အွန်လိုင်းပေါ်မှာနာမည်ကြီးနေတဲ့ လက်တစ်ဖက်ပြတ် PUBG ကစားသမား

Youtube

PUBG ကစားတဲ့သူတိုင်း သိကြမှာပါ။ ဒီဂိမ်းကို ကစားဖို့ဆိုရင် အနည်းဆုံးတော့ လက်နှစ်ဖက် ရှိဖို့ လိုတယ်ဆိုတာကိုပေါ့။ ဖုန်းကို ဘယ်ညာ လက်နှစ်ဖက်နဲ့ကိုင်မယ်။ ပြီးရင် လိုအပ်တဲ့ ခလုတ်တွေကို လက်ချောင်းလေးတွေနဲ့ နှိပ်မယ်။ အဲဒီလို ပစ်ပါမှပဲ ရန်သူတွေကို ချေမှုန်းနိုင်မှာပါ။ ဒါတောင်မှ တချို့ စပြီး ကစားခါစလူတွေအတွက် လက်နှစ်ဖက်တောင် လုံလောက်ပါ့မလားလို့ ပြောရလောက်အောင်ပါပဲ။သူတို့က မကြာခဏဆိုသလို သေနေတတ်ကြလို့ပါ။

ဒါပေမယ့် အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ PUBG ကစားသူ တစ်ယောက်ကတော့ လက်တစ်ဖက်တည်းနဲ့ ကစားပြနေတာပါ။ သူက တမင်စတန့်ထွင်ပြီး ကစားပြသူမဟုတ်ပါဘူး။ သူက တရုတ်နိုင်ငံက လူငယ်တစ်ဦးပဲ ဖြစ်ပြီး အားလုံးရဲ့ စိတ်ဝင်စားမှုကို ခံနေရသူပါ။ သူက ငယ်စဉ်ကတည်းက မတော်တဆမှုတစ်ခုကြောင့် လက်တစ်ဖက်ကို ဆုံးရှုံးခဲ့ရသူဖြစ်ပြီး သူ့ဆီမှာ ညာဖက်လက် တစ်ဖက်ပဲ ကျန်နေပါတော့တယ်။

Playing With Only One Hand With HandCam – PUBG MOBILE

Please Respect HimPlaying With Only One Hand With HandCam – PUBG MOBILE

Posted by eSports Gamers on Saturday, December 21, 2019

ဒါပေမယ့်လည်း သူဟာ အဲဒီ လက်တစ်ဖက်တည်းနဲ့ PUBG လောကထဲကို ခုန်ဝင်လာခဲ့ပါတယ်။ သူက လက်မနဲ့ လက်ညှိုးနှစ်ချောင်းတည်းကို သုံးပြီး PUBG ကို ကျွမ်းကျွမ်းကျင်ကျင် ကစားပြနေခဲ့လို့ အချိန်တိုလေးအတွင်းမှာ နာမည်ကြီးလာခဲ့တယ်။

READ
လုံးဝယုံနိုင်စရာမရှိတဲ့ ဂိုးသွင်းယူမှုများကိုကြည့်ရှူနိုင်မဲ့ ဗီဒီယိုမှတ်တမ်း

နှစ်ယောက်တစ်ယောက် တွေ့ပြီး ပစ်ရတဲ့အချိန်တွေမှာတောင်မှ သူက လက်တစ်ဖက်တည်းနဲ့ အနိုင်ယူပြခဲ့တာပါ။ သူက Live Stream လွှင့်ပြီး ဂိမ်းကစားသူ တစ်ယောက်မဟုတ်ပေမယ့် သူ ဂိမ်းကစားပြတဲ့ ဗီဒီယိုဖိုင်တွေကိုတော့ Youtube မှာရော၊ Facebook မှာပါ တွေ့နိုင်ပါတယ်။

PUBG ကစားသမားတွေကြားမှာတော့ သူ့ကို လေးစားဖို့ကောင်းတဲ့ ဂိမ်းကစားသူတစ်ယောက်အဖြစ် သတ်မှတ်ထားကြပါတယ်။ အကြောင်းကတော့ သူ့မှာ လက်တစ်ဖက်တည်းရှိတာကိုတောင် အရှုံးမပေးပဲ တခြားသူတွေထက်ပိုကောင်းအောင် ကစားပြနေနိုင်တာကြောင့်ပါပဲ။

Linn

SHARE