အောင် ကြိုးစားရတဲ့ ဂိမ်းမျိုးအစားဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း လူတော်တော်များများ ဆော့ကစားနေကြတဲ့အတွက် ဒီ ဂိမ်အကြောင် အထူးအထွေ ပြောဖို့တော့ မလိုတော့ဘူး ထင်ပါတယ်။

၂၀၁၇ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့ပြီး ကမ္ဘာပေါ်မှာ လူစိတ်ဝင်အများဆုံး ဂိမ်းတစ်ခုအဖြစ်ရပ်တည်နေပါတယ်။ လကရှိ နီပေါမှာ PUBG နဲ့ ဆက်နွှယ်ပြီး ပေါ်ပေါက်လာတဲ့ ဖြစ်ရပ်တွေတော့ အခုထိမရှိသေးကြောင်း Adhikari က ပြောပြပါတယ်။ အဓိကတော့ ကလေးတွေ ပုံမှန် လုပ်ဆောင်မှုတွေ၊ ပညာရေးတွေမှာ အာရုံတွေ ပျက်ပြားမှာ မိဘတွေကို ပူပန် စိုးရိမ်နေကြတာကြောင့်လို့ သိရပါတယ်။

READ
သေဆုံးသူဝတ်စုံအတွက်ငွေမပေးလို့ အသုဘစီစဉ်သူတွေကအလောင်းဆီကအင်္ကျီကိုပြန်ချွတ်

Ref: Asia One

Matthew (ShweMOM)
SHARE