Football Manager ဂိမ်းဆော့ပေးရုံနဲ့ တစ်နာရီကို (၁၁)ပေါင်နီးပါး ရရှိမယ့် အခွင့်အရေး

ယခုနှစ်နွေရာသီမှာ အသစ်ထွက်ရှိမယ့် Football Manager 2020 ဟာ မကြာမီမှာ ပရိသတ်တွေရှေ့မှောက် ရောက်လာဖို့ရှိနေပါတယ်။ ဗားရှင်းအသစ်မှာမို့ ဒီဂိမ်းကို စွဲစွဲဆော့ခဲ့ကြသူတွေအတွက် စိတ်လှုပ်ရှားစရာပါ။ ဒါပေမယ့် တာဝန်ရှိသူတွေကတော့ ဂိမ်းကို Official မလုပ်သေးခင်မှာ ဂိမ်းကို စမ်းသပ်ကစားမယ့်လူတွေ ခေါ်ယူနေပါတယ်။

တစ်နာရီလုပ်ခလစာ ပေါင်(၁၀.၅၅)ပေါင် ပေးမှာပါ။ ဂိမ်းဆော့ရာမှာ သိပ်အကျွမ်းကြီး မဟုတ်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူးတဲ့။ ဒါပေမယ့် Review တော့ ပေးရမယ်ဆိုတဲ့ သဘောပါ။ အချိန်သတ်မှတ်ချက်ရယ်လို့လည်း ထားရှိမှာမဟုတ်ဘဲ အဆင်ပြေတဲ့အချိန်မှာ ကစားလို့ ရပါတယ်။

SportsInteractive

Football Manager ရဲ့ပိုင်ရှင်တွေဖြစ်တဲ့ Sports Interactive ကုမ္ပဏီက ဂိမ်းစမ်းသပ်ကစားပေးမယ့်သူတွေကို ရှာဖွေနေပြီး၊ သူတို့ကမ်းလှမ်းချက်ကို သင်ကိုယ်တိုင်က မငြင်းဘူးဆိုပါက သင်လည်း တစ်နာရီကို မြန်မာငွေ နှစ်သောင်းဝန်းကျင် အိတ်ထဲ ထည့်နိုင်မှာပါ။ ဂိမ်းဝါသနာအိုးတွေအတွက်တော့ မယုံနိုင်စရာ ဝင်ငွေတစ်ရပ်ပေါ့။

ရွေးချယ်ခံရမယ့် ဂိမ်မာအနေနဲ့တော့ Football Manager QA tester ဆိုတဲ့ရာထူးကိုပင် ရရှိမှာဖြစ်ပြီး၊ လာမယ့်လေးလအတွက် Review တွေကို ပြင်ဆင်ပေးရမှာ ဖြစ်ပါတယ်။ ထုတ်လုပ်သူတွေကို Feedback ကောင်းကောင်းပေးရမှာဖြစ်သလို၊ Bug fixes တွေနဲ့ Developer တွေကို ကူညီရမှာ ဖြစ်တယ်လို့ သိရပါတယ်။

SportsInteractive

ရွေးချယ်ခံရသူကို လေးလတစ်ဖြတ် Contract လုပ်ထားမှာလို့ သိရပြီး၊ တစ်ပတ်ကို (၃၇.၅)နာရီလောက်အထိ ကစားရဖို့ ရှိပါတယ်။ တစ်ပတ်ကို ပေါင်(၄၀၀)နီးပါး ဝင်ငွေရမှာဖြစ်ပါတယ်။ လျှောက်လွှာပိတ်ရက်ကတော့ ဇွန်(၂)ရက်ဖြစ်လို့ သိသူတွေကတော့ အခုဆိုရင် ဖော်စားနေလောက်ပါပြီ။ Sports Interactive ကုမ္ပဏီကတော့ လျှောက်လွှာတင်ထားတဲ့ သူတွေကို စစ်ဆေးဦးမှာဖြစ်ပြီး စိတ်တိုင်းမကျရင် စမ်းသပ်ကစားမယ့်လူတွေကို ထပ်မံ ခေါ်ယူဦးမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

လင်းသူရိန် (Shwemom)

SHARE