ဗီဒီယိုဂိမ်း ကစားတာဟာ မှတ်ဥာဏ်ပိုကောင်းစေကြောင်း လေ့လာတွေ့ရှိ

Pixabay-ExplorerBob

ဗီဒီယိုဂိမ်းဆော့တာကိုတော့ လူကြီးတော်တော်များများက မကြိုက်ကြပါဘူး။ လူငယ်တစ်ယောက် ဂိမ်းဆော့နေရင် အရည်မရ အဖတ်မရ ဒီဂိမ်းတွေကိုပဲ ဆော့နေတာ မကောင်းကြောင်း၊ ကြာလာရင်ဦးနှောက်ပျက်နိုင်ကြောင်း၊ ဦးနှောက်ကောင်းအောင် စာများများဖတ်သင့်ကြောင်း အစရှိသဖြင့် ကိုယ်အပြေမခံရရင်တောင် ကိုယ့်ပတ်ဝန်းကျင်မှာ အပြောခံရတာမျိုးတွေ ကြားဖူးကြမှာပါ။ တစ်ကယ်တမ်းတော့ ဂိမ်းဆော့တယ်ဆိုတာ လူတစ်ယောက်ရဲ့ ဖြတ်ထိုးဥာဏ်နဲ့ မှတ်ဥာဏ်ကို ပိုကောင်းစေနိုင်တယ်ဆိုတာကို လေ့လာတွေ့ရှိခဲ့ရကြောင်း Geekculture သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။

Pixabay-Olichel

ကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ WHO ကနေပြီးတော့ ၂၀၁၉ ခုနှစ်ထဲမှာ ဗီဒီယိုဂိမ်းတွေဟာ လူသားတွေအကျိုးအတွက် ရေရှည်မှာ နံပါတ် ၁ ရန်သူဖြစ်လာနိုင်ကြောင်း တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကိုတော့ gamer သမားအများစုက မကျေနပ်ခဲ့ပါဘူး။

ဒါပေမယ့် National Literacy Trust အဖွဲအစည်းကနေပြီးတော့ COVID 19 ကာလမှာ ဗီဒီယိုဂိမ်းဆော့တဲ့ လူအများစုကို စစ်တမ်းတစ်ခု ကောက်ခဲ့ပါတယ်။ အဲဒီစစ်တမ်းအရ ဆိုရင်တော့ ဗီဒီယိုဂိမ်းဆော့ခြင်းက လူတစ်ယောက်ရဲ့ တွေးခေါ်နိုင်စွမ်းကို ပိုမြှင့်တင်ပေးနိုင်တဲ့အပြင် ဖြတ်ထိုးဥာဏ်ကိုလည်း အင်မတန်ကောင်းစေနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

READ
တော်ဝင်ကြင်ယာတော်ဝတ်စုံတွေအတိုင်း တူအောင်ဖန်တီးပြီးဝတ်ပြနေတဲ့ပရိတ်သတ်
Pixabay-11333328

“ဗီဒီယို ဂိမ်းဆော့တဲ့ လူတွေဟာတစ်ကယ့် လက်တွေ့မှာ ဖြတ်ထိုးဥာဏ်အရမ်းကောင်းပြီး ဖန်တီးနိုင်စါမ်း တော်တော်မြင့်မားပါတယ်။ လူတော်တော်များများက ဗီဒီယိုဂိမ်းတစ်ခု ဆော့တော့မယ်ဆို ကိုယ်ဆော့မယ့်ဂိမ်းအကြောင်းနဲ့ ပတ်သတ်တဲ့ blog တွေ၊ စာအုပ်တွေ၊ အညွှန်းတွေ၊ review တွေကို ဖတ်လေ့ရှိကြပါတယ်။ ဒီလိုဖတ်ရင်းနဲ့ပဲ သူတို့ရဲ့ စာဖတ်စွမ်းရည် တက်ခာတတ်ကြပါတယ်။

ပြီးတော့ ဂိမ်းဆိုတာ ဘယ်အရာမှ မလွယ်ကူအောင် ဖန်တီးထားတာပါ။ ဒါ့ကြောင့် ရေရှည်မြှ သူတို့ ရဲ့ ဖြတ်ထိုးဥာဏ်ဟာ သာမန်လူတွေထက် အရမ်းကောင်းတာကို တွေ့ရပါတယ်။ ဒါပေမယ့် အလွန်အကျွံဆော့ရင်တော့ ဦးနှောက်ပျက်ဆီးစေတတ်ပါတယ်။ ဘာကြေင့်လဲဆိုတော့ စဉ်းစားရတာတွေ အရမ်းများသွားလို့ ဦးနှောက်ကောင်းကောင်း အလုပ်မလုပ်နိုင်တော့တာပါ”လို့ National Literacy Trust မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

READ
ခြံရှိတဲ့သူတွေအတွက် အပန်းဖြေဖို့အရမ်းကောင်းတဲ့အိုင်ဒီယာ
Pixabay-Pexels

Pyi Hein Kyaw

SHARE